ျပည္သူလူထု၏ ထင္ျမင္ယူဆခ်က္မ်ားကို မ်က္ကြယ္မျပဳလုိ၍ ဝန္ႀကီးခ်ဳပ္တင္သြင္းသည့္ အမည္စာရင္းသူမ်ားအား ကန္႔ကြက္ျခင္းျဖစ္သည္ဟုဆို

ျပည္သူလူထု၏ ထင္ျမင္ယူဆခ်က္မ်ားကို မ်က္ကြယ္မျပဳလုိ၍ ဝန္ႀကီးခ်ဳပ္တင္သြင္းသည့္ အမည္စာရင္းသူမ်ားအား ကန္႔ကြက္ျခင္းျဖစ္သည္ဟုဆို
ဖေဖော်ဝါရီ 16, 2018
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္က အမည္စာရင္းတင္သြင္းထားသည့္ ဝန္ႀကီးႏွစ္ဦးအား လႊတ္ေတာ္ကိုယ္စားလွယ္ (၁၇)ဦးက ကန္႔ကြက္ရျခင္းမွာ ပါတီကိုမဲေပးခဲ႔သည့္ ျပည္သူလူထု၏ ထင္ျမင္ယူဆခ်က္မ်ားအေပၚ မ်က္ကြယ္မျပဳလုိ၍ ကန္႔ကြက္ျခင္းျဖစ္သည္ဟု ဆိုသည္။

"ဒီေန႔ ဝန္ႀကီးအမည္စာရင္းတင္သြင္းမႈႏွင့္ ပတ္သက္ၿပီးေတာ့ ကန္႔ကြက္ေၾကာင္းကို (၁၇) ဦးက တင္သြင္းထားတာမွာ ကၽြန္ေတာ္ကိုယ္တိုင္လည္း ပါ ပါတယ္။ ဖဲြ႔စည္းပံုအေျခခံဥပေဒ ၂၆၂(ဂ)အရ ကၽြန္ေတာ္တို႔ရဲ႕ ကန္႔ကြက္မႈဟာ သက္ေသအထင္အရွား မျပႏိုင္လို႔ရိွရင္ ကန္႔ကြက္လို႔မရဘူးဆိုတဲ႔ အေျခအေနမ်ိဳး ရိွပါတယ္။ ဒါ ဝန္ႀကီးခ်ဳပ္ရဲ႕ လုပ္ပိုင္ခြင္႔ပါ။ သို႔ေသာ္ ကၽြန္ေတာ္တို႔ ပါတီဟာ ေရြးေကာက္ပဲြကာလမွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕စကားတစ္ခြန္းနဲ႔ ျပည္သူလူထုဟာ ပါတီကို မဲေပးခဲ႔တာပါ။ ဒီအေျခအေနမွာ ကၽြန္ေတာ္တို႔ဟာ ျပည္သူလူထုရဲ႕ ထင္ျမင္ခ်က္ေတြ ယူဆခ်က္ေတြကို မ်က္ကြယ္ မျပဳႏိုင္တဲ႔အတြက္ ကန္႔ ကြက္ၾကတာလို႔ပဲ ေျပာခ်င္ပါတယ္"ဟု စလင္းမဲဆႏၵနယ္အမွတ္(၂)မွ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသက္ခိုင္က ေျပာသည္။

အဆိုပါ လႊတ္ေတာ္ကိုယ္စားလွယ္က ျပည္သူလူထု၏ထင္ျမင္ခ်က္၊ ယူဆခ်က္ႏွင့္ပတ္သက္၍ အေသးစိတ္ ရွင္းလင္းျခင္း မရိွေသာ္လည္း ျပည္သူလူထု၏ ထင္ျမင္ခ်က္၊ ယူဆခ်က္ကို မ်က္ကြယ္မျပဳလုိ၍ ကန္႔ကြက္ျခင္းျဖစ္သည္ဟု ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ဒုတိယအႀကိမ္ မေကြးတိုင္းေဒသ ႀကီးလႊတ္ေတာ္ အေရးေပၚအစည္းအေဝး ၁/၂၀၁၈ ဒုတိယေန႔ အစည္းအေဝးကို ေဖေဖာ္ဝါရီ (၁၆)ရက္ေန႔တြင္ က်င္းပရာ မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ ဝန္ႀကီးခ်ဳပ္က အဆိုျပဳတင္သြင္းထားသည့္ မေကြးတိုင္းေဒသႀကီး အစိုးရအဖဲြ႔မွ လစ္လပ္ေနေသာ ဝန္ႀကီးႏွစ္ဦးအတြက္ အမည္စာရင္းမ်ားႏွင္႔စပ္လ်ဥ္း၍ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္(၁၇)ဦးက ဖဲြ႔စည္းပံု အေျခခံဥပေဒပုဒ္မ ၂၆၂၊ တိုင္းေဒသႀကီး(သို႔)ျပည္နယ္ လႊတ္ေတာ္ဆိုင္ရာဥပေဒပုဒ္မ ၅၂၊ ၂၀၁၃ခုႏွစ္ မေကြးတိုင္းေဒသႀကီး လႊတ္ေတာ္ဆိုင္ရာ နည္းဥပေဒ ၅၄တို႔အရ ကန္႔ကြက္ေၾကာင္း အဆိုျပဳခ်က္ကို တင္သြင္းခဲ့ၾကျခင္း ျဖစ္သည္။

အဆိုပါ ကိစၥႏွင့္ စပ္လ်ဥ္း၍ ဖဲြ႔စည္းပံုအေျခခံဥပေဒႏွင့္ ညီ၊ မညီ အခ်ိန္ယူစိစစ္ေဆာင္ရြက္သြားရန္ လိုအပ္၍ ေဖေဖာ္ဝါရီ (၂၆)ရက္ေန႔တြင္ လႊတ္ေတာ္အစည္းအေဝးကို ေခၚယူေဆာင္ရြက္သြားမည္ဟု တိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠဌက အတည္ျပဳခဲ့သည္။

"ဝန္ႀကီးခ်ဳပ္တင္တဲ႔ ႏွစ္ဦးစလံုးကို ကန္႔ကြက္ေၾကာင္း ကန္႔ကြက္လႊာ (၁၇)ေစာင္ရရိွပါတယ္။ ဝန္ႀကီးခ်ဳပ္ တင္တဲ႔ ပုဂၢိဳလ္မ်ားလည္း မနစ္နာေအာင္၊ တစ္ဖက္ကလည္း ဥပေဒနဲ႔ ညီညြတ္ေအာင္ အခ်ိန္ယူ စိစစ္ရမွာျဖစ္လို႔ ဖဲြ႔စည္းပံုမွာပါတဲ႔ ကန္႔ကြက္တာနဲ႔ပတ္သက္ၿပီး ကိုက္၊မကိုက္ အခ်ိန္ယူစိစစ္ရပါမယ္။ စိစစ္ၿပီး (၂၆) ရက္ေန႔မွာ ကိုက္ညီမႈရိွရင္ လက္ခံမယ္။ လက္ခံၿပီး အဲဒီကိစၥကို ေဆြးေႏြးရန္ သင့္၊မသင္႔ လႊတ္ေတာ္မွာ မဲခဲြဆံုးျဖတ္ၿပီး အတည္ျပဳခ်က္ ရယူမယ္။ ေဆြးေႏြးရန္သင့္တယ္လို႔ဆိုရင္ လႊတ္ေတာ္မွာ အတည္ျပဳဖို႔ မဲခဲြဆံုးျဖတ္မယ္။ ေဆြးေႏြးရန္ မသင္႔ဘူးဆိုရင္ လႊတ္ေတာ္မွာ မေဆြးေႏြးဘူး။ ေဆြးေႏြးခ်က္ အေပၚ သေဘာတူ၊ မတူ လႊတ္ေတာ္ရဲ႕ အတည္ျပဳခ်က္ရယူၿပီး အေၾကာင္းျပန္ၾကားခ်က္ကို တိုင္းအစိုးရအဖဲြ႔ဆီပို႔ ပါမယ္"ဟု တိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠဌ ဦးတာက ေျပာၾကားသည္။

မေကြးတိုင္းေဒသႀကီး အစိုးရအဖဲြ႔တြင္ လစ္လပ္သြားသည့္ ဝန္ႀကီးေနရာ (၂)ေနရာအတြက္ လႊတ္ ေတာ္ကိုယ္စားလွယ္ မဟုတ္သူ အသက္(၆၉)ႏွစ္အရြယ္ ဆည္ေျမာင္းဦးစီးဌာန ညႊန္ၾကားေရးမွဴး (ၿငိမ္း) ဦးေအးေငြႏွင္႔ တဲြဘက္ပညာေရးမွဴး(ၿငိမ္း) အသက္(၆၇)ႏွစ္အရြယ္ ဦးေအာင္ေက်ာ္မိုးတို႔ကို တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္က အဆိုျပဳတင္သြင္းခဲ႔ျခင္းျဖစ္သည္။

မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ အေရးေပၚအစည္းအေဝး ၁/၂၀၁၈ ဒုတိယေန႔အစည္းအေဝးတြင္ မေကြးတိုင္းေဒသႀကီး လႊတ္ေတာ္သို႔ တက္ေရာက္ခြင္႔ရိွသည္႔ လႊတ္ ေတာ္ကိုယ္စားလွယ္ (၆၇) ဦးရိွသည္႔အနက္ (၆၃)ဦးတက္ေရာက္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု #ဖီးနစ္



~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အမည်စာရင်းတင်သွင်းထားသည့် ဝန်ကြီးနှစ်ဦးအား လွှတ်တော်ကိုယ်စားလှယ် (၁၇)ဦးက ကန့်ကွက်ရခြင်းမှာ ပါတီကိုမဲပေးခဲ့သည့် ပြည်သူလူထု၏ ထင်မြင်ယူဆချက်များအပေါ် မျက်ကွယ်မပြုလို၍ ကန့်ကွက်ခြင်းဖြစ်သည်ဟု ဆိုသည်။

"ဒီနေ့ ဝန်ကြီးအမည်စာရင်းတင်သွင်းမှုနှင့် ပတ်သက်ပြီးတော့ ကန့်ကွက်ကြောင်းကို (၁၇) ဦးက တင်သွင်းထားတာမှာ ကျွန်တော်ကိုယ်တိုင်လည်း ပါ ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၆၂(ဂ)အရ ကျွန်တော်တို့ရဲ့ ကန့်ကွက်မှုဟာ သက်သေအထင်အရှား မပြနိုင်လို့ရှိရင် ကန့်ကွက်လို့မရဘူးဆိုတဲ့ အခြေအနေမျိုး ရှိပါတယ်။ ဒါ ဝန်ကြီးချုပ်ရဲ့ လုပ်ပိုင်ခွင့်ပါ။ သို့သော် ကျွန်တော်တို့ ပါတီဟာ ရွေးကောက်ပွဲကာလမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့စကားတစ်ခွန်းနဲ့ ပြည်သူလူထုဟာ ပါတီကို မဲပေးခဲ့တာပါ။ ဒီအခြေအနေမှာ ကျွန်တော်တို့ဟာ ပြည်သူလူထုရဲ့ ထင်မြင်ချက်တွေ ယူဆချက်တွေကို မျက်ကွယ် မပြုနိုင်တဲ့အတွက် ကန့် ကွက်ကြတာလို့ပဲ ပြောချင်ပါတယ်"ဟု စလင်းမဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင်က ပြောသည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်က ပြည်သူလူထု၏ထင်မြင်ချက်၊ ယူဆချက်နှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းခြင်း မရှိသော်လည်း ပြည်သူလူထု၏ ထင်မြင်ချက်၊ ယူဆချက်ကို မျက်ကွယ်မပြုလို၍ ကန့်ကွက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယအကြိမ် မကွေးတိုင်းဒေသ ကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ၁/၂၀၁၈ ဒုတိယနေ့ အစည်းအဝေးကို ဖေဖော်ဝါရီ (၁၆)ရက်နေ့တွင် ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဆိုပြုတင်သွင်းထားသည့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လစ်လပ်နေသော ဝန်ကြီးနှစ်ဦးအတွက် အမည်စာရင်းများနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၇)ဦးက ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၂၊ တိုင်းဒေသကြီး(သို့)ပြည်နယ် လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၅၂၊ ၂၀၁၃ခုနှစ် မကွေးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၄တို့အရ ကန့်ကွက်ကြောင်း အဆိုပြုချက်ကို တင်သွင်းခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ၊ မညီ အချိန်ယူစိစစ်ဆောင်ရွက်သွားရန် လိုအပ်၍ ဖေဖော်ဝါရီ (၂၆)ရက်နေ့တွင် လွှတ်တော်အစည်းအဝေးကို ခေါ်ယူဆောင်ရွက်သွားမည်ဟု တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌက အတည်ပြုခဲ့သည်။

"ဝန်ကြီးချုပ်တင်တဲ့ နှစ်ဦးစလုံးကို ကန့်ကွက်ကြောင်း ကန့်ကွက်လွှာ (၁၇)စောင်ရရှိပါတယ်။ ဝန်ကြီးချုပ် တင်တဲ့ ပုဂ္ဂိုလ်များလည်း မနစ်နာအောင်၊ တစ်ဖက်ကလည်း ဥပဒေနဲ့ ညီညွတ်အောင် အချိန်ယူ စိစစ်ရမှာဖြစ်လို့ ဖွဲ့စည်းပုံမှာပါတဲ့ ကန့်ကွက်တာနဲ့ပတ်သက်ပြီး ကိုက်၊မကိုက် အချိန်ယူစိစစ်ရပါမယ်။ စိစစ်ပြီး (၂၆) ရက်နေ့မှာ ကိုက်ညီမှုရှိရင် လက်ခံမယ်။ လက်ခံပြီး အဲဒီကိစ္စကို ဆွေးနွေးရန် သင့်၊မသင့် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုချက် ရယူမယ်။ ဆွေးနွေးရန်သင့်တယ်လို့ဆိုရင် လွှတ်တော်မှာ အတည်ပြုဖို့ မဲခွဲဆုံးဖြတ်မယ်။ ဆွေးနွေးရန် မသင့်ဘူးဆိုရင် လွှတ်တော်မှာ မဆွေးနွေးဘူး။ ဆွေးနွေးချက် အပေါ် သဘောတူ၊ မတူ လွှတ်တော်ရဲ့ အတည်ပြုချက်ရယူပြီး အကြောင်းပြန်ကြားချက်ကို တိုင်းအစိုးရအဖွဲ့ဆီပို့ ပါမယ်"ဟု တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာက ပြောကြားသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် လစ်လပ်သွားသည့် ဝန်ကြီးနေရာ (၂)နေရာအတွက် လွှတ် တော်ကိုယ်စားလှယ် မဟုတ်သူ အသက်(၆၉)နှစ်အရွယ် ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူး (ငြိမ်း) ဦးအေးငွေနှင့် တွဲဘက်ပညာရေးမှူး(ငြိမ်း) အသက်(၆၇)နှစ်အရွယ် ဦးအောင်ကျော်မိုးတို့ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဆိုပြုတင်သွင်းခဲ့ခြင်းဖြစ်သည်။

မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ၁/၂၀၁၈ ဒုတိယနေ့အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသည့် လွှတ် တော်ကိုယ်စားလှယ် (၆၇) ဦးရှိသည့်အနက် (၆၃)ဦးတက်ရောက်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~