တာခ်ီလိတ္ၿမိဳ႕တြင္းသို႔ ျဖန္႔ေနသည့္ ကညႊတ္မ်ားအား တာခ်ီလိတ္တြင္ တစ္ဦးတည္းသာ စိုက္ပ်ဳိးေနၿပီး တစ္ရက္လွ်င္ (၂၅)ကီလို၀န္းက်င္ထြက္ရွိ

တာခ်ီလိတ္ၿမိဳ႕တြင္းသို႔ ျဖန္႔ေနသည့္ ကညႊတ္မ်ားအား တာခ်ီလိတ္တြင္ တစ္ဦးတည္းသာ စိုက္ပ်ဳိးေနၿပီး တစ္ရက္လွ်င္ (၂၅)ကီလို၀န္းက်င္ထြက္ရွိ
ဖေဖော်ဝါရီ 24, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္၊ တာခ်ီလိတ္ၿမိဳ႕တြင္ တစ္ေန႔လွ်င္ ကီလို(၂၅)၀န္းက်င္အထိ ထြက္ရွိသည့္ ကညႊတ္ စိုက္ပ်ဳိးေရး လုပ္ငန္းမွာ ေအာင္ျမင္ျဖစ္ထြန္းေနၿပီး တာခ်ီလိတ္၌ အဓိက စိုက္ပ်ဳိးသူ တစ္ဦးတည္းသာ ရွိေၾကာင္း သိရသည္။

"တစ္ခ်ဳိ႕ စမ္းသပ္စိုက္ပ်ဳိးတာေတြရွိခဲ့တယ္၊ မေအာင္ျမင္ဘူး၊ ဒီၿခံကေတာ့ ေအာင္ျမင္တယ္၊ တာခ်ီလိတ္မွာေတာ့ စိုက္ပ်ဳိးသူ ကြ်န္ေတာ္ တစ္ဦးတည္းပဲရွိပါတယ္၊ တာခ်ီလိတ္မွာ စားသံုးေနၾကတာ ဒီၿခံက ထြက္တဲ့ ကညႊတ္ေတြပါပဲ၊ တစ္ခါတေလ ေအာ္ဒါမွာလို႔ မေလာက္မွ မယ္ဆိုင္ဘက္က သြား၀ယ္ၾကတာေတြရွိ ၾကပါတယ္၊"ဟု တာခ်ီလိတ္တြင္ တစ္ဦးတည္း ကညႊတ္စိုက္ပ်ဳိးသူ ဦးျမင့္ေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕၊ ရန္ေအာင္ေျမရပ္ကြက္၊ အလက(ရန္ေအာင္ေျမ)အေနာက္ဘက္အလြန္ရွိ ၿခံဧက(၀.၂၅)တြင္ ကညႊတ္ပင္မ်ားအား စိုက္ပ်ဳိးထားရွိျခင္း ျဖစ္ၿပီး ကညႊတ္ အစို႔မ်ားမွာ တစ္ပင္လွ်င္ တစ္ရက္ (၄)လက္မမွ (၆)လက္မအထိ ထြက္ရွိရာ မနက္ပိုင္းတြင္ ခူး၍ ေရာင္းခ်ေပးေၾကာင္း ႏွင့္ ကညႊတ္ အစို႔ ႏုတ္ယူျခင္းကို (၃)လအတြင္းေန႔စဥ္ ႏုတ္ယူၿပီး (၁)လနားေၾကာင္း သိရသည္။

"အပင္ကို မ်ဳိးေစ့ကေန စိုက္ရတာ၊ ပထမ(၈)လအထိ စိုက္ပ်ဳိးထားၿပီးရင္ စားလို႔ရတဲ့ ကညႊတ္ေတြ ထြက္လာၿပီ၊ ကညႊတ္ေတြက တစ္ေန႔ကို (၄)လက္မ ကေန (၆)လက္မအထိ ထြက္တယ္၊ ေန႔စဥ္ နံနက္(၆)နာရီေလာက္ဆို ခူးၿပီ၊ ကညႊတ္ေတြကို (၃)လတိတိ ေန႔စဥ္ခူးၿပီးရင္ အပင္ကို ျပန္ခုတ္ၿပီး တစ္လေတာ့ နားရတယ္၊ တစ္လအတြင္း ထြက္ရွိတဲ့ ကညႊတ္ေတြကို မခူးပဲ အပင္ႀကီးျဖစ္တဲ့အထိ ထားၿပီး တစ္လလြန္မွ ထပ္ခူးပါတယ္" ဦးျမင့္ေက်ာ္က ရွင္းျပသည္။

အဆိုပါ ၿခံ၀န္းထဲတြင္ လက္ရွိ၌ ကညႊတ္ပင္ စိုက္ပ်ဳိးထားရွိသည္မွာ အပင္ေပါင္း(၆၀၀၀)၀န္းက်င္ရွိၿပီး မ်ဳိးေစ့ျဖင့္ တစ္ခါ စိုက္ပ်ဳိးထားၿပီးပါက အပင္မ်ားအား ရွင္းလင္းသည့္ အခါတြင္ အျမစ္မဖယ္ရွားပဲ အပင္အား ခုတ္ရံုျဖင့္သာ ျပဳလုပ္ပါက ႏွစ္ခ်ီထားရွိႏိုင္ၿပီး ကညႊတ္အစို႔မ်ား ဆက္လက္ ထြက္လာမည္ ျဖစ္ေၾကာင္း ႏွင့္ အပင္အား ျပဳစုမႈအေပၚ မူတည္၍ ကညႊတ္အစို႔ ထြက္ရွိမႈမွာ ကြာျခားမႈ ရွိႏိုင္ေၾကာင္း သိရသည္။

ကညႊတ္ပင္မ်ားသည္ မိုးေရခ်ိန္ (၅၅)လက္ မ၀န္းက်င္ရြာသည့္ ေဒသမ်ားတြင္ ေကာင္းစြာျဖစ္ထြန္းတတ္ၿပီး ကညႊတ္ျဖစ္ထြန္းရန္ တစ္ရက္လွ်င္(၈)နာရီခန္႔ ေနေရာင္ျခည္ရရွိရန္လည္း လိုအပ္ေၾကာင္း သိရသည္။




~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်မြို့တွင် တစ်နေ့လျှင် ကီလို(၂၅)ဝန်းကျင်အထိ ထွက်ရှိသည့် ကညွှတ် စိုက်ပျိုးရေး လုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းနပြေီး တာချီလိတ်၌ အဓိက စိုက်ပျိုးသူ တစ်ဦးတည်းသာ ရှိကြောင်း သိရသည်။

"တစ်ချို့ စမ်းသပ်စိုက်ပျိုးတာတွေရှိခဲ့တယ်၊ မအောင်မြင်ဘူး၊ ဒီခြံကတော့ အောင်မြင်တယ်၊ တာချီလိတ်မှာတော့ စိုက်ပျိုးသူ ကျွန်တော် တစ်ဦးတည်းပဲရှိပါတယ်၊ တာချီလိတ်မှာ စားသုံးနကြေတာ ဒီခြံက ထွက်တဲ့ ကညွှတ်တွေပါပဲ၊ တစ်ခါတလေ အော်ဒါမှာလို့ မလောက်မှ မယ်ဆိုင်ဘက်က သွားဝယ်ကြတာတွေရှိ ကြပါတယ်၊"ဟု တာချီလိတ်တွင် တစ်ဦးတည်း ကညွှတ်စိုက်ပျိုးသူ ဦးမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ အလက(ရန်အောင်မြေ)အနောက်ဘက်အလွန်ရှိ ခြံဧက(ဝ.၂၅)တွင် ကညွှတ်ပင်များအား စိုက်ပျိုးထားရှိခြင်း ဖြစ်ပြီး ကညွှတ် အစို့များမှာ တစ်ပင်လျှင် တစ်ရက် (၄)လက်မမှ (၆)လက်မအထိ ထွက်ရှိရာ မနက်ပိုင်းတွင် ခူး၍ ရောင်းချပေးကြောင်း နှင့် ကညွှတ် အစို့ နုတ်ယူခြင်းကို (၃)လအတွင်းနေ့စဉ် နုတ်ယူပြီး (၁)လနားကြောင်း သိရသည်။

"အပင်ကို မျိုးစေ့ကနေ စိုက်ရတာ၊ ပထမ(၈)လအထိ စိုက်ပျိုးထားပြီးရင် စားလို့ရတဲ့ ကညွှတ်တွေ ထွက်လာပြီ၊ ကညွှတ်တွေက တစ်နေ့ကို (၄)လက်မ ကနေ (၆)လက်မအထိ ထွက်တယ်၊ နေ့စဉ် နံနက်(၆)နာရီလောက်ဆို ခူးပြီ၊ ကညွှတ်တွေကို (၃)လတိတိ နေ့စဉ်ခူးပြီးရင် အပင်ကို ပြန်ခုတ်ပြီး တစ်လတော့ နားရတယ်၊ တစ်လအတွင်း ထွက်ရှိတဲ့ ကညွှတ်တွေကို မခူးပဲ အပင်ကြီးဖြစ်တဲ့အထိ ထားပြီး တစ်လလွန်မှ ထပ်ခူးပါတယ်" ဦးမြင့်ကျော်က ရှင်းပြသည်။

အဆိုပါ ခြံဝန်းထဲတွင် လက်ရှိ၌ ကညွှတ်ပင် စိုက်ပျိုးထားရှိသည်မှာ အပင်ပေါင်း(၆၀၀၀)ဝန်းကျင်ရှိပြီး မျိုးစေ့ဖြင့် တစ်ခါ စိုက်ပျိုးထားပြီးပါက အပင်များအား ရှင်းလင်းသည့် အခါတွင် အမြစ်မဖယ်ရှားပဲ အပင်အား ခုတ်ရုံဖြင့်သာ ပြုလုပ်ပါက နှစ်ချီထားရှိနိုင်ပြီး ကညွှတ်အစို့များ ဆက်လက် ထွက်လာမည် ဖြစ်ကြောင်း နှင့် အပင်အား ပြုစုမှုအပေါ် မူတည်၍ ကညွှတ်အစို့ ထွက်ရှိမှုမှာ ကွာခြားမှု ရှိနိုင်ကြောင်း သိရသည်။

ကညွှတ်ပင်များသည် မိုးရေချိန် (၅၅)လက် မဝန်းကျင်ရွာသည့် ဒေသများတွင် ကောင်းစွာဖြစ်ထွန်းတတ်ပြီး ကညွှတ်ဖြစ်ထွန်းရန် တစ်ရက်လျှင်(၈)နာရီခန့် နေရောင်ခြည်ရရှိရန်လည်း လိုအပ်ကြောင်း သိရသည်။ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~