ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားအတြက္ ဦးစီးဌာနသစ္တိုးခ်ဲ႕ဖြဲ႕စည္း

ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားအတြက္ ဦးစီးဌာနသစ္တိုးခ်ဲ႕ဖြဲ႕စည္း
ဖေဖော်ဝါရီ 3, 2018
By 🌸
လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနတြင္ လက္ရိွဦးစီးဌာနႏွစ္ခုရိွရာမွ ျပန္လည္ထူေထာင္ေရးဦးစီးဌာနအသစ္အား ထပ္မံတိုးခ်ဲ႕ဖြင့္လွစ္မည္ျဖစ္ေၾကာင္း ၂၀၁၈ ခုနွစ္ ဇန္နဝါရီလ (၃၀)ရက္ေန႔တြင္ တိုးခ်ဲ႕ဖြဲ႕စည္းလုိက္ေၾကာင္း သိရသည္။

လက္ရိွဖြဲ႕စည္းထားသည့္ လူမႈဝန္ထမ္းဦးစီးဌာနအား လက္ရိွအတုိင္းထားရိွမည္ျဖစ္ေသာ္လည္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဦးစီးဌာနကို ေဘးအႏၱရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဦးစီးဌာနအျဖစ္ အမည္အသစ္ ေျပာင္းလဲလိုက္ေၾကာင္း သိရသည္။

ျပန္လည္ထူေထာင္ေရးဦးစီးဌာနအသစ္သည္ ျပည္တြင္းၿငိမ္းခ်မ္းေရးႏွင့္ တိုင္းရင္းသားအေရးအတြက္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကို အေလးထားေဆာင္ရြက္ႏိုင္ရန္၊ မသန္စြမ္းသူမ်ား၊ မူးယစ္ေဆးျဖတ္ၿပီးသူမ်ား၊ လူကုန္ကူးခံရသူမ်ား၊ လိင္ကုန္ကူးခံရသူမ်ား၊ ရင္ခြင္မဲ႔ကေလးမ်ား၊ ကေလးစစ္သားမ်ား၊ သက္ငယ္မုဒိမ္း က်ဴးလြန္ခံရသူမ်ား၊ အမွဳရင္ဆိုင္ေနရေသာ ကေလးမ်ား၊ လမ္းေပၚေရာက္ ကေလးမ်ား၊ ကိုယ္ဝန္ေဆာင္မိခင္မ်ား၊ သက္ႀကီးရြယ္အိုမ်ားႏွင့္ ျပည့္တန္ဆာဆိုင္ရာ ျပည္လည္ထူေထာင္ေရး လုပ္ငန္းမ်ား၊ သဘာဝေဘးႏွင့္ လူေၾကာင့္ျဖစ္ေသာေဘး၊ ေဘးဒဏ္ခံျပည္သူမ်ားျပန္လည္ထူေထာင္မႈေပးျခင္း ျဖင့္ လူ႔ဂုဏ္သိကၡာႏွင့္ ျပည့္စံုေသာ လူမႈအသိုက္အဝန္းျဖစ္ေပၚေရးဆိုေသာ ဝန္ႀကီးဌာန၏ မူဝါဒအတိုင္း လုပ္ငန္းေဆာင္ရြက္ရန္ျဖစ္ေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဦးစီးဌာနသစ်တိုးချဲ့ဖွဲ့စည်း
**********
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် လက်ရှိဦးစီးဌာနနှစ်ခုရှိရာမှ ပြန်လည်ထူထောင်ရေးဦးစီးဌာနအသစ်အား ထပ်မံတိုးချဲ့ဖွင့်လှစ်မည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၃၀)ရက်နေ့တွင် တိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

လက်ရှိဖွဲ့စည်းထားသည့် လူမှုဝန်ထမ်းဦးစီးဌာနအား လက်ရှိအတိုင်းထားရှိမည်ဖြစ်သော်လည်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအဖြစ် အမည်အသစ် ပြောင်းလဲလိုက်ကြောင်း သိရသည်။

ပြန်လည်ထူထောင်ရေးဦးစီးဌာနအသစ်သည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်နိုင်ရန်၊ မသန်စွမ်းသူများ၊ မူးယစ်ဆေးဖြတ်ပြီးသူများ၊ လူကုန်ကူးခံရသူများ၊ လိင်ကုန်ကူးခံရသူများ၊ ရင်ခွင်မဲ့ကလေးများ၊ ကလေးစစ်သားများ၊ သက်ငယ်မုဒိမ်း ကျူးလွန်ခံရသူများ၊ အမှုရင်ဆိုင်နေရသော ကလေးများ၊ လမ်းပေါ်ရောက် ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများနှင့် ပြည့်တန်ဆာဆိုင်ရာ ပြည်လည်ထူထောင်ရေး လုပ်ငန်းများ၊ သဘာဝဘေးနှင့် လူကြောင့်ဖြစ်သောဘေး၊ ဘေးဒဏ်ခံပြည်သူများပြန်လည်ထူထောင်မှုပေးခြင်း ဖြင့် လူ့ဂုဏ်သိက္ခာနှင့် ပြည့်စုံသော လူမှုအသိုက်အဝန်းဖြစ်ပေါ်ရေးဆိုသော ဝန်ကြီးဌာန၏ မူဝါဒအတိုင်း လုပ်ငန်းဆောင်ရွက်ရန်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~