သိန္းနီၿမိဳ႕နယ္ ဟိုမြန္းရြာမွ စစ္ေဘးေရွာင္ ၁၄၀ ေက်ာ္အတြက္ အကူအညီမ်ား လိုအပ္ေန

သိန္းနီၿမိဳ႕နယ္ ဟိုမြန္းရြာမွ စစ္ေဘးေရွာင္ ၁၄၀ ေက်ာ္အတြက္ အကူအညီမ်ား လိုအပ္ေန
ဖေဖော်ဝါရီ 16, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)သိန္းနီၿမိဳ႕နယ္ႏွင့္ (၁၅) မိုင္ခန္႔အကြာရိွ ေကာင္းေကာ္ေက်းရြာ ဘုန္းႀကီးေက်ာင္းသို႔ ဟိုေဆာ္ေက်းရြာအုပ္စု ဟိုမြန္းေက်းရြာမွ ေဒသခံ (၁၄၀) ေက်ာ္ ေဖေဖၚဝါရီလ (၁၅) ရက္ေန႔က စစ္ေဘးတိမ္းေရွာင္လာသည့္အတြက္ ၎တို႔အား ေထာက္ပံ့ႏိုင္ရန္ အကူအညီမ်ား လိုအပ္ေနေၾကာင္း  ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ထံမွ သိရသည္။

“စေရာက္ေရာက္ခ်င္းမွာေတာ့ ေကာင္းေကာ္ရြာေဒသခံေတြကပဲ စားေသာက္စရာေတြ စီစဥ္ေပးပါတယ္။ ကၽြန္မတို႔လည္း ဆန္နဲ႔ဟင္းခ်က္စရာေတြ (၁၅) ရက္ေန႔က သြားလွဴထားပါတယ္။ ေလာေလာဆယ္ကေတာ့ စားနပ္ရိကၡာက ႏွစ္ရက္စာေလာက္ရွိတယ္။ လိုအပ္ေနတာကေတာ့ ေစာင္နဲ႔အဝတ္အထည္ေတြလိုပါတယ္” ဟု သိန္းနီၿမိဳ႕နယ္ အမွတ္(၁)မဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ထားရီက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

စစ္ေဘးတိမ္းေရွာင္လာၾကသည့္ အိမ္ေထာင္စု (၂၆) စုမွ စုစုေပါင္းလူဦးေရ (၁၄၆)ဦးမွာ လက္ရိွတြင္ အနီးဝန္းက်င္ ေက်းရြာမ်ား၏ အကူအညီျဖင့္ စားနပ္ရိကၡာအခက္အခဲအား ေျဖရွင္းေနရာ စားနပ္ရိကၡာႏွင့္ အဝတ္အထည္၊ ေစာင္မ်ား ပံ့ပိုးလွဴဒါန္းလိုပါက ဖုန္းနံပါတ္ ၀၉ ၂၅၆၀၅၅၈၈၉ သို႔ ဆက္သြယ္ လွဴဒါန္းႏိုင္ေၾကာင္း သိရသည္။

သိန္းနီၿမိဳ႕နယ္၊ ဟိုေဆာ္ေက်းရြာအုပ္စု၊ ဟိုမြန္းေက်းရြာအနီးတြင္ တပ္မေတာ္ႏွင့္ လက္နက္ကိုင္ တပ္ဖြဲ႔တစ္ဖြဲ႔တို႔ တိုက္ပြဲမ်ား ျဖစ္ပြားေနသည့္ အတြက္ စစ္ေဘးတိမ္းေရွာင္လာျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)သိန်းနီမြို့နယ်နှင့် (၁၅) မိုင်ခန့်အကွာရှိ ကောင်းကော်ကျေးရွာ ဘုန်းကြီးကျောင်းသို့ ဟိုဆော်ကျေးရွာအုပ်စု ဟိုမွန်းကျေးရွာမှ ဒေသခံ (၁၄၀) ကျော် ဖေဖော်ဝါရီလ (၁၅) ရက်နေ့က စစ်ဘေးတိမ်းရှောင်လာသည့်အတွက်၎င်းတို့အား ထောက်ပံ့နိုင်ရန် အကူအညီများ လိုအပ်နေကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

“စရောက်ရောက်ချင်းမှာတော့ ကောင်းကော်ရွာဒေသခံတွေကပဲ စားသောက်စရာတွေ စီစဉ်ပေးပါတယ်။ ကျွန်မတို့လည်း ဆန်နဲ့ဟင်းချက်စရာတွေ (၁၅) ရက်နေ့က သွားလှူထားပါတယ်။ လောလောဆယ်ကတော့ စားနပ်ရိက္ခါက နှစ်ရက်စာလောက်ရှိတယ်။ လိုအပ်နေတာကတော့ စောင်နဲ့အဝတ်အထည်တွေလိုပါတယ်” ဟု သိန်းနီမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ထားရီက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စစ်ဘေးတိမ်းရှောင်လာကြသည့် အိမ်ထောင်စု (၂၆) စုမှ စုစုပေါင်းလူဦးရေ (၁၄၆)ဦးမှာ လက်ရှိတွင် အနီးဝန်းကျင် ကျေးရွာများ၏ အကူအညီဖြင့် စားနပ်ရိက္ခါအခက်အခဲအား ဖြေရှင်းနေရာ စားနပ်ရိက္ခါနှင့် အဝတ်အထည်၊ စောင်များ ပံ့ပိုးလှူဒါန်းလိုပါက ဖုန်းနံပါတ် ဝ၉ ၂၅၆၀၅၅၈၈၉ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

သိန်းနီမြို့နယ်၊ ဟိုဆော်ကျေးရွာအုပ်စု၊ ဟိုမွန်းကျေးရွာအနီးတွင် တပ်မတော်နှင့် လက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားနေသည့် အတွက် စစ်ဘေးတိမ်းရှောင်လာခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~