CNCMC ရုံးသစ်ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုနေ့ ဂုဏ်ပြု ညစာ စားပွဲအား ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ည(၇)နာရီအချိန်က တာချီလိတ်မြို့ရှိ Happy စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဓါတ်ပုံ - ဇောင်းညီ
အဆိုပါ ညစာ စားပွဲတွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့် ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC)၏နာယက တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက အဖွင့်အမှာစကား ပြောကြားပြီး ကော်မတီ၏ လုပ်ငန်းအကောင်အထည်ဖော်ရေး ဆပ်ကော်မတီ ဥက္ကဌ ဦးအောင်ဖြိုးရှိန်က အဖွဲ့ အဖွဲ့စည်းပုံအကျဉ်းအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က အကြံပြုစကား ပြောကြားပြီး ကျေးဇူးတင်စကားအား ကော်မတီဝင် ဦးစိုင်းနွံတွီက ပြောကြားသည်။
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ၏ အခက်အခဲများနှင့် ပြဿနာများအား ကူညီဖြေရှင်း ပေးနေသည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့် ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC)၏ ရုံးခန်းအား နှစ်(၇၀)ပြည့် ပြည်ထောင်စုနေ့ဖြစ်သည့် ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ကစ၍ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ် ( မြန်မာဘက် )တွင် တည်ဆောက်ဖွင့်လှစ်ထားရှိဖြစ်သည်။
"ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ" Caring and Negotiating Committee for Myanmar Citizens In Mae Sai, Thailand (CNCMC)အား၂၀၁၃ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့က စတင်၍ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ - ဇောင်းညီ