တာခ်ီလိတ္ခရိုင္၏ ၁၅ ႀကိမ္ေျမာက္ လားဟူတိုင္းရင္းသားရိုးရာ စုေပါင္းနွစ္သစ္ကူးပြဲေတာ္၏ ေနာက္ဆံုးေန႔အား အခမ္းအနားျဖင့္ က်င္းပ

တာခ်ီလိတ္ခရိုင္၏ ၁၅ ႀကိမ္ေျမာက္ လားဟူတိုင္းရင္းသားရိုးရာ စုေပါင္းနွစ္သစ္ကူးပြဲေတာ္၏ ေနာက္ဆံုးေန႔အား အခမ္းအနားျဖင့္ က်င္းပ
ဇန်နဝါရီ 20, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၏ (၁၅)ႀကိမ္ေျမာက္ လားဟူတိုင္းရင္းသား ရိုးရာစုေပါင္း ႏွစ္သစ္ကူး ပြဲေတာ္၏ ေနာက္ဆံုးေန႔ အျဖစ္ အခမ္းအနားျဖင့္ ဇန္န၀ါရီလ (၂၀)ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းကိုးေက်းရြာ အုပ္စု၊ ပါဘီး(၁)ေက်းရြာတြင္ က်င္းပသည္။

သံုးရက္တာ က်င္းပသည့္ အဆိုပါ ႏွစ္သစ္ကူးပြဲေတာ္တြင္ ေဖ်ာ္ေျဖေရး အစီအစဥ္မ်ား၊ လားဟူ တိုင္းရင္းသားရိုးရာ ေျမဝိုင္းအကမ်ားနွင့္ လားဟူတိုင္းရင္းသား ရိုးရာ အားကစားၿပိဳင္ပြဲမ်ားလည္း ထည့္သြင္း က်င္းပခဲ့ၿပီး ေနာက္ဆံုးေန႔တြင္ ႏွစ္သစ္ကူးအထိမ္းအမွတ္အခမ္းအနားကို က်င္းပျခင္း ျဖစ္ေၾကာင္း ႏွင့္ အစီအစဥ္အား ႏွစ္ပိုင္းခြဲထားကာ ေန႔ပိုင္းတြင္ ရိုးရာအဆိုအကမ်ား ရိုးရာ ဓေလ့ေဖ်ာ္ေျဖမႈမ်ား ျပဳလုပ္ခဲ့ၿပီး ျဖစ္ၿပီး ညပိုင္းတြင္ ေခတ္ေပၚေတးဂီတမ်ားျဖင့္ တင္ဆက္သြားရာ ဇန္န၀ါရီလ(၂၀)ရက္ေန႔ ညပိုင္းတြင္လည္း ရွမ္းအဆိုေတာ္ စိုင္းဟန္လ်န္း ႏွင့္ အာခါဆိုေတာ္ လီဂါ(အာခါမ်ဳိးႀကီး)တို႔ အပါအ၀င္ လားဟူတိုင္းရင္းသား အဆိုေတာ္မ်ားကလည္း သီဆိုေဖ်ာ္ေျဖသြားၾကမည္ျဖစ္ေၾကာင္း သိရသည္။

ေနာက္ဆံုးေန႔ က်င္းပသည့္ ႏွစ္သစ္ကူး အထိမ္းအမွတ္ အခမ္းအနားတြင္ ႏိုင္ငံေတာ္အလံအား အေလးျပဳျခင္း၊ ႏွစ္သစ္ကူး အထိမ္းအမွတ္ ဖဲႀကိဳးျဖတ္ျခင္း၊ ႀတိဂံေဒသတုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴးဗိုလ္ခ်ဳပ္ ေအာင္ေဇာ္ေအးက ႏွစ္သစ္ကူး အမွာစကား ေျပာၾကားျခင္း၊ လားဟူတိုင္းရင္းသားေရးရာဝန္ႀကီး ဦးေယာသပ္က ႏွစ္သစ္ကူး အမွာစကားေျပာၾကားျခင္း၊ လားဟူဘာသာစကား keyboard တီထြင္သူ တာခ်ီလိတ္ခရိုင္ လားဟူစာေပႏွင့္ ယဥ္ေက်းမႈတြဲဖက္ အတြင္းေရးမွဴး ဦးဂီးမြန္အား ဂုဏ္ျပဳဆုခ်ီးျမႇင့္ျခင္း၊ လားဟူတိုင္းရင္းသားမ်ား ကိုယ္စား တာခ်ီလိတ္ခရိုင္ လားဟူစာေပႏွင့္ ယဥ္ေက်းမႈအဖဲြ႕ အတြင္းေရးမွဴး ဦးက်ေဒါေလာက ေက်းဇူးတင္ စကားေျပာၾကားျခင္း ႏွင့္ လားဟူတိုင္းရင္းသားရိုးရာ လက္ေဆး မဂၤလာခံယူျခင္းတို႔ လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

ဓါတ္ပံု - ေအာင္ေက်ာ္၀င္းစိန္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၏ (၁၅)ကြိမ်မြောက် လားဟူတိုင်းရင်းသား ရိုးရာစုပေါင်း နှစ်သစ်ကူး ပွဲတော်၏ နောက်ဆုံးနေ့ အဖြစ် အခမ်းအနားဖြင့် ဇန်နဝါရီလ (၂၀)ရက်နေ့က တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာ အုပ်စု၊ ပါဘီး(၁)ကျေးရွာတွင် ကျင်းပသည်။

သုံးရက်တာ ကျင်းပသည့် အဆိုပါ နှစ်သစ်ကူးပွဲတော်တွင် ဖျော်ဖြေရေး အစီအစဉ်များ၊ လားဟူ တိုင်းရင်းသားရိုးရာ မြေဝိုင်းအကများနှင့် လားဟူတိုင်းရင်းသား ရိုးရာ အားကစားပြိုင်ပွဲများလည်း ထည့်သွင်း ကျင်းပခဲ့ပြီး နောက်ဆုံးနေ့တွင် နှစ်သစ်ကူးအထိမ်းအမှတ်အခမ်းအနားကို ကျင်းပခြင်း ဖြစ်ကြောင်း နှင့် အစီအစဉ်အား နှစ်ပိုင်းခွဲထားကာ နေ့ပိုင်းတွင် ရိုးရာအဆိုအကများ ရိုးရာ ဓလေ့ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ပြီး ညပိုင်းတွင် ခေတ်ပေါ်တေးဂီတများဖြင့် တင်ဆက်သွားရာ ဇန်နဝါရီလ(၂၀)ရက်နေ့ ညပိုင်းတွင်လည်း ရှမ်းအဆိုတော် စိုင်းဟန်လျန်း နှင့် အာခါဆိုတော် လီဂါ(အာခါမျိုးကြီး)တို့ အပါအဝင် လားဟူတိုင်းရင်းသား အဆိုတော်များကလည်း သီဆိုဖျော်ဖြေသွားကြမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးနေ့ ကျင်းပသည့် နှစ်သစ်ကူး အထိမ်းအမှတ် အခမ်းအနားတွင် နိုင်ငံတော်အလံအား အလေးပြုခြင်း၊ နှစ်သစ်ကူး အထိမ်းအမှတ် ဖဲကြိုးဖြတ်ခြင်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် အောင်ဇော်အေးက နှစ်သစ်ကူး အမှာစကား ပြောကြားခြင်း၊ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးယောသပ်က နှစ်သစ်ကူး အမှာစကားပြောကြားခြင်း၊ လားဟူဘာသာစကား keyboard တီထွင်သူ တာချီလိတ်ခရိုင် လားဟူစာပေနှင့် ယဉ်ကျေးမှုတွဲဖက် အတွင်းရေးမှူး ဦးဂီးမွန်အား ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ လားဟူတိုင်းရင်းသားများ ကိုယ်စား တာချီလိတ်ခရိုင် လားဟူစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး ဦးကျဒေါလောက ကျေးဇူးတင် စကားပြောကြားခြင်း နှင့် လားဟူတိုင်းရင်းသားရိုးရာ လက်ဆေး မင်္ဂလာခံယူခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~