လားရှိုးမြို့တွင် စာအုပ်အမျိုးအစား ၅၀၀ ကျော်ကို ထုတ်ဝေသည့် ဈေးအတိုင်း ရောင်းချနေ
လားရှိုးမြို့တွင် စာအုပ်အမျိုးအစား ၅၀၀ ကျော်ကို ထုတ်ဝေသည့် ဈေးအတိုင်း ရောင်းချနေ
ဖေဖော်ဝါရီ 19, 2018
By Tachileik News Agency
စာအုပ်များအား လားရှိုးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ရောင်းချပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
သတင်း/ဓါတ်ပုံ #နေဖြိုးမြင့်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် စိတ်ကူးချိုချိုစာအုပ်တိုက်က စာအုပ်အမျိုးအစား (၅၀၀)ကျော်ကို ထုတ်ဝေသည့်ဈေးနှုန်းအတိုင်း ဖေဖော်ဝါရီလ (၁၉)ရက်နေ့မှစ၍ ငါးရက်ကြာ ရောင်းချနေကြောင်း သိရသည်။
“စာဖတ်ပရိတ်သတ်တွေနဲ့ တိုက်ရိုက်ထိတွေ့မှုရရှိဖို့ရယ် စာပပြေန့်ပွားရေးအတွက် ရည်ရွယ်ပြီးလာ ရောင်းပေးတာပါ။ လားရှိုးမြို့ကို ပထမဦးဆုံး အကြိမ် လာရောင်းတာဖြစ်ပါတယ်” ဟု စိတ်ကူးချိုချို စာအုပ်တိုက်မှ နယ်အရောင်းကိုယ်စားလှယ် ကိုအောင်သူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
စာအုပ်များအား လားရှိုးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ရောင်းချပေးနခြေင်း ဖြစ်ကြောင်း သိရသည်။
“စာအုပ်အမျိုးအစား (၅၀၀) ကျော်လောက်ပါတယ်ဆိုတော့ လားရှိုးက စာဖတ်ပရိတ်သတ်တွေအတွက် ဈေးနှုန်း ကလည်း ထုတ်ဝေတဲ့ နှုန်းထားအတိုင်း ဝယ်လို့ရသလို တစ်နေရာတည်းမှာ လွယ်လွယ်ကူကူ ဝယ်လို့ရတယ်ဆိုတော့ အကျိုးကျေးဇူးရတယ်” ဟု လားရှိုးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်နန်းဆိုင်လီခမ်းက ပြောသည်။
အဆိုပါ စာအုပ်ရောင်းချသည့်အစီအစဉ်အား ဖေဖော်ဝါရီလ (၂၃)ရက်နေ့တွင် မူဆယ်မြို့၌ ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ #နဖြေိုးမြင့်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~