မူဆယ္ ၁၀၅ မုိင္ကုန္သြယ္ေရးဇုန္တြင္ မိုင္းတပ္ဆင္ထားသည့္ ကုန္တင္ယာဥ္တစ္စီး ေတြ႔ရိွ

မူဆယ္ ၁၀၅ မုိင္ကုန္သြယ္ေရးဇုန္တြင္ မိုင္းတပ္ဆင္ထားသည့္ ကုန္တင္ယာဥ္တစ္စီး ေတြ႔ရိွ
ဇန်နဝါရီ 14, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕ (၁၀၅)မိုင္ကုန္သြယ္ေရးဇုန္ ကုန္စစ္ေဆးေရးကြင္းအတြင္း ဇန္နဝါရီလ (၁၄) ရက္ေန႔ နံနက္(၁၀)နာရီခန္႔က (၂၂)ဘီးယာဥ္တစ္စီးတြင္ မိုင္းတစ္လံုးတပ္ဆင္ထားသည္ကို ေတြ႔ရသျဖင့္ သက္ဆုိင္ရာမွ ရွင္းလင္းဖယ္ရွားေပးခဲ့ရေၾကာင္း မူဆယ္ၿမိဳ႕မရဲတပ္ဖြဲ႔ထံမွ သိရသည္။

“အဲဒီကားက ဒီမနက္အေစာပိုင္းက (၁၀၅)မိုင္ တိုးဂိတ္အနီးမွာ ေခတၱညအိပ္ရပ္နားခဲ့ၿပီးေတာ့ မနက္ (၁၀)နာရီဝန္းက်င္မွာ (၁၀၅)မိုင္ ကုန္စစ္ေဆးေရးကြင္းထဲကိုေရာက္တယ္။ အဲဒီမွာ ယာဥ္အကူျဖစ္သူက ယာဥ္ကိုစစ္ေဆးရင္းနဲ႔ တြဲဖရိန္ရဲ့ဝဲဘက္၊ ေထာက္တိုင္အနီးမွာ မသကၤာဖြယ္ရာ အျဖဴေရာင္အိတ္နဲ႔ အထုပ္တစ္ထုပ္ကိုခ်ိတ္ထားတာေတြ႔လို႔ သက္ဆိုင္ရာကို အေၾကာင္းၾကားတယ္။ နယ္ေျမခံတပ္နဲ႔ ရဲတပ္ဖြ႔ဲေတြ သြားေရာက္ၿပီး တပ္ကပဲ အဲဒီမိုင္းကို သက္မဲ့ျဖစ္ေအာင္ ရွင္းလင္းေပးထားပါတယ္” ဟု မူဆယ္ၿမိဳ႕မရဲတပ္ဖြဲ႔မွ ရဲအရာရွိတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရန္ကုန္မွ မူဆယ္သို႔ ဆန္တင္ေဆာင္လာသည့္ အဆိုပါယာဥ္သည္ ဇန္နဝါရီလ (၁၁) ရက္ေန႔တြင္ စတင္ထြက္ခြာလာခဲ့ျခင္းျဖစ္ၿပီး (၁၀၅) မိုင္သို႔ မေရာက္မီ လမ္းခရီးတစ္ေလွ်ာက္တြင္ (၃) ႀကိမ္ ညအိပ္ရပ္နားခဲ့ရာ မည္သည့္ေနရာတြင္ မည္သည့္အဖဲြ႕က လာေရာက္တပ္ဆင္ထားသည္ကို မသိရေသးေၾကာင္း သိရသည္။

မူဆယ္(၁၀၅) မိုင္ စစ္ေဆးေရးဇုံနယ္နိမိတ္အတြင္း ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလအတြင္း ယခုတစ္ႀကိမ္အပါအဝင္ မေပါက္ကြဲေသးသည့္ မုိင္းကို (၄)ႀကိမ္ေတြ႔ရိွ ရွင္းလင္းခဲ့ရၿပီးျဖစ္ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင် မိုင်းတပ်ဆင်ထားသည့် ကုန်တင်ယာဉ်တစ်စီး တွေ့ရှိ
******
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ (၁၀၅)မိုင်ကုန်သွယ်ရေးဇုန် ကုန်စစ်ဆေးရေးကွင်းအတွင်း ဇန်နဝါရီလ (၁၄) ရက်နေ့ နံနက်(၁၀)နာရီခန့်က (၂၂)ဘီးယာဉ်တစ်စီးတွင် မိုင်းတစ်လုံးတပ်ဆင်ထားသည်ကို တွေ့ရသဖြင့် သက်ဆိုင်ရာမှ ရှင်းလင်းဖယ်ရှားပေးခဲ့ရကြောင်း မူဆယ်မြို့မရဲတပ်ဖွဲ့ထံမှ သိရသည်။

“အဲဒီကားက ဒီမနက်အစောပိုင်းက (၁၀၅)မိုင် တိုးဂိတ်အနီးမှာ ခေတ္တညအိပ်ရပ်နားခဲ့ပြီးတော့ မနက် (၁၀)နာရီဝန်းကျင်မှာ (၁၀၅)မိုင် ကုန်စစ်ဆေးရေးကွင်းထဲကိုရောက်တယ်။ အဲဒီမှာ ယာဉ်အကူဖြစ်သူက ယာဉ်ကိုစစ်ဆေးရင်းနဲ့ တွဲဖရိန်ရဲ့ဝဲဘက်၊ ထောက်တိုင်အနီးမှာ မသင်္ကာဖွယ်ရာ အဖြူရောင်အိတ်နဲ့ အထုပ်တစ်ထုပ်ကိုချိတ်ထားတာတွေ့လို့ သက်ဆိုင်ရာကို အကြောင်းကြားတယ်။ နယ်မြေခံတပ်နဲ့ ရဲတပ်ဖွဲ့တွေ သွားရောက်ပြီး တပ်ကပဲ အဲဒီမိုင်းကို သက်မဲ့ဖြစ်အောင် ရှင်းလင်းပေးထားပါတယ်” ဟု မူဆယ်မြို့မရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရန်ကုန်မှ မူဆယ်သို့ ဆန်တင်ဆောင်လာသည့် အဆိုပါယာဉ်သည် ဇန်နဝါရီလ (၁၁) ရက်နေ့တွင် စတင်ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး (၁၀၅) မိုင်သို့ မရောက်မီ လမ်းခရီးတစ်လျှောက်တွင် (၃) ကြိမ် ညအိပ်ရပ်နားခဲ့ရာ မည်သည့်နေရာတွင် မည်သည့်အဖွဲ့က လာရောက်တပ်ဆင်ထားသည်ကို မသိရသေးကြောင်း သိရသည်။

မူဆယ်(၁၀၅) မိုင် စစ်ဆေးရေးဇုံနယ်နိမိတ်အတွင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ယခုတစ်ကြိမ်အပါအဝင် မပေါက်ကွဲသေးသည့် မိုင်းကို (၄)ကြိမ်တွေ့ရှိ ရှင်းလင်းခဲ့ရပြီးဖြစ်ကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~