တာခ်ီလိတ္ၿမိဳ႕ လြယ္စီတံုအေပၚရြာရွိ ေနအိမ္မွ အမ်ဳိးသားတစ္ဦးထံက စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ လြယ္စီတံုအေပၚရြာရွိ ေနအိမ္မွ အမ်ဳိးသားတစ္ဦးထံက စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ
ဇန်နဝါရီ 12, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္၊ ၀မ္လံုးေက်းရြာအုပ္စုတြင္း လြယ္စီတံုအေပၚရြာရွိ ေနအိမ္တြင္ မူးယစ္ေဆး၀ါး သတင္းအရ ၀င္ေရာက္ရွာေဖြရာက မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ အမ်ဳိးသားတစ္ဦးအား ဇန္န၀ါရီလ(၁၂)ရက္ေန႔ ညေနပိုင္းက ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ား ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔သည္ ၀မ္လံုးေက်းရြာအုပ္စု၊ လြယ္စီတံု အေပၚရြာရွိ အားဖူ(ခ)အားဂ်ဳိ၏ ေနအိမ္အား ၀င္ေရာက္စစ္ေဆးရာတြင္ ၎အား ေနအိမ္ အိပ္ခန္းအတြင္း အသင့္ေတြ႔ရ၍ ဆက္လက္ရွာေဖြရာ ၎၏ ၀ဲလက္အတြင္း ဆုပ္ကိုင္ထားသည့္ အျဖဴေရာင္ ပလပ္စတစ္ဗူးအတြင္းမွ အၾကည္ေရာင္ ပလပ္စတစ္အိတ္ငယ္ (၁)အိတ္လွ်င္ Wy စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ၾကြေဆးျပား (၅၀)ျပားစီပါသည့္ (၅)ထုပ္၊ စုစုေပါင္း စိတ္ၾကြေဆးျပား (၂၅၀)ျပားအား လည္းေကာင္း၊ ယာဘက္လက္အတြင္းမွ ဆုပ္ကိုင္ထားသည့္ စိတ္ၾကြေဆးျပား သံုးစြဲေသာ ၀ါးရိုးေျပာင္းတပ္လ်က္ ေတာ္ပါဗူး(၁)ဗူး၊ ဂက္စ္မီးျခစ္ (၁)လံုးအား လည္းေကာင္း၊ ၎အိပ္သည့္ အိပ္ယာေဘးမွ ၾကြပ္ၾကြပ္အိတ္ျဖင့္ ထည္းထားသည့္ Wy စာတမ္းပါ စိတ္ၾကြေဆးျပား စုစုေပါင္း (၁၂၀၀)ျပားအားလည္းေကာင္း၊ ၎၀တ္ဆင္ထားသည့္ အေႏြးထည္အတြင္းမွ ထိုင္းဘတ္ေငြ(၁၅၀၀)ဘတ္ ႏွင့္ မွတ္ပံုတင္တစ္ခုတို႔အား ေတြ႔ရွိ သိမ္းဆည္းရမိေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႔ျဖင့္ ရွာေဖြရာတြင္ အသက္(၂၈)ႏွစ္ရွိ အားဖူ(ခ)အားဂ်ဳိးထံက စိတ္ၾကြေဆးျပား စုစုေပါင္း (၁၄၅၀)ျပား ႏွင့္ ထိုင္းဘတ္ေငြ (၁၅၀၀)ဘတ္တို႔အား သိမ္းဆည္းရမိျခင္း ျဖစ္ၿပီး ၎အား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ)၇/၂၀၁၈၊ မူး/စိတ္ ပုဒ္မ ၁၅/၁၉(က)/၂၀(က) အရ အမႈဖြင့္ အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စုတွင်း လွယ်စီတုံအပေါ်ရွာရှိ နေအိမ်တွင် မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ရှာဖွေရာက မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသားတစ်ဦးအား ဇန်နဝါရီလ(၁၂)ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စီတုံ အပေါ်ရွာရှိ အားဖူ(ခ)အားဂျို၏ နေအိမ်အား ဝင်ရောက်စစ်ဆေးရာတွင်၎င်းအား နေအိမ် အိပ်ခန်းအတွင်း အသင့်တွေ့ရ၍ ဆက်လက်ရှာဖွေရာ၎င်း၏ ဝဲလက်အတွင်း ဆုပ်ကိုင်ထားသည့် အဖြူရောင် ပလပ်စတစ်ဗူးအတွင်းမှ အကြည်ရောင် ပလပ်စတစ်အိတ်ငယ် (၁)အိတ်လျှင် Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၅၀)ပြားစီပါသည့် (၅)ထုပ်၊ စုစုပေါင်း စိတ်ကြွဆေးပြား (၂၅၀)ပြားအား လည်းကောင်း၊ ယာဘက်လက်အတွင်းမှ ဆုပ်ကိုင်ထားသည့် စိတ်ကြွဆေးပြား သုံးစွဲသော ဝါးရိုးပြောင်းတပ်လျက် တော်ပါဗူး(၁)ဗူး၊ ဂက်စ်မီးခြစ် (၁)လုံးအား လည်းကောင်း၊၎င်းအိပ်သည့် အိပ်ယာဘေးမှ ကြွပ်ကြွပ်အိတ်ဖြင့် ထည်းထားသည့် Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၁၂၀၀)ပြားအားလည်းကောင်း၊၎င်းဝတ်ဆင်ထားသည့် အနွေးထည်အတွင်းမှ ထိုင်းဘတ်ငွေ(၁၅၀၀)ဘတ် နှင့် မှတ်ပုံတင်တစ်ခုတို့အား တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့ဖြင့် ရှာဖွေရာတွင် အသက်(၂၈)နှစ်ရှိ အားဖူ(ခ)အားဂျိုးထံက စိတ်ကြွဆေးပြား စုစုပေါင်း (၁၄၅၀)ပြား နှင့် ထိုင်းဘတ်ငွေ (၁၅၀၀)ဘတ်တို့အား သိမ်းဆည်းရမိခြင်း ဖြစ်ပြီး၎င်းအား တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ)၇/၂၀၁၈၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၀(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~