အဆိုပါ ပူးေပါင္းေဆာင္ရြက္မႈတြင္ ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ႏွင့္အတူ ရဲတပ္ဖဲြ႔၊ ဌာနဆိုင္ရာမ်ား၊ ပရဟိတ အသင္းမ်ားပါဝင္ၾကၿပီး အမ်ားျပည္သူ သတိျပဳမိေစရန္ ၿမိဳ႕မေစ်းႀကီး၌ ေလ့က်င့္မႈေဆာင္ရြက္ေၾကာင္း သိရသည္။
"ေခ်ာက္ၿမိဳ႕နယ္ဟာ အရမ္းပူျပင္းေျခာက္ေသြ႕တဲ႔ ေရနံေျမေဒသျဖစ္ေနတာေၾကာင့္ မီးေဘးအႏၲရာယ္ကို အထူး ဂရုစိုက္ရမယ္႔ ေဒသျဖစ္ပါတယ္။ ဒါေၾကာင္႔ မျဖစ္ခင္ႀကိဳတင္ကာကြယ္တဲ႔အေနနဲ႔ ဒီလိုဇာတ္တိုက္ေလ႔က်င္႔မႈ ေတြကို ပရဟိတအသင္းေတြ၊ ဌာနဆိုင္ရာေတြနဲ႔ ပူးေပါင္းျပဳလုပ္ရတာပါ" ဟု ေခ်ာက္ၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕ ဦးစီးမွဴး ဦးစိုးၫြန္႔ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
မီးေလာင္မႈျဖစ္ပြားပါက က႑အလိုက္ေဆာင္ရြက္ရမည္မ်ားကို သိရိွေစရန္ ယင္းကဲ့သုိ႔ ေလ့က်င့္ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။
ေခ်ာက္ၿမိဳ႕နယ္အတြင္း ၂၀၁၆ခုနွစ္က မီးေလာင္မႈအႀကိမ္ေရ (၁၀)ႀကိမ္ျဖစ္ပြားခဲ့ၿပီး ၂၀၁၇ခုႏွစ္တြင္ မီးေလာင္မႈ (၈)ႀကိမ္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
သတင္း၊ဓါတ္ပံု #ဖီးနစ္
*********
မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် မီးသတ်တပ်ဖွဲ့နှင့် အတူ ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူများ ပူးပေါင်း၍ မီးငြိှမ်းသတ်ခြင်းလေ့ကျင့်မှုကို ဇန်နဝါရီလ (၁၄)ရက်နေ့က ဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှုတွင် မြို့နယ်မီးသတ်တပ်ဖွဲ့နှင့်အတူ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ ပရဟိတ အသင်းများပါဝင်ကြပြီး အများပြည်သူ သတိပြုမိစေရန် မြို့မစျေးကြီး၌ လေ့ကျင့်မှုဆောင်ရွက်ကြောင်း သိရသည်။
"ချောက်မြို့နယ်ဟာ အရမ်းပူပြင်းခြောက်သွေ့တဲ့ ရေနံမြေဒေသဖြစ်နေတာကြောင့် မီးဘေးအန္တရာယ်ကို အထူး ဂရုစိုက်ရမယ့် ဒေသဖြစ်ပါတယ်။ ဒါကြောင့် မဖြစ်ခင်ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒီလိုဇာတ်တိုက်လေ့ကျင့်မှု တွေကို ပရဟိတအသင်းတွေ၊ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြုလုပ်ရတာပါ" ဟု ချောက်မြို့နယ် မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးစိုးညွန့် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မီးလောင်မှုဖြစ်ပွားပါက ကဏ္ဍအလိုက်ဆောင်ရွက်ရမည်များကို သိရှိစေရန် ယင်းကဲ့သို့ လေ့ကျင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ချောက်မြို့နယ်အတွင်း ၂၀၁၆ခုနှစ်က မီးလောင်မှုအကြိမ်ရေ (၁၀)ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၀၁၇ခုနှစ်တွင် မီးလောင်မှု (၈)ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ #ဖီးနစ်