လားရိႈး - နမၼတူကားလမ္းေဘးရွိ ဘာသာေပါင္းစံုၾကာကန္သုႆန္တြင္ ဒုတိယအႀကိမ္ အကၽြတ္အလြတ္ပဲြ မတ္လအတြင္း က်င္းပမည္

လားရိႈး - နမၼတူကားလမ္းေဘးရွိ ဘာသာေပါင္းစံုၾကာကန္သုႆန္တြင္ ဒုတိယအႀကိမ္ အကၽြတ္အလြတ္ပဲြ မတ္လအတြင္း က်င္းပမည္
ဖေဖော်ဝါရီ 18, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈး - နမၼတူကားလမ္းေဘးမွ ဘာသာေပါင္းစံုၾကာကန္သုသာန္တြင္ မတ္လ (၂၃)ရက္ႏွင့္ (၂၄)ရက္ေန႔မ်ားတြင္ ဒုတိယအႀကိမ္ေျမာက္ အကၽြတ္အလြတ္ေကၽြးေမြးအမွ်ေဝပြဲတြင္  (၃) ညတိုင္တိုင္ တရားပြဲ ထည့္သြင္းမည္ျဖစ္ေၾကာင္း အကြ်တ္အလြတ္ပြဲစီစဥ္သည့္ပရဟိတအသင္းမ်ားထံမွ သိရသည္။

“ပထမအႀကိမ္ထက္ပိုၿပီးေတာ့ ထူးျခားသြားေအာင္ ကုသိုလ္ေတြမ်ားမ်ားရေအာင္ ဒုတိယအႀကိမ္ ျပဳလုပ္မယ့္ရက္ မတိုင္ခင္ တစ္ပတ္ေလာက္ေစာၿပီးေတာ့ လားရႈိးၿမိဳ႕ေတာ္ခန္းမမွာ တရားပြဲ ၃ ည ျပဳလုပ္ေပးသြားမွာပါ။ မကၽြတ္မလြတ္ေသးသူေတြအတြက္ ရည္စူးၿပီးေတာ့ ဆင္ေတာင္က ဘုန္းႀကီးေက်ာင္း တစ္ေက်ာင္းက ေဆာက္လုပ္ဆဲ ပရိယတၱိစာသင္တိုက္အတြက္ က်ပ္ (၁၀) သိန္း လွဴဒါန္းေပးမွာျဖစ္ပါတယ္ ” ဟု အကၽြတ္အလြတ္ေကၽြးေမြးအမွ်ေဝပြဲအတြက္ ပါဝင္ လုပ္ေဆာင္ေနသည့္ ကေမၻာဇလူမႈကူညီေရးမွ အသင္းဥကၠဌ ကိုဆန္းဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မႏၱေလးၿမိဳ႕ရွိ ပရဟိတမင္းေခါင္အဖြဲ႔ႏွင့္ ကလ်ာဏမိတၱအသင္းတို႔၏ကူညီမႈျဖင့္ ၂၀၁၇ ခုႏွစ္ ေဖေဖၚဝါရီလ (၃) ရက္ေန႔တြင္ လားရႈိးၿမိဳ႕ရွိ ဘာသာေပါင္းစံုၾကာကန္သုသာန္၌ အကြ်တ္အလြတ္ေကၽြးေမြးအမွ်ေဝပြဲကို ပထမဦးဆံုးအႀကိမ္ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

“ႏွစ္လေလာက္ႀကိဳတင္ၿပီး သုသာန္သန္႔ရွင္းေရးလုပ္တာေတြ၊ လိုအပ္တဲ့ပစၥည္းေတြစုတာေတြလုပ္တယ္။ ေလာေလာဆယ္ လားရိႈးၿမိဳ႕က လူမႈကူညီေရးအသင္း (၃၃) သင္းက ပူးေပါင္းၿပီးေတာ့ လုပ္ကိုင္ ေနၾကပါတယ္။ ဒုတိယအႀကိမ္အတြက္ အလွဴခံတာကို အသင္းတစ္သင္းစီက တစ္ရက္စီအခ်ိန္ေပးၿပီး ၾကာကန္သုသာန္မွာ အလွဴေငြေကာက္ခံတာလုပ္မယ္။ သက္ဆိုင္ရာဌာနေတြကို ခြင့္ျပဳခ်က္ ေတာင္းခံၿပီးေတာ့ ရပ္ကြက္ (၁၂) ခုထဲက လွဴခ်င္လို႔ေတာင္းဆိုေနသူေတြထံလည္း ပရဟိတ အသင္းေတြကေန လွည့္လည္ အလွဴခံဖို႔စီစဥ္ေနပါတယ္”ဟု ကိုဆန္းဦးက ေျပာသည္။

မတ္လ (၂၃) ရက္ေန႔၊ ည (၁၁) နာရီတြင္ ၾကာကန္သုသာန္အတြင္း ေတာင္တန္းသာသာျပဳဆရာေတာ္ အရွင္ေနမိႏၵ ( မႏၱေလး)က တရားေဟာၾကားမည္ျဖစ္ၿပီး မတ္လ (၂၄) ရက္ေန႔နံနက္ပိုင္းတြင္ အမွ်အတမ္း ေပးေဝမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး - နမ္မတူကားလမ်းဘေးမှ ဘာသာပေါင်းစုံကြာကန်သုသာန်တွင် မတ်လ (၂၃)ရက်နှင့် (၂၄)ရက်နေ့များတွင် ဒုတိယအကြိမ်မြောက် အကျွတ်အလွတ်ကျွေးမွေးအမျှဝေပွဲတွင် (၃) ညတိုင်တိုင် တရားပွဲ ထည့်သွင်းမည်ဖြစ်ကြောင်း အကျွတ်အလွတ်ပွဲစီစဉ်သည့်ပရဟိတအသင်းများထံမှ သိရသည်။

“ပထမအကြိမ်ထက်ပိုပြီးတော့ ထူးခြားသွားအောင် ကုသိုလ်တွေများများရအောင် ဒုတိယအကြိမ် ပြုလုပ်မယ့်ရက် မတိုင်ခင် တစ်ပတ်လောက်စောပြီးတော့ လားရှိုးမြို့တော်ခန်းမမှာ တရားပွဲ ၃ ည ပြုလုပ်ပေးသွားမှာပါ။ မကျွတ်မလွတ်သေးသူတွေအတွက် ရည်စူးပြီးတော့ ဆင်တောင်က ဘုန်းကြီးကျောင်း တစ်ကျောင်းက ဆောက်လုပ်ဆဲ ပရိယတ္တိစာသင်တိုက်အတွက် ကျပ် (၁၀) သိန်း လှူဒါန်းပေးမှာဖြစ်ပါတယ် ” ဟု အကျွတ်အလွတ်ကျွေးမွေးအမျှဝေပွဲအတွက် ပါဝင် လုပ်ဆောင်နေသည့် ကမ္ဘောဇလူမှုကူညီရေးမှ အသင်းဥက္ကဌ ကိုဆန်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မန္တလေးမြို့ရှိ ပရဟိတမင်းခေါင်အဖွဲ့နှင့် ကလျာဏမိတ္တအသင်းတို့၏ကူညီမှုဖြင့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် လားရှိုးမြို့ရှိ ဘာသာပေါင်းစုံကြာကန်သုသာန်၌ အကျွတ်အလွတ်ကျွေးမွေးအမျှဝေပွဲကို ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“နှစ်လလောက်ကြိုတင်ပြီး သုသာန်သန့်ရှင်းရေးလုပ်တာတွေ၊ လိုအပ်တဲ့ပစ္စည်းတွေစုတာတွေလုပ်တယ်။ လောလောဆယ် လားရှိုးမြို့က လူမှုကူညီရေးအသင်း (၃၃) သင်းက ပူးပေါင်းပြီးတော့ လုပ်ကိုင် နကြေပါတယ်။ ဒုတိယအကြိမ်အတွက် အလှူခံတာကို အသင်းတစ်သင်းစီက တစ်ရက်စီအချိန်ပေးပြီး ကြာကန်သုသာန်မှာ အလှူငွေကောက်ခံတာလုပ်မယ်။ သက်ဆိုင်ရာဌာနတွေကို ခွင့်ပြုချက် တောင်းခံပြီးတော့ ရပ်ကွက် (၁၂) ခုထဲက လှူချင်လို့တောင်းဆိုနေသူတွေထံလည်း ပရဟိတ အသင်းတွေကနေ လှည့်လည် အလှူခံဖို့စီစဉ်နေပါတယ်”ဟု ကိုဆန်းဦးက ပြောသည်။

မတ်လ (၂၃) ရက်နေ့၊ ည (၁၁) နာရီတွင် ကြာကန်သုသာန်အတွင်း တောင်တန်းသာသာပြုဆရာတော် အရှင်နေမိန္ဒ ( မန္တလေး)က တရားဟောကြားမည်ဖြစ်ပြီး မတ်လ (၂၄) ရက်နေ့နံနက်ပိုင်းတွင် အမျှအတမ်း ပေးဝေမည်ဖြစ်ကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~