ကျိုင်းတုံမြို့ ပန်ကွဲကျေးရွာ ဗုဒ္ဓဥယျာဉ်မှ အဘယရာဇမုနိရုပ်ပွားတော် ဌာပနာသွင်းလှူခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ကျင်းပ

ကျိုင်းတုံမြို့ ပန်ကွဲကျေးရွာ ဗုဒ္ဓဥယျာဉ်မှ အဘယရာဇမုနိရုပ်ပွားတော် ဌာပနာသွင်းလှူခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ကျင်းပ
ဇနျနဝါရီ 30, 2018
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ပန်ကွဲကျေးရွာ ဗုဒ္ဓဥယျာဉ်တော်ရှိ ဥာဏ်တော်(၇၂)ပေရှိသော အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီး ဌာပနာတော် သွင်းလှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် အခမ်းအနားကို ဇန်န၀ါရီလ (၃၀)ရက်နေ့က ကျင်းပသည်။


ဥာဏ်တော်(၇၂)ပေရှိသော အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးကို မန္တလေးယဉ်ကျေးမှုတက္ကသိုလ်မှ ပညာရှင်ပါမောက္ခ ဦးဇော်သန်းထွဋ်နှင့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးတို့မှ ပုံစံရေးဆွဲခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အတည်ပြုရွေးချယ်သတ်မှတ်ကာ ရင်ပြင်တော်အကျယ် (၁၈၀)ပေ၊ (၁၅၀)ပေတွင် ပလ္လင်တော်အမြင့် (၁၈)ပေ၊ ဥာဏ်တော်အမြင့် (၅၄)ပေ၊ စုစုပေါင်း (၇၂)ပေရှိကြောင်း သိရသည်။


အဆိုပါရုပ်ပွားတော်အား ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့ကတည်းက စတင် တည်ထားနေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓါတ်ပုံ #ဇွဲမြတ်





~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ပန်ကွဲကျေးရွာ ဗုဒ္ဓဥယျာဉ်တော်ရှိ ဉာဏ်တော်(၇၂)ပေရှိသော အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီး ဌာပနာတော် သွင်းလှူပူဇော်ခြင်းနှင့် ဗုဒ္ဓာဘိသေက အနေကဇာတင် အခမ်းအနားကို ဇန်နဝါရီလ (၃၀)ရက်နေ့က ကျင်းပသည်။

ဘုရားဒါယကာ မြန်မာမှုပညာရှင် ဦးဇော်သန်းထွဋ်၊ ပန်းတမော့ပညာရှင် ဦးကျော်ကျော်နှင့် မြန်မာမှုပညာရှင် ဦးစဝင်းကြည်တို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ဂုဏ်ပြုဆုငွေ ကျပ်သိန်း(၃၀)စီ ချီးမြှင့်လိုက်ကြောင်း သိရသည်။

ဉာဏ်တော်(၇၂)ပေရှိသော အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးကို မန္တလေးယဉ်ကျေးမှုတက္ကသိုလ်မှ ပညာရှင်ပါမောက္ခ ဦးဇော်သန်းထွဋ်နှင့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးတို့မှ ပုံစံရေးဆွဲခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အတည်ပြုရွေးချယ်သတ်မှတ်ကာ ရင်ပြင်တော်အကျယ် (၁၈၀)ပေ၊ (၁၅၀)ပေတွင် ပလ္လင်တော်အမြင့် (၁၈)ပေ၊ ဉါဏ်တော်အမြင့် (၅၄)ပေ၊ စုစုပေါင်း (၇၂)ပေရှိကြောင်း သိရသည်။

အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိများ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ စက်ဘက်ဆိုင်ရာ အရာရှိကြီးများနှင့် ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များတက်ရောက်ကြောင်း သိရသည်။

အဆိုပါရုပ်ပွားတော်အား ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့ကတည်းက စတင် တည်ထားနခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~