ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားမဝင် ရွှေ့ပြောင်းအလုပ်သမား (၄)ဦးအား ပြန်လည်လွှဲပြောင်းပေး

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားမဝင် ရွှေ့ပြောင်းအလုပ်သမား (၄)ဦးအား ပြန်လည်လွှဲပြောင်းပေး
ဖေဖော်ဝါရီ 2, 2018
By Tachileik News Agency








~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံတွင်းမှ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား (၄)ဦး ကို ဖေဖော်ဝါရီလ (၂)ရက်နေ့တွင် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက လာရောက်လွှဲပြောင်းပေးနိုင်ကြောင်း သိရသည်။

အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၂)ဦးတို့အား မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားတွင် ထိုင်းနိုင်ငံမှ လာရောက်လွှဲပြောင်း ပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများက စိစစ် လက်ခံခဲ့ကြကြောင်း သိရသည်။

အဆိုပါ လွှဲပြောင်းလာသူများမှာ၎င်းတို့ဆန္ဒအလျောက် ထိုင်းနိုင်ငံတွင် Border Pass သက်တမ်းလွန်ခြင်း၊ အထောက်အထားမရှိဘဲ နေထိုင်ခြင်းစသည်တို့ကြောင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် စေလွှတ်ခဲ့သူများ ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်လာခဲ့သော တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေမှာ၂၀၁၈ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ဖေဖော်ဝါရီလ (၂)ရက်နေ့အထိ စုစုပေါင်း အမျိုးသား (၂၈)ဦးနှင့် အမျိုးသမီး( ၁၀) ဦး စုစုပေါင်း(၃၈) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ #မြို့နယ်ထွေအုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~