မေကြးတိုင္းအတြင္း မီးစက္အသံုးျပဳေနရသည့္ တိုက္နယ္ေဆးရံု(၂၉)ရံုအတြက္ တုိင္းေဒသႀကီးအစိုးရက ဆီဖိုးတစ္ႏွစ္စာေထာက္ပံ့

မေကြးတိုင္းအတြင္း မီးစက္အသံုးျပဳေနရသည့္ တိုက္နယ္ေဆးရံု(၂၉)ရံုအတြက္ တုိင္းေဒသႀကီးအစိုးရက ဆီဖိုးတစ္ႏွစ္စာေထာက္ပံ့
ဇန်နဝါရီ 29, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးအတြင္းမွ မီးစက္အသံုးျပဳေနရသည့္ တိုက္နယ္ေဆးရံုမ်ားအား တစ္ႏွစ္စာ ဒီဇယ္ဆီဖိုး က်ပ္(၁၀)သိန္းႏႈန္းျဖင့္ စုစုေပါင္း က်ပ္ သိန္း(၂၉၀)ကို တိုင္းေဒသႀကီးအစိုးရအဖဲြ႔က ဇန္နဝါရီလ (၂၉)ရက္ေန႔တြင္ မေကြးတိုင္းေဒသႀကီး က်န္းမာေရးဦးစီးဌာနသို႔ ေပးအပ္လုိက္ေၾကာင္း သိရသည္။

တိုက္နယ္ေဆးရံုအခ်ိဳ႕တြင္ မီးစက္ေမာင္းရန္ ဆီမရိွ၍ ခဲြစိတ္မႈမ်ားတြင္ပင္ အခက္အခဲႀကံဳေနရသျဖင့္ ယင္းကဲ့သို႔ ကူညီေဆာင္ရြက္ေပးရန္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ဆံုးျဖတ္လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔တာဝန္ယူေနတဲ႔ အစိုးရသစ္လက္ထက္မွာ အရင္ကလိုမဟုတ္ဘဲ လိုအပ္ခ်က္ေတြကို ပြင္႔ပြင္႔လင္းလင္း တင္ျပၾကပါ။ တိုင္းေဒသႀကီး အစိုးရအေန နဲ႔ တင္ျပခ်က္ေတြအေပၚမွာ လိုအပ္သလို ျဖည့္ဆည္းေဆာင္ရြက္ေပးသြားပါမယ္"ဟု လူမႈေရးဝန္ႀကီး ေဒါက္တာခင္ေမာင္ေအးက ေျပာသည္။

ၿပီးခဲ႔သည့္ အစိုးရလက္ထက္က ေပ်ာက္ဆံုးခဲ႔သည္႔ ေရနံလက္ယက္တြင္းတိမ္လုပ္ငန္းမွရရိွေသာ တိုင္းေဒသႀကီးဖံြ႔ၿဖိဳးေရး ရန္ပံုေငြ က်ပ္ (၇) ဘီလီယံေက်ာ္အနက္မွ ျပန္လည္ရရိွခဲ႔သည့္ (၃.၂) ဘီလီယံ ေက်ာ္ထဲမွ ယခုကဲ႔သို႔ တိုက္နယ္ေဆးရံုမ်ား လွ်ပ္စစ္မီးရရိွေရးအတြက္ ေထာက္ပံ့ခဲ့ျခင္းျဖစ္ေၾကာင္း သိရ သည္။

"ပြင့္ပြင့္လင္းလင္းေျပာရရင္ တိုက္နယ္ဆရာဝန္ေတြတက္ခဲ႔ရတဲ႔ အခမ္းအနားေတြ သင္တန္းေတြ ထဲမွာ ဒီေန႔ အခမ္းအနားဟာ ေပ်ာ္စရာ အေကာင္းဆံုးပါပဲ။ ခါတိုင္းေတာ့ စရိတ္ေထာင္း၊ လူပင္ပန္းခံၿပီး ျပန္ခဲ့ၾကရတာ။ ဒီေန႔မွာ ကၽြန္ေတာ္တို႔ အတြက္ တကယ္လိုအပ္တဲ့ ေထာက္ပံ႔မႈရရိွခဲ႔တာပါပဲ ။ ဒီလိုေထာက္ပံ့ေပးဖို႔ စိတ္ကူး ရရိွခဲ့တဲ့ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳနဲ႔ အစိုးရအဖဲြ႔ကို ေက်းဇူးတင္ပါတယ္။ ေနာက္လည္း တုိက္နယ္ေဆးရံုေတြရဲ႕ လိုအပ္ခ်က္ေတြအေပၚ ေထာက္ပံ့ ေပးသြားလိမ္႔မယ္လို႔ ေမွ်ာ္လင္႔ပါတယ္" ဟု ေတာင္တြင္းႀကီးၿမိဳ႕နယ္ ကုကၠိဳကုန္းတိုက္နယ္ေဆးရံုမွ ေဒါက္တာေက်ာ္ဇင္လတ္က ေျပာသည္။

မေကြးတိုင္းေဒသႀကီးအတြင္းရိွ တိုက္နယ္ေဆးရံု(၇၂)ရံုအနက္မွ ဆိုလာမီးရိွသည္႔ ေဆးရံုမ်ားကိုခ်န္လွပ္၍ မီးစက္ရိွသည္႔ တိုက္နယ္ေဆးရံု(၂၉)ရံုအတြက္ တစ္ႏွစ္စာ ဒီဇယ္ဆီဖိုး ေဆးရံုတစ္ရံုလွ်င္ က်ပ္ (၁၀)သိန္းစီျဖင္႔ က်ပ္ သိန္း(၂၉၀)ကို ေထာက္ပံ႔ေပးခဲ႔ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု #ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီးအတွင်းမှ မီးစက်အသုံးပြုနေရသည့် တိုက်နယ်ဆေးရုံများအား တစ်နှစ်စာ ဒီဇယ်ဆီဖိုး ကျပ်(၁၀)သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ် သိန်း(၂၉၀)ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ဇန်နဝါရီလ (၂၉)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနသို့ ပေးအပ်လိုက်ကြောင်း သိရသည်။

တိုက်နယ်ဆေးရုံအချို့တွင် မီးစက်မောင်းရန် ဆီမရှိ၍ ခွဲစိတ်မှုများတွင်ပင် အခက်အခဲကြုံနေရသဖြင့် ယင်းကဲ့သို့ ကူညီဆောင်ရွက်ပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့တာဝန်ယူနေတဲ့ အစိုးရသစ်လက်ထက်မှာ အရင်ကလိုမဟုတ်ဘဲ လိုအပ်ချက်တွေကို ပွင့်ပွင့်လင်းလင်း တင်ပြကြပါ။ တိုင်းဒေသကြီး အစိုးရအနေ နဲ့ တင်ပြချက်တွေအပေါ်မှာ လိုအပ်သလို ဖြည့်ဆည်းဆောင်ရွက်ပေးသွားပါမယ်"ဟု လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက ပြောသည်။

ပြီးခဲ့သည့် အစိုးရလက်ထက်က ပျောက်ဆုံးခဲ့သည့် ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းမှရရှိသော တိုင်းဒေသကြီးဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် (၇) ဘီလီယံကျော်အနက်မှ ပြန်လည်ရရှိခဲ့သည့် (၃.၂) ဘီလီယံ ကျော်ထဲမှ ယခုကဲ့သို့ တိုက်နယ်ဆေးရုံများ လျှပ်စစ်မီးရရှိရေးအတွက် ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

"ပွင့်ပွင့်လင်းလင်းပြောရရင် တိုက်နယ်ဆရာဝန်တွေတက်ခဲ့ရတဲ့ အခမ်းအနားတွေ သင်တန်းတွေ ထဲမှာ ဒီနေ့ အခမ်းအနားဟာ ပျော်စရာ အကောင်းဆုံးပါပဲ။ ခါတိုင်းတော့ စရိတ်ထောင်း၊ လူပင်ပန်းခံပြီး ပြန်ခဲ့ကြရတာ။ ဒီနေ့မှာ ကျွန်တော်တို့ အတွက် တကယ်လိုအပ်တဲ့ ထောက်ပံ့မှုရရှိခဲ့တာပါပဲ။ ဒီလိုထောက်ပံ့ပေးဖို့ စိတ်ကူး ရရှိခဲ့တဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ အစိုးရအဖွဲ့ကို ကျေးဇူးတင်ပါတယ်။ နောက်လည်း တိုက်နယ်ဆေးရုံတွေရဲ့ လိုအပ်ချက်တွေအပေါ် ထောက်ပံ့ ပေးသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု တောင်တွင်းကြီးမြို့နယ် ကုက္ကိုကုန်းတိုက်နယ်ဆေးရုံမှ ဒေါက်တာကျော်ဇင်လတ်က ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုက်နယ်ဆေးရုံ(၇၂)ရုံအနက်မှ ဆိုလာမီးရှိသည့် ဆေးရုံများကိုချန်လှပ်၍ မီးစက်ရှိသည့် တိုက်နယ်ဆေးရုံ(၂၉)ရုံအတွက် တစ်နှစ်စာ ဒီဇယ်ဆီဖိုး ဆေးရုံတစ်ရုံလျှင် ကျပ် (၁၀)သိန်းစီဖြင့် ကျပ် သိန်း(၂၉၀)ကို ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~