“ဝ” ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရျပည္နယ္ရရိွေရး ဆက္လက္ေတာင္းဆိုမည္ဟု UWSA ထုတ္ျပန္

“ဝ” ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရျပည္နယ္ရရိွေရး ဆက္လက္ေတာင္းဆိုမည္ဟု UWSA ထုတ္ျပန္
ဇန်နဝါရီ 24, 2018
By Tachileik News Agency

UWSA ဗဟိုတိုးခ်ဲ႕အစည္းအေဝးက အခ်က္ (၁၀)ခ်က္ပါသည့္ ထုတ္ျပန္ခ်က္တြင္ "ဝ" ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရ ျပည္နယ္ ရရိွေရးႏွင့္ ဖဲြ႕စည္းပံုအေျခခံ ဥပေဒျပင္ဆင္ေရးကို ဆက္လက္ ေတာင္းဆိုသြားမည္ျဖစ္ေၾကာင္း ေဖၚျပထားသည္။

UWSA ၏ ဗဟိုတိုးခ်ဲ႕အစည္းအေဝးအား ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၁၄)ရက္ေန႔တြင္ က်င္းပခဲ့ရာ ပါတီ ဗဟိုေပါလစ္ဗ်ဴရို အၿမဲတမ္းေကာ္မတီဝင္ (၉)ဦး၊ ပါတီ ဗဟိုေပါလစ္ဗ်ဴရို ေကာ္မတီဝင္ (၁၀)ဦး၊ ပါတီ ဗဟိုေကာ္မတီဝင္ (၈)ဦးႏွင့္ အရံ ပါတီဗဟိုေကာ္မတီဝင္ (၂၁)ဦးတို႔ျဖင့္ ဖြဲ႕စည္းလိုက္ၿပီး အခ်က္ (၁၀)ခ်က္ကို ထုတ္ျပန္လုိက္ျခင္းျဖစ္သည္။

အဆိုပါ ထုတ္ျပန္ခ်က္တြင္ ပဋိပကၡမ်ားကို ႏိုင္ငံေရးေတြ႕ဆံုမႈနည္းျဖင့္ ေျဖရွင္းျခင္းကိုေထာက္ခံၿပီး စစ္ေရးႏွင့္ စစ္ေရးအရ ဖိအားေပးမႈမ်ားကို ဆန္႔က်င္သြားရန္၊ “ဝ"ျပည္သူမ်ား၏ ပညာေရး၊ က်န္းမာေရးႏွင့္ ေနထိုင္စားေသာက္ေရးအဆင့္အတန္းျမႇင့္တင္ရန္၊ တံခါးဖြင့္ဝါဒက်င့္သံုးၿပီး ျပင္ပအသိပညာရွင္၊ အတတ္ပညာရွင္ႏွင့္ ရင္းႏွီးၿမဳပ္ႏံွမႈမ်ားကို ဖိတ္ေခၚရန္၊ "ဝ" ျပည္ရွိ တိုင္းရင္းသားမ်ားအားလံုး တန္းတူ အခြင့္ အေရးမူျဖင့္ အတူတကြေနထုိင္ရန္၊ အိမ္နီးခ်င္းႏိုင္ငံ/ေဒသမ်ားႏွင့္ ေကာင္းမြန္ေသာ ဆက္ဆံေရး မ်ားထားရွိၿပီး တည္ၿငိမ္ေအးခ်မ္းသည့္ ပတ္ဝန္းက်င္ရရွိေရး တည္ေဆာက္သြားရန္၊ ျပည္ေထာင္စုအစိုးရႏွင့္ ခ်ဳပ္ဆိုခဲ့ေသာစာခ်ဳပ္မ်ား ကို လိုက္နာ၊ က်င့္သံုး၊ ကိုင္စဲြၿပီး ျပည္ေထာင္စု မၿပိဳကဲြေရး၊ ၿငိမ္းခ်မ္းေရး ႏွင့္ဖံြ႕ၿဖိဳး တိုးတက္ေရး တို႔ အတြက္ "ဝ"ျပည္ နယ္သည္ တတ္ႏိုင္သည့္ဘက္မွ ပါဝင္ လုပ္ေဆာင္သြားရန္၊ ျပည္ေထာင္စု အစိုးရ ၊ တပ္မေတာ္ထိပ္ပိုင္းေခါင္းေဆာင္မ်ားႏွင့္ ပိုမိုပူးေပါင္းၿပီး ယံုၾကည္မႈခိုင္မာစြာ တည္ေဆာက္ သြားရန္၊ မူးယစ္ေဆးဝါး စိုက္ပ်ိဳး၊ ထုတ္လုပ္၊ ေရာင္းဝယ္၊ သံုးစဲြျခင္းမ်ားကို ထိထိ ေရာက္ေရာက္ အေရးယူရန္၊ စည္းကမ္းႏွင့္ စနစ္ေကာင္းရွိသည့္ ဘာသာေရး လြတ္လပ္ခြင့္မူမ်ား က်င့္သံုးသြားရန္၊ "ဝ"ျပည္နယ္သည္ ျမန္မာႏိုင္ငံ၏ နယ္ေျမ တစိတ္တေဒသျဖစ္ၿပီး မည္သည့္ အေၾကာင္းႏွင့္မွ် ခဲြထြက္မသြားရန္၊ ျပင္ပရန္ က်ဴးေက်ာ္ လာပါက မိမိကိုယ္ကို ကာကြယ္သည့္ အေနျဖင့္ ျပတ္ျပတ္သားသား ေခ်မႈန္းရန္၊ ၿငိမ္းခ်မ္းေရး အလံေတာ္ ႏွင့္ လက္နက္ တဖက္စီ ကိုင္ေဆာင္ သြားရန္ဆံုးျဖတ္ထားေၾကာင္း ေဖၚျပထားသည္။

UWSA သည္ ၁၉၈၉ ခုႏွစ္တြင္ ဗမာျပည္ကြန္ျမဴနစ္ပါတီၿပိဳကြဲၿပီးေနာက္ ဖြဲ႔စည္းခဲ့ျခင္းျဖစ္ၿပီး ၁၉၈၉ ခုႏွစ္ ေမလ (၉)ရက္ေန႔တြင္ လည္းေကာင္း၊ ၂၀၁၁ ခုႏွစ္ စက္တင္ဘာလ (၆)ရက္ေန႔တြင္လည္းေကာင္း အစိုးရႏွင့္ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္မ်ား ရယူခဲ့သည့္ အဖြဲ႔ျဖစ္သည္။

UWSA သည္ "ဝ"ျပည္ေသြးစည္းညီညြတ္ေရးပါတီ (UWSP)၏ လက္နက္ကိုင္တပ္ဖြဲ႕ျဖစ္ၿပီး UWSP သည္ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပံုဥပေဒအရ ျပဌာန္းထားသည့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ “ဝ “ တုိင္း၏ ၿမိဳ႕နယ္ (၆)ခုအား စီမံအုပ္ခ်ဳပ္ခြင့္ ရထားျခင္း ျဖစ္သည္။

ဓါတ္ပံု -  WSTV
















~~~~~~~~⊰❂ unicode ~~~~~~~~

UWSA ဗဟိုတိုးချဲ့အစည်းအဝေးက အချက် (၁၀)ချက်ပါသည့် ထုတ်ပြန်ချက်တွင် "ဝ" ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ် ရရှိရေးနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို ဆက်လက် တောင်းဆိုသွားမည်ဖြစ်ကြောင်း ဖေါ်ပြထားသည်။

UWSA ၏ ဗဟိုတိုးချဲ့အစည်းအဝေးအား ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၁၄)ရက်နေ့တွင် ကျင်းပခဲ့ရာ ပါတီ ဗဟိုပေါလစ်ဗျူရို အမြဲတမ်းကော်မတီဝင် (၉)ဦး၊ ပါတီ ဗဟိုပေါလစ်ဗျူရို ကော်မတီဝင် (၁၀)ဦး၊ ပါတီ ဗဟိုကော်မတီဝင် (၈)ဦးနှင့် အရံ ပါတီဗဟိုကော်မတီဝင် (၂၁)ဦးတို့ဖြင့် ဖွဲ့စည်းလိုက်ပြီး အချက် (၁၀)ချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ပဋိပက္ခများကို နိုင်ငံရေးတွေ့ဆုံမှုနည်းဖြင့် ဖြေရှင်းခြင်းကိုထောက်ခံပြီး စစ်ရေးနှင့် စစ်ရေးအရ ဖိအားပေးမှုများကို ဆန့်ကျင်သွားရန်၊ “ဝ"ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် နေထိုင်စားသောက်ရေးအဆင့်အတန်းမြှင့်တင်ရန်၊ တံခါးဖွင့်ဝါဒကျင့်သုံးပြီး ပြင်ပအသိပညာရှင်၊ အတတ်ပညာရှင်နှင့် ရင်းနှီးမြုပ်နှံမှုများကို ဖိတ်ခေါ်ရန်၊ "ဝ" ပြည်ရှိ တိုင်းရင်းသားများအားလုံး တန်းတူ အခွင့် အရေးမူဖြင့် အတူတကွနေထိုင်ရန်၊ အိမ်နီးချင်းနိုင်ငံ/ဒေသများနှင့် ကောင်းမွန်သော ဆက်ဆံရေး များထားရှိပြီး တည်ငြိမ်အေးချမ်းသည့် ပတ်ဝန်းကျင်ရရှိရေး တည်ဆောက်သွားရန်၊ ပြည်ထောင်စုအစိုးရနှင့် ချုပ်ဆိုခဲ့သောစာချုပ်များ ကို လိုက်နာ၊ ကျင့်သုံး၊ ကိုင်စွဲပြီး ပြည်ထောင်စု မပြိုကွဲရေး၊ ငြိမ်းချမ်းရေး နှင့်ဖွံ့ဖြိုး တိုးတက်ရေး တို့ အတွက် "ဝ"ပြည် နယ်သည် တတ်နိုင်သည့်ဘက်မှ ပါဝင် လုပ်ဆောင်သွားရန်၊ ပြည်ထောင်စု အစိုးရ ၊ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များနှင့် ပိုမိုပူးပေါင်းပြီး ယုံကြည်မှုခိုင်မာစွာ တည်ဆောက် သွားရန်၊ မူးယစ်ဆေးဝါး စိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းဝယ်၊ သုံးစွဲခြင်းများကို ထိထိ ရောက်ရောက် အရေးယူရန်၊ စည်းကမ်းနှင့် စနစ်ကောင်းရှိသည့် ဘာသာရေး လွတ်လပ်ခွင့်မူများ ကျင့်သုံးသွားရန်၊ "ဝ"ပြည်နယ်သည် မြန်မာနိုင်ငံ၏ နယ်မြေ တစိတ်တဒေသဖြစ်ပြီး မည်သည့် အကြောင်းနှင့်မျှ ခွဲထွက်မသွားရန်၊ ပြင်ပရန် ကျူးကျော် လာပါက မိမိကိုယ်ကို ကာကွယ်သည့် အနေဖြင့် ပြတ်ပြတ်သားသား ချေမှုန်းရန်၊ ငြိမ်းချမ်းရေး အလံတော် နှင့် လက်နက် တဖက်စီ ကိုင်ဆောင် သွားရန်ဆုံးဖြတ်ထားကြောင်း ဖေါ်ပြထားသည်။

UWSA သည် ၁၉၈၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီပြိုကွဲပြီးနောက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၁၉၈၉ ခုနှစ် မေလ (၉)ရက်နေ့တွင် လည်းကောင်း၊ ၂၀၁၁ ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့တွင်လည်းကောင်း အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်များ ရယူခဲ့သည့် အဖွဲ့ဖြစ်သည်။

UWSA သည် "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး UWSP သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေအရ ပြဌာန်းထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ “ဝ “ တိုင်း၏ မြို့နယ် (၆)ခုအား စီမံအုပ်ချုပ်ခွင့် ရထားခြင်း ဖြစ်သည်။

ဓါတ်ပုံ -  WSTV

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~