ေက်ာက္ထုတ္လုပ္ငန္းခြင္တြင္ ေက်ာက္ေတာင္ၿပိဳ၍ ႏွစ္ဦးေသ တစ္ဦးျပင္းထန္စြာ ဒဏ္ရာရ

ေက်ာက္ထုတ္လုပ္ငန္းခြင္တြင္ ေက်ာက္ေတာင္ၿပိဳ၍ ႏွစ္ဦးေသ တစ္ဦးျပင္းထန္စြာ ဒဏ္ရာရ
ဖေဖော်ဝါရီ 13, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ကြန္ဟိန္းၿမိဳ႕နယ္၊ လိုက္ကမ္ေက်းရြာ၊ ျပည္ေထာင္စုလမ္းမႀကီးအနီး ေက်ာက္ထုတ္လုပ္ငန္းခြင္တြင္ ေဖေဖၚဝါရီလ (၁၂)ရက္ေန႔က ေတာင္ေစာင္းၿပိဳက်၍ ႏွစ္ဦးေသဆံုးၿပီး တစ္ဦး ျပင္းထန္စြာ ဒဏ္ရာရသြားေၾကာင္း သိရသည္။

လိုက္ကမ္ေက်းရြာ ျပည္ေထာင္စုလမ္းမႀကီးအနီး မိုင္တိုင္ (၃၉၅/၃၉၆) ၾကား၌ ေက်ာက္ထုတ္လုပ္သည့္ ေနရာမွ အျမင့္ေပ (၅၀) ခန္႔ရွိ ေက်ာက္ေတာင္ေစာင္းၿပိဳက်၍ ေက်ာက္ထုတ္လုပ္ေရး လုပ္ငန္းလုပ္ကိုင္သူ အမ်ိဳးသားႏွစ္ဦးမွာ ေနရာတြင္ ေသဆံုးသြားၿပီး  တစ္ဦးမွာ ဒဏ္ရာျပင္းထန္စြာရသျဖင့္ လြိဳင္လင္ ျပည္သူ႔ေဆး႐ုံမွ တစ္ဆင့္ ေတာင္ႀကီးၿမိဳ႕ စဝ္စံထြန္းေဆး႐ုံသို႔ လႊဲေျပာင္း ကုသေပးေနေၾကာင္း သိရသည္။

အဆုိပါ ျဖစ္စဥ္အား ကြန္ဟိန္းၿမိဳ႕မ ရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္(၁/၂၀၁၈) ေရးဖြင့္ ေဆာင္ရြက္ထားေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ်၊ လိုက်ကမ်ကျေးရွာ၊ ပြည်ထောင်စုလမ်းမကြီးအနီး ကျောက်ထုတ်လုပ်ငန်းခွင်တွင် ဖေဖော်ဝါရီလ (၁၂)ရက်နေ့က တောင်စောင်းပြိုကျ၍ နှစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရသွားကြောင်း သိရသည်။

လိုက်ကမ်ကျေးရွာ ပြည်ထောင်စုလမ်းမကြီးအနီး မိုင်တိုင် (၃၉၅/၃၉၆) ကြား၌ ကျောက်ထုတ်လုပ်သည့် နေရာမှ အမြင့်ပေ (၅၀) ခန့်ရှိ ကျောက်တောင်စောင်းပြိုကျ၍ ကျောက်ထုတ်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သူ အမျိုးသားနှစ်ဦးမှာ နေရာတွင် သေဆုံးသွားပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရသဖြင့် လွိုင်လင် ပြည်သူ့ဆေးရုံမှ တစ်ဆင့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ လွှဲပြောင်း ကုသပေးနေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အား ကွန်ဟိန်းမြို့မ ရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ်(၁/၂၀၁၈) ရေးဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~