မိုင္းယုၿမိဳ႕တြင္းမွ တံျမက္စည္းပင္မ်ား တရုတ္ႏုိင္ငံသို႔ တင္ပို႔မႈ ယခုႏွစ္အတြင္း ေလ်ာ့က်သြား

မိုင္းယုၿမိဳ႕တြင္းမွ တံျမက္စည္းပင္မ်ား တရုတ္ႏုိင္ငံသို႔ တင္ပို႔မႈ ယခုႏွစ္အတြင္း ေလ်ာ့က်သြား
ဇန်နဝါရီ 27, 2018
By Tachileik News Agency

တရုတ္ႏုိင္ငံ ႏွင့္ နယ္စပ္ ရွမ္းျပည္နယ္(အေရွ႕ပိ္ုင္း) တာခ်ီလိတ္ခ႐ိုင္အတြင္းရိွ မိုင္းေယာင္းၿမိဳ႕နယ္နွင့္ မိုင္းယုၿမိဳ႕အတြင္းမွ တံျမက္စည္းပင္မ်ားအား တရုတ္ႏိုင္ငံသို႔ တင္ပို႔ႏိုင္မႈမွာ ယခုႏွစ္အတြင္း ေလ်ာ့က်သြားေၾကာင္း ေဒသတြင္း တံျမက္စည္းပင္ တင္ပို႔ေနသူမ်ားထံမွ သိရသည္။

မိုင္းေယာင္းၿမိဳ႕နယ္ရွိ ေဟြ႕ထမ္းေက်းရြာ၊ မိုင္းယုၿမိဳ႕တြင္ ဝမ္တာၾကန္႔ေက်းရြာႏွင့္ ဝမ္ေပါ့ေက်းရြာတို႔တြင္ တံျမက္စည္း လုပ္ငန္း အမ်ားဆံုးလုပ္ၾကျခင္းျဖစ္ၿပီး ယခုႏွစ္အတြင္း တံျမက္စည္းပင္ရရိွမႈ နည္းလာျခင္းျဖစ္ေၾကာင္း သိရသည္။

မိုင္းေယာင္းၿမိဳ႕နယ္ႏွင့္ မိုင္းယုၿမိဳ႕ဝန္းက်င္တို႔ရိွ ေတာေတာင္မ်ားတြင္ တံျမက္စည္းပင္မ်ား ေပါက္ေရာက္ေလ့ရိွၿပီး ယခင္ႏွစ္မ်ားက တစ္ဦးလွ်င္ ေန႔စဥ္ တံျမက္စည္းပင္အစို တစ္ရက္လွ်င္  ကီလို ေလးဆယ္မွ ငါးဆယ္ကီလိုအထိ ရွာေဖြရရိွႏိုင္ေၾကာင္း သိရသည္။

တံျမက္စည္းပင္မ်ားအား အေျခာက္လွမ္းကာ ေဒသတြင္းကုန္သည္မ်ားမွတစ္ဆင့္ တရုတ္ႏိုင္ငံသို႔ တင္ပို႔ျခင္းအျပင္ တံျမက္စည္းျပဳလုပ္ၿပီး ေဒသတြင္းေစ်းကြက္သို႔လည္း တင္ပို႔ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ကိုနိုင္(MYu)


~~~~~~~~⊰❂ unicode ~~~~~~~~

တရုတ်နိုင်ငံ နှင့် နယ်စပ် ရှမ်းပြည်နယ်(အရှေ့ပို်င်း) တာချီလိတ်ခရိုင်အတွင်းရှိ မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုမြို့အတွင်းမှ တံမြက်စည်းပင်များအား တရုတ်နိုင်ငံသို့ တင်ပို့နိုင်မှုမှာ ယခုနှစ်အတွင်း လျော့ကျသွားကြောင်း ဒေသတွင်း တံမြက်စည်းပင် တင်ပို့နေသူများထံမှ သိရသည်။

မိုင်းယောင်းမြို့နယ်ရှိ ဟွေ့ထမ်းကျေးရွာ၊ မိုင်းယုမြို့တွင် ဝမ်တာကြန့်ကျေးရွာနှင့် ဝမ်ပေါ့ကျေးရွာတို့တွင် တံမြက်စည်း လုပ်ငန်း အများဆုံးလုပ်ကြခြင်းဖြစ်ပြီး ယခုနှစ်အတွင်း တံမြက်စည်းပင်ရရှိမှု နည်းလာခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုမြို့ဝန်းကျင်တို့ရှိ တောတောင်များတွင် တံမြက်စည်းပင်များ ပေါက်ရောက်လေ့ရှိပြီး ယခင်နှစ်များက တစ်ဦးလျှင် နေ့စဉ် တံမြက်စည်းပင်အစို တစ်ရက်လျှင် ကီလို လေးဆယ်မှ ငါးဆယ်ကီလိုအထိ ရှာဖွေရရှိနိုင်ကြောင်း သိရသည်။

တံမြက်စည်းပင်များအား အခြောက်လှမ်းကာ ဒေသတွင်းကုန်သည်များမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ခြင်းအပြင် တံမြက်စည်းပြုလုပ်ပြီး ဒေသတွင်းဈေးကွက်သို့လည်း တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုနိုင်(MYu)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~