မင္းဘူး/စကုၿမိဳ႕နယ္တြင္ နမၼဒါ မ်ိဳးေစ႔ထုတ္လုပ္ေရးသမအသင္းဖဲြ႔စည္းကာ ႏွစ္ရွည္ေခ်းေငြမ်ား ထုတ္ေခ်းမည္

မင္းဘူး/စကုၿမိဳ႕နယ္တြင္ နမၼဒါ မ်ိဳးေစ႔ထုတ္လုပ္ေရးသမအသင္းဖဲြ႔စည္းကာ ႏွစ္ရွည္ေခ်းေငြမ်ား ထုတ္ေခ်းမည္
ဇန်နဝါရီ 13, 2018
By 🌸
မေကြးတိုင္းေဒသႀကီး မင္းဘူး/စကုၿမိဳ႕နယ္ စိုက္ပ်ိဳးေရးက႑ဖံြ႔ၿဖိဳးတိုးတက္ေရးအတြက္ သမဝါယမ ဦးစီးဌာနႏွင္႔ စိုက္ပ်ိဳးေရးဦးစီးဌာနတို႔ ပူးေပါင္း၍ နမၼဒါ မ်ိဳးေစ႔ထုတ္လုပ္ေရးသမအသင္းဖဲြ႔စည္းကာ ႏွစ္ရွည္ေခ်းေငြမ်ားထုတ္ေခ်းသြားမည္ျဖစ္ေၾကာင္း မင္းဘူး/စကုၿမိဳ႕နယ္စိုက္ပ်ိဳးေရးဦးစီးဌာနမွ သိရသည္။

"နမၼဒါ မ်ိဳးေစ႔ထုတ္လုပ္ေရးသမအသင္းဖဲြ႔စည္းၿပီး အသင္းဝင္ေတာင္သူေတြ မ်ိဳးေစ႔ထုတ္ျခင္းလုပ္ငန္းအတြက္ လိုအပ္တဲ႔ရင္းႏွီးစရိတ္ေငြကို ႏွစ္ရွည္ေခ်းေငြအျဖစ္ ထုတ္ေခ်းႏိုင္မွာျဖစ္လို႔ မ်ိဳးေစ႔ထုတ္လုပ္ငန္းေတြကို ပိုမိုတိုးခ်ဲ႕ေဆာင္ရြက္ႏိုင္ၾကေတာ႔မွာ ျဖစ္ပါတယ္"ဟု မင္းဘူး/စကုၿမိဳ႕နယ္ စိုက္ပ်ိဳးေရးဦးစီးဌာန ၿမိဳ႕နယ္ဦးစီးမွဴး ဦးသိန္းႏိုင္ဝင္းက တာခ်ီလိတ္ေအဂ်င္စီသို႔ ေျပာသည္။

မင္းဘူး/စကုၿမိဳ႕နယ္ စိုက္ပ်ိဳးေရးဦးစီးဌာနအစီအစဥ္ျဖင္႔ ၂၀၁၇ ခုႏွစ္ မိုးစပါးစိုက္ပ်ိဳးရာသီတြင္ အက်ိဳးေဆာင္ေတာင္သူမ်ားႏွင္႔ပူးေပါင္း၍ မ်ိဳးေစ႔ထုတ္စိုက္ခင္းမ်ားထူေထာင္ကာ စပါးမ်ိဳးေစ႔ထုတ္ျခင္း လုပ္ငန္းအား ေဆာင္ရြက္ခဲ႔ရာ မင္းဘူး/စကုၿမိဳ႕နယ္ စိုက္ပ်ိဳးေရးဦးစီးဌာန မ်ိဳးေစ႔သိုေလွာင္ရံု၌ မ်ိဳးစပါး တင္း(၃၀၀၀)၊ အက်ိဳးေဆာင္ေတာင္သူမ်ား၏လက္ဝယ္တြင္ တင္း (၂၀၀၀) စုစုေပါင္း တင္း(၅၀၀၀)ကို စနစ္တက်ရိတ္သိမ္း၊ အေျခာက္ခံ၊ ထုပ္ပိုး သိုေလွာင္ထားရိွၿပီး ျဖန္႔ျဖဴးႏိုင္ခဲ႔ေၾကာင္း သိရသည္။

နမၼဒါ မ်ိဳးေစ႔ထုတ္လုပ္ေရးသမအသင္းဖဲြ႔စည္းၿပီးေနာက္ ကနဦးေက်းရြာ(၁၀)ရြာမွ အက်ိဳးေဆာင္ ေတာင္သူ(၁၀)ဦးျဖင္႔ မ်ိဳးစပါးမ်ိဳးေစ႔ထုတ္ျခင္းလုပ္ငန္းေအာင္ျမင္ပါက အျခားေက်းရြာမ်ားအထိပါ ဆက္လက္တိုးခ်ဲ႕၍ ဆီထြက္သီးႏွံျဖစ္သည္႔ ေျမပဲ၊ ႏွမ္း၊ ေနၾကာႏွင္႔ ပဲတီစိမ္း၊ ကုလားပဲ၊ မတ္ပဲ စသည္႔ ပဲမ်ိဳးစံု မ်ိဳးေစ႔မ်ားကို ထုတ္လုပ္ႏိုင္ရန္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မင်းဘူး/စကုမြို့နယ်တွင် နမ္မဒါ မျိုးစေ့ထုတ်လုပ်ရေးသမအသင်းဖွဲ့စည်းကာ နှစ်ရှည်ချေးငွေများ ထုတ်ချေးမည်
**********
မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမ ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ နမ္မဒါ မျိုးစေ့ထုတ်လုပ်ရေးသမအသင်းဖွဲ့စည်းကာ နှစ်ရှည်ချေးငွေများထုတ်ချေးသွားမည်ဖြစ်ကြောင်း မင်းဘူး/စကုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

"နမ္မဒါ မျိုးစေ့ထုတ်လုပ်ရေးသမအသင်းဖွဲ့စည်းပြီး အသင်းဝင်တောင်သူတွေ မျိုးစေ့ထုတ်ခြင်းလုပ်ငန်းအတွက် လိုအပ်တဲ့ရင်းနှီးစရိတ်ငွေကို နှစ်ရှည်ချေးငွေအဖြစ် ထုတ်ချေးနိုင်မှာဖြစ်လို့ မျိုးစေ့ထုတ်လုပ်ငန်းတွေကို ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ကြတော့မှာ ဖြစ်ပါတယ်"ဟု မင်းဘူး/စကုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းနိုင်ဝင်းက တာချီလိတ်အေဂျင်စီသို့ ပြောသည်။

မင်းဘူး/စကုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအစီအစဉ်ဖြင့် ၂၀၁၇ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် အကျိုးဆောင်တောင်သူများနှင့်ပူးပေါင်း၍ မျိုးစေ့ထုတ်စိုက်ခင်းများထူထောင်ကာ စပါးမျိုးစေ့ထုတ်ခြင်း လုပ်ငန်းအား ဆောင်ရွက်ခဲ့ရာ မင်းဘူး/စကုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့သိုလှောင်ရုံ၌ မျိုးစပါး တင်း(၃၀၀၀)၊ အကျိုးဆောင်တောင်သူများ၏လက်ဝယ်တွင် တင်း (၂၀၀၀) စုစုပေါင်း တင်း(၅၀၀၀)ကို စနစ်တကျရိတ်သိမ်း၊ အခြောက်ခံ၊ ထုပ်ပိုး သိုလှောင်ထားရှိပြီး ဖြန့်ဖြူးနိုင်ခဲ့ကြောင်း သိရသည်။

နမ္မဒါ မျိုးစေ့ထုတ်လုပ်ရေးသမအသင်းဖွဲ့စည်းပြီးနောက် ကနဦးကျေးရွာ(၁၀)ရွာမှ အကျိုးဆောင် တောင်သူ(၁၀)ဦးဖြင့် မျိုးစပါးမျိုးစေ့ထုတ်ခြင်းလုပ်ငန်းအောင်မြင်ပါက အခြားကျေးရွာများအထိပါ ဆက်လက်တိုးချဲ့၍ ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာနှင့် ပဲတီစိမ်း၊ ကုလားပဲ၊ မတ်ပဲ စသည့် ပဲမျိုးစုံ မျိုးစေ့များကို ထုတ်လုပ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~