ျပည္ေထာင္စုေန႔ႏွင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေမြးေန႔အထိမ္းအမွတ္အျဖစ္ တာခ်ီလိတ္ ခရိုင္ျပည္သူ႔ေဆးရံုႀကီးတြင္ ႏွစ္ရက္တာ စုေပါင္းေသြးလွဴဒါန္းပြဲသို႔ ေသြးလွဴဒါန္းလိုသူမ်ား ပါ၀င္လွဴဒါန္းႏိုင္

ျပည္ေထာင္စုေန႔ႏွင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေမြးေန႔အထိမ္းအမွတ္အျဖစ္ တာခ်ီလိတ္ ခရိုင္ျပည္သူ႔ေဆးရံုႀကီးတြင္ ႏွစ္ရက္တာ စုေပါင္းေသြးလွဴဒါန္းပြဲသို႔ ေသြးလွဴဒါန္းလိုသူမ်ား ပါ၀င္လွဴဒါန္းႏိုင္
ဖေဖော်ဝါရီ 11, 2018
By 🌸
ျပည္ေထာင္စုေန႔ ႏွင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေမြးေန႔ အထိမ္းအမွတ္အျဖစ္ တာခ်ီလိတ္ခရိုင္ ျပည္သူ႔ေဆးရံုႀကီးတြင္ စုေပါင္းေသြးလွဴဒါန္းပြဲအား ေဖေဖာ္၀ါရီလ(၁၂)ရက္ေန႔ ႏွင့္ ေဖေဖာ္၀ါရီလ(၁၃)ရက္ေန႔တို႔တြင္ ျပဳလုပ္မည္ျဖစ္ရာ မည္သူမဆို လာေရာက္လွဴဒါန္းႏုိင္ေၾကာင္း သိရသည္။

၂၀၁၈ခုႏွစ္ ေဖေဖာ္၀ါရီလ(၁၂)ရက္ေန႔တြင္ က်ေရာက္မည့္ (၇၁)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ ႏွင့္ ေဖေဖာ္၀ါရီလ (၁၃)ရက္ေန႔တြင္ က်ေရာက္မည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ (၁၀၃)ႏွစ္ေျမာက္ ေမြးေန႔ အထိမ္းအမွတ္မ်ားအျဖစ္ နံနက္(၉)နာရီမွ စ၍ ညေနပိုင္း အခ်ိန္မ်ားအထိ စုေပါင္းေသြးလွဴဒါန္းပြဲအား က်င္းပ ျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္ ကုတင္(၁၀၀)ဆံ့ျပည္သူ႔ေဆးရံုႀကီးေတြ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း အပါအ၀င္ တာခ်ီလိတ္ခရိုင္ အတြင္းရွိ ေက်းရြာမ်ားမွလည္း လာေရာက္၍ ေဆး၀ါးကုသမႈမ်ားလာသည့္အတြက္ ေသြးသြင္းရန္ လိုအပ္ခ်က္မွာ ေန႔စဥ္ ေသြး(၈)လံုးမွ (၁၀)လံုးအထိ ရွိတတ္သျဖင့္ အေရးေပၚ ေသြးလိုအပ္လာမႈ မ်ားတြင္ အလြယ္တကူ ေသြးသြင္းႏိုင္ရန္ အတြက္ ေသြးလွဴဘဏ္ဌာနတြင္ သိမ္းဆည္းထားႏိုင္သည့္ အတြက္ မည္သူမဆို လာေရာက္၍ လွဴဒါန္းထားႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုႀကီးတြင္ ေသြးလွဴဒါန္းလိုသူမ်ားအေနျဖင့္ ျမန္မာဖုန္း - 0941003219 ၊ 09458033459 ႏွင့္ 095242232 တို႔အား ဆက္သြယ္၍ စံုစမ္းေမးျမန္းကာ လွဴဒါန္းႏိုင္မည္ ျဖစ္ေၾကာင္းလည္း သိရွိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

ပြည်ထောင်စုနေ့ နှင့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းပွဲအား ဖေဖော်ဝါရီလ(၁၂)ရက်နေ့ နှင့် ဖေဖော်ဝါရီလ(၁၃)ရက်နေ့တို့တွင် ပြုလုပ်မည်ဖြစ်ရာ မည်သူမဆို လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ နှင့် ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၃)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်များအဖြစ် နံနက်(၉)နာရီမှ စ၍ ညနေပိုင်း အချိန်များအထိ စုပေါင်းသွေးလှူဒါန်းပွဲအား ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွေ တာချီလိတ်မြို့နယ်အတွင်း အပါအဝင် တာချီလိတ်ခရိုင် အတွင်းရှိ ကျေးရွာများမှလည်း လာရောက်၍ ဆေးဝါးကုသမှုများလာသည့်အတွက် သွေးသွင်းရန် လိုအပ်ချက်မှာ နေ့စဉ် သွေး(၈)လုံးမှ (၁၀)လုံးအထိ ရှိတတ်သဖြင့် အရေးပေါ် သွေးလိုအပ်လာမှု များတွင် အလွယ်တကူ သွေးသွင်းနိုင်ရန် အတွက် သွေးလှူဘဏ်ဌာနတွင် သိမ်းဆည်းထားနိုင်သည့် အတွက် မည်သူမဆို လာရောက်၍ လှူဒါန်းထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် သွေးလှူဒါန်းလိုသူများအနဖြေင့် မြန်မာဖုန်း - 0941003219၊ 09458033459 နှင့် 095242232 တို့အား ဆက်သွယ်၍ စုံစမ်းမေးမြန်းကာ လှူဒါန်းနိုင်မည် ဖြစ်ကြောင်းလည်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~