ေတာင္ႀကီးၿမိဳ႕ ရက္ကန္းႏွင့္ အသက္ေမြးပညာသင္တန္းေက်ာင္း၏ သင္တန္းဆင္းပြဲႏွင့္ သင္တန္းသားသစ္ ႀကိဳဆိုပြဲက်င္းပ

ေတာင္ႀကီးၿမိဳ႕ ရက္ကန္းႏွင့္ အသက္ေမြးပညာသင္တန္းေက်ာင္း၏ သင္တန္းဆင္းပြဲႏွင့္ သင္တန္းသားသစ္ ႀကိဳဆိုပြဲက်င္းပ
ဇန်နဝါရီ 3, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ ရက္ကန္းနွင့္ အသက္ေမြးပညာ သင္တန္းေက်ာင္း၏ အေျခခံ လက္ရက္ကန္း (၆)လသင္တန္း ပထမအႀကိမ္ သင္တန္းဆင္းပြဲႏွင့္ သင္တန္းသားအသစ္ ႀကိဳဆိုပြဲအား ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၃)ရက္ေန႔က က်င္းပေၾကာင္း သိရသည္။

၂၀၁၇ - ၂၀၁၈ ပညာသင္ႏွစ္တြင္ ေတာင္ႀကီးၿမိဳ႕ရိွ ရက္ကန္းႏွင့္ အသက္ေမြးပညာသင္တန္းေက်ာင္းမွ အေျခခံ လက္ရက္ကန္း (၆)လသင္တန္းသူ (၇)ဦး၊ ခ်ည္မွ်င္ႏွင့္ အထည္အလိပ္ကၽြမ္းက်င္သူ (၁)ႏွစ္သင္တန္းသား၊ သင္တန္းသူ (၂၁)ဦးတို႔ကို လက္ခံသင္ၾကားေပးခဲ့ျခင္းျဖစ္ေၾကာင္းသိရၿပီး သင္တန္း ဆင္းပြဲသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ဘ႑ာေရးဝန္ႀကီး ဦးစိုင္းရွဲန္တစ္လံု တက္ေရာက္ေၾကာင္း သိရသည္။

အဆိုပါ သင္တန္းတြင္ သင္တန္းသားမ်ားအား တစ္လလွ်င္ က်ပ္သံုးေသာင္း ပညာသင္ ေထာက္ပံ့ေၾကးအျပင္ အေဆာင္ေနထိုင္ခြင့္ကိုလည္း သင္တန္းေက်ာင္းမွ စီစဥ္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

ျပည္နယ္ႏွင့္ တုိင္းေဒသအသီးသီးရိွ အေျခခံႏွင့္ အထက္တန္းအဆင့္ ရက္ကန္းေက်ာင္းမ်ားအား ရက္ကန္းႏွင့္ အသက္ေမြးပညာသင္တန္းေက်ာင္းမ်ား အျဖစ္ အဆင့္တိုးျမႇင့္လိုက္ၿပီးေနာက္ ၂၀၁၄ - ၂၀၁၅ ပညာသင္ႏွစ္မွစ၍ ခ်ည္မွ်ည္ႏွင့္ အထည္အလိပ္ကၽြမ္းက်င္ (၁) ႏွစ္သင္တန္း၊ လက္ရက္ကန္း (၆)လသင္တန္း၊ ရက္ကန္းကာလတိုသင္တန္းမ်ားအျပင္ အျခားသက္ေမြးဝမ္းေက်ာင္းပညာရပ္သင္တန္းမ်ားကို ဖြင့္လွစ္သင္ၾကားေပးေနေၾကာင္း သိရသည္။

သတင္း - ဇာႏွင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း၏ အခြေခံ လက်ရက်ကန်း (၆)လသင်တန်း ပထမအကြိမ် သင်တန်းဆင်းပွဲနှင့် သင်တန်းသားအသစ် ကြိုဆိုပွဲအား ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့က ကျင်းပကြောင်း သိရသည်။

၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်တွင် တောင်ကြီးမြို့ရှိ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ အခြေခံ လက်ရက်ကန်း (၆)လသင်တန်းသူ (၇)ဦး၊ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ (၁)နှစ်သင်တန်းသား၊ သင်တန်းသူ (၂၁)ဦးတို့ကို လက်ခံသင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်းသိရပြီး သင်တန်း ဆင်းပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ တက်ရောက်ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် သင်တန်းသားများအား တစ်လလျှင် ကျပ်သုံးသောင်း ပညာသင် ထောက်ပံ့ကြေးအပြင် အဆောင်နေထိုင်ခွင့်ကိုလည်း သင်တန်းကျောင်းမှ စီစဉ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသအသီးသီးရှိ အခြေခံနှင့် အထက်တန်းအဆင့် ရက်ကန်းကျောင်းများအား ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းများ အဖြစ် အဆင့်တိုးမြှင့်လိုက်ပြီးနောက် ၂၀၁၄ - ၂၀၁၅ ပညာသင်နှစ်မှစ၍ ချည်မျှည်နှင့် အထည်အလိပ်ကျွမ်းကျင် (၁) နှစ်သင်တန်း၊ လက်ရက်ကန်း (၆)လသင်တန်း၊ ရက်ကန်းကာလတိုသင်တန်းများအပြင် အခြားသက်မွေးဝမ်းကျောင်းပညာရပ်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။

သတင်း - ဇာနှင်း 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~