ေတာင္ႀကီးၿမိဳ႕တြင္ ဗိုလ္ခ်ဳပ္ေမြးေန႔အထိမ္းအမွတ္ ကေလးမ်ားအတြက္ ၿပိဳင္ပြဲက်င္းပမည္

ေတာင္ႀကီးၿမိဳ႕တြင္ ဗိုလ္ခ်ဳပ္ေမြးေန႔အထိမ္းအမွတ္ ကေလးမ်ားအတြက္ ၿပိဳင္ပြဲက်င္းပမည္
ဖေဖော်ဝါရီ 9, 2018
By 🌸
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပန္းၿခံတြင္ ေဖာ္ေဖာ္၀ါရီလ (၁၃) ရက္ေန႔၌ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ (၁၀၃)ႏွစ္ေျမာက္ေမြးေန႔ ဂုဏ္ျပဳ အခမ္းအနားအျဖစ္ ပဲျပဳတ္နံျပားေကၽြးျခင္းႏွင့္ ကေလးမ်ားအတြက္ ၿပိဳင္ပြဲမ်ားျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ဗိုလ္ခ်ဳပ္ေမြးေန႔ က်င္းပနိုင္ေရးအတြက္ ျပည္နယ္အစိုးရအဖြဲ႕ရဲ႕ ခြင့္ျပဳခ်က္ကို မေန႔က ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ ခြင့္ျပဳခ်က္ လက္မွတ္ေရးထိုးေပးပါၿပီ။ က်င္းပမဲ့ရက္မွာကေတာ့ မနက္ (၉) နာရီမွာ အစည္းအေဝးစမယ္။ ပဲျပဳတ္နံျပား ေကၽြးမယ္။ ၿပီးရင္ ေအာင္ဆန္းဇာနည္ ကဗ်ာရြတ္ၿပိဳင္ပြဲက်င္းပမယ္။ ဗိုလ္ခ်ဳပ္မိန္႕ခြန္းေျပာ ၿပိဳင္ပြဲရယ္ ပေဟဠိၿပိဳင္ပြဲလုပ္မယ္။ ညပိုင္းမွာဆိုရင္ေတာ့ မီးပံုးပ်ံအေသး (၁၀၃) လံုး လႊတ္တင္မယ္။ ညမီးႀကီး မီးပံုးပ်ံတစ္လံုး လႊတ္တင္မယ္။ ၿပိဳင္ပြဲအစီအစဥ္ေတြကိုေတာ့ ျပန္ဆက္ခရိုင္ရံုးက ဦးစီးၿပီး အမွတ္ေပးသြားမွာ ျဖစ္ပါတယ္” ဟု ေတာင္ႀကီးၿမိဳ႕ တရားဥပေဒစိုးမိုးေရးကြန္ယက္အဖြဲ႕မွ ဦးေဆာင္သူ ဦး၀င္းနိုင္စိုးက ေျပာသည္။

အဆိုပါအထိမ္းအမွတ္ေန႔ၿပိဳင္ပြဲမ်ားတြင္ မူလတန္း၊ အလယ္တန္း၊ အထက္တန္းေက်ာင္းသား၊ ေက်ာင္းသူမ်ား ပါဝင္ယွဥ္ၿပိဳင္ႏုိင္ေၾကာင္း သိရသည္။

အဆိုပါအခမ္းအနားအား ေဖေဖၚဝါရီလ (၁၃)ရက္ေန႔ နံနက္ (၉)နာရီတြင္ စတင္မည္ျဖစ္ၿပီး ဂုဏ္ျပဳအခမ္းအနား၊ ပဲျပဳတ္နံျပားေကၽြးျခင္း၊ ေအာင္ဆန္းဇာနည္ကဗ်ာရြတ္ၿပိဳင္ပြဲ၊ ဗုိလ္ခ်ဳပ္မိန္႔ခြန္းေျပာၿပိဳင္ပြဲ၊ ဗိုလ္ခ်ဳပ္သမိုင္းမ်ား ဥာဏ္စမ္းၿပိဳင္ပြဲ၊ ဗုိလ္ခ်ဳပ္ပံုေဆးေရာင္ျခယ္ၿပိဳင္ပြဲ၊ ေတးဂီတေဖ်ာ္ေျဖျခင္းမ်ား ပါဝင္မည္ျဖစ္ၿပီး ညပိုင္းအစီအစဥ္တြင္ မီးပံုးပ်ံအေသး(၁၀၃)လံုးလႊတ္တင္ျခင္းႏွင့္ ညမီးႀကီးမီးပံုးပ်ံတစ္လံုးလႊတ္တင္ျခင္းတုိ႔ ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း #ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~
တောင်ကြီးမြို့တွင် ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် ကလေးများအတွက် ပြိုင်ပွဲကျင်းပမည်
**************
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံတွင် ဖော်ဖော်ဝါရီလ (၁၃) ရက်နေ့၌ ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၃)နှစ်မြောက်မွေးနေ့ ဂုဏ်ပြု အခမ်းအနားအဖြစ် ပဲပြုတ်နံပြားကျွေးခြင်းနှင့် ကလေးများအတွက် ပြိုင်ပွဲများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဗိုလ်ချုပ်မွေးနေ့ ကျင်းပနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ကို မနေ့က ဝန်ကြီးချုပ်ကိုယ်တိုင် ခွင့်ပြုချက် လက်မှတ်ရေးထိုးပေးပါပြီ။ ကျင်းပမဲ့ရက်မှာကတော့ မနက် (၉) နာရီမှာ အစည်းအဝေးစမယ်။ ပဲပြုတ်နံပြား ကျွေးမယ်။ ပြီးရင် အောင်ဆန်းဇာနည် ကဗျာရွတ်ပြိုင်ပွဲကျင်းပမယ်။ ဗိုလ်ချုပ်မိန့်ခွန်းပြော ပြိုင်ပွဲရယ် ပဟေဠိပြိုင်ပွဲလုပ်မယ်။ ညပိုင်းမှာဆိုရင်တော့ မီးပုံးပျံအသေး (၁၀၃) လုံး လွှတ်တင်မယ်။ ညမီးကြီး မီးပုံးပျံတစ်လုံး လွှတ်တင်မယ်။ ပြိုင်ပွဲအစီအစဉ်တွေကိုတော့ ပြန်ဆက်ခရိုင်ရုံးက ဦးစီးပြီး အမှတ်ပေးသွားမှာ ဖြစ်ပါတယ်” ဟု တောင်ကြီးမြို့ တရားဥပဒေစိုးမိုးရေးကွန်ယက်အဖွဲ့မှ ဦးဆောင်သူ ဦးဝင်းနိုင်စိုးက ပြောသည်။

အဆိုပါအထိမ်းအမှတ်နေ့ပြိုင်ပွဲများတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားအား ဖေဖေါ်ဝါရီလ (၁၃)ရက်နေ့ နံနက် (၉)နာရီတွင် စတင်မည်ဖြစ်ပြီး ဂုဏ်ပြုအခမ်းအနား၊ ပဲပြုတ်နံပြားကျွေးခြင်း၊ အောင်ဆန်းဇာနည်ကဗျာရွတ်ပြိုင်ပွဲ၊ ဗိုလ်ချုပ်မိန့်ခွန်းပြောပြိုင်ပွဲ၊ ဗိုလ်ချုပ်သမိုင်းများ ဉာဏ်စမ်းပြိုင်ပွဲ၊ ဗိုလ်ချုပ်ပုံဆေးရောင်ခြယ်ပြိုင်ပွဲ၊ တေးဂီတဖျော်ဖြေခြင်းများ ပါဝင်မည်ဖြစ်ပြီး ညပိုင်းအစီအစဉ်တွင် မီးပုံးပျံအသေး(၁၀၃)လုံးလွှတ်တင်ခြင်းနှင့် ညမီးကြီးမီးပုံးပျံတစ်လုံးလွှတ်တင်ခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း #နိုနို

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~