သစ္ခြဲသားမ်ား တရားမဝင္တင္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္ ေရေျမာင္းတြင္း ထုိးက်၍ သံုးဦးေသ၊ ႏွစ္ဦးဒဏ္ရာရ

သစ္ခြဲသားမ်ား တရားမဝင္တင္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္ ေရေျမာင္းတြင္း ထုိးက်၍ သံုးဦးေသ၊ ႏွစ္ဦးဒဏ္ရာရ
ဇန်နဝါရီ 20, 2018
By 🌸
မေကြးတိုင္းေဒသႀကီး ၊ မင္းဘူခရိုင္၊ ပြင့္ျဖဴ ၿမိဳ႕နယ္ မဲဇလီ - ေရွာက္ေတာေက်းရြာလမ္း မုန္းေျမာင္းမႀကီးေျမာင္းေဘာင္တြင္ သစ္တစ္တန္ခြဲခန္႔ တရားမဝင္သယ္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီး ဇန္နဝါရီလ (၂၀)ရက္ေန႔က ေရေျမာင္းတြင္း ထိုးက်သြား၍ သံုးဦးေသၿပီး ႏွစ္ဦးဒဏ္ရာရသြားေၾကာင္း သိရသည္။

သစ္မ်ားတင္လာသည့္ (၆)ဘီးယာဥ္သည္ နံနက္(၃)နာရီခြဲဝန္းက်င္တြင္ ေျမာက္မုန္းေျမာင္းမႀကီး ေျမာင္းေဘာင္အတိုင္း မဲဇလီ-ေရွာက္ေတာေက်းရြာဘက္သုိ႔ ေမာင္းႏွင္လာစဥ္ ကနီေက်းရြာႏွင့္ မဒဲ႕ေက်းရြာၾကား ေထာင္တိုက္အမွတ္ (၂၃)အနီးသို႔အေရာက္တြင္ ေျမာင္းအတြင္းသို႔ ထိုးက်တိမ္းေမွာက္ သြားျခင္းျဖစ္ေၾကာင္း သိရသည္။

ယာဥ္ေပၚပါလာသည့္ အမ်ိဳးသား(၅)ဦး အနက္ ႏွစ္ဦး ျပင္းထန္စြာ ဒဏ္ရာရရွိၿပီး သံုးဦးမွာ ေရေျမာင္းအတြင္း သစ္ခြဲသားမ်ားပိ၍ ေရနစ္ေသဆံုးသြားေၾကာင္း သိရသည္။

အဆိုပါယာဥ္တိမ္းေမွာက္မႈႏွင့္ပတ္သက္၍ ယာဥ္ေမာင္း ေက်ာ္ထက္ဦးအား ပြင့္ျဖဴၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၁/၂၀၁၈/ရာဇသတ္ႀကီးပုဒ္မ-၃၀၄-က/၃၃၈/၃၃၇ျဖင့္ အမႈဖြင့္ အေရးယူေဆာင္ရြက္ထားေၾကာင္းသိရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
သစ်ခွဲသားများ တရားမဝင်တင်ဆောင်လာသည့် မော်တော်ယာဉ် ရေမြောင်းတွင်း ထိုးကျ၍ သုံးဦးသေ၊ နှစ်ဦးဒဏ်ရာရ
*********
မကွေးတိုင်းဒေသကြီး ၊ မင်းဘူခရိုင်၊ ပွင့်ဖြူ မြို့နယ် မဲဇလီ - ရှောက်တောကျေးရွာလမ်း မုန်းမြောင်းမကြီးမြောင်းဘောင်တွင် သစ်တစ်တန်ခွဲခန့် တရားမဝင်သယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး ဇန်နဝါရီလ (၂၀)ရက်နေ့က ရေမြောင်းတွင်း ထိုးကျသွား၍ သုံးဦးသေပြီး နှစ်ဦးဒဏ်ရာရသွားကြောင်း သိရသည်။

သစ်များတင်လာသည့် (၆)ဘီးယာဉ်သည် နံနက်(၃)နာရီခွဲဝန်းကျင်တွင် မြောက်မုန်းမြောင်းမကြီး မြောင်းဘောင်အတိုင်း မဲဇလီ-ရှောက်တောကျေးရွာဘက်သို့ မောင်းနှင်လာစဉ် ကနီကျေးရွာနှင့် မဒဲ့ကျေးရွာကြား ထောင်တိုက်အမှတ် (၂၃)အနီးသို့အရောက်တွင် မြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက် သွားခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်ပေါ်ပါလာသည့် အမျိုးသား(၅)ဦး အနက် နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိပြီး သုံးဦးမှာ ရေမြောင်းအတွင်း  သစ်ခွဲသားများပိ၍ ရေနစ်သေဆုံးသွားကြောင်း သိရသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ယာဉ်မောင်း ကျော်ထက်ဦးအား ပွင့်ဖြူမြို့မရဲစခန်းတွင် ယာဉ်(ပ)၁/၂၀၁၈/ရာဇသတ်ကြီးပုဒ်မ-၃၀၄-က/၃၃၈/၃၃၇ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~