ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဦးဆောင်၍ မြို့နယ်စည်ပင် သာယာရေးကော်မတီ နှင့် ဈေးကော်မတီဝင်များ အပါအ၀င် တာဝန်ရှိသူများ ပူးပေါင်းကာ မီးဘေး အန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် ဇာတ်တိုက်သရုပ်ပြမှုကို ဇန်န၀ါရီလ (၂၃)ရက်နေ့တွင် တာချီလိတ်မြို့မ(၀မ်ကောင်း)ဈေးတွင် ပြုလုပ်သည်။
ဈေးသူ၊ ဈေးသားများအား အသိပညာပေးမှုအဖြစ် ပြုလုပ်ပြီး ဈေးအဆောက်အဦးကို ရေပက်ဖျန်းပြခြင်းနှင့် မီးသတ်ဆေးဗူးအသုံးပြုမှုကိုလည်း လက်တွေ့ပြသ သင်ကြားပေးသည်။
တာချီလိတ်မြို့ပေါ်ရှိ ဈေးများတွင် မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးမှုများ ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်