ေတာင္ႀကီးတြင္ သက္တမ္းလြန္ ကုန္ပစၥည္းေရာင္းခ်သူအား တုိင္ၾကား၍ တန္ဖိုးေငြ ျပန္လည္ေပးေလ်ာ္

ေတာင္ႀကီးတြင္ သက္တမ္းလြန္ ကုန္ပစၥည္းေရာင္းခ်သူအား တုိင္ၾကား၍ တန္ဖိုးေငြ ျပန္လည္ေပးေလ်ာ္
ဇန်နဝါရီ 5, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ သက္တမ္းလြန္ ကုန္စည္ေရာင္းခ်မႈအား စားသံုးသူေရးရာ ဦးစီးဌာနသုိ႔ ဇန္နဝါရီလ (၄)ရက္ေန႔က တိုင္ၾကားသျဖင့္ ေရာင္းခ်သူက တန္ဖိုးေငြ ျပန္လည္ေပးေလ်ာ္ၿပီး သက္တမ္းလြန္ ကုန္ပစၥည္းမ်ားအား ဖ်က္ဆီးရန္ ေပးအပ္ျခင္းျဖင့္ ေျဖရွင္းထားေၾကာင္း သိရသည္။

သက္တမ္းလြန္ကုန္စည္မ်ားကို ေရာင္းခ်ေၾကာင္း ေငြေျပစာႏွင့္ ကုန္စည္မ်ား ယူေဆာင္လာၿပီး ရွမ္းျပည္နယ္ စားသံုးသူ ေရးရာဦးစီးဌာနတြင္ တုိင္ၾကားမႈပံုစံ ျဖည့္စြက္တုိင္ၾကားထားျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီလို သက္တမ္းလြန္ ကုန္စည္ေတြကိုလည္း ထပ္မံမေရာင္းခ်ဖို႔ ဆိုင္ရွင္ကိုလည္း ဝန္ခံကတိလက္မွတ္ေတြ ေရးထိုး ထားပါတယ္။ ထပ္မံမေရာင္းခ်ဖို႔ ထုတ္ျပန္ထားေပမဲ့လည္း ထပ္ေရာင္းခ်မယ္ဆိုရင္ ဥပေဒအရ သိမ္းဆည္း အေရးယူရမွာပါ။ ၂၀၁၇ ခုႏွစ္မွာေတာ့ တိုင္ၾကားမႈ ႏွစ္ႀကိမ္ရွိပါတယ္။ ၂၀၁၈ ခုႏွစ္မွာက ပထမဆံုး အႀကိမ္ တုိင္ၾကားမႈျဖစ္ပါတယ္။ ဒီလိုကုန္စည္ေတြကို ဌာနဆိုင္ရာတစ္ခုတည္းနဲ႕ ေဆာင္ရြက္လို႔ ရတာ ရွိ္သလို မရတာေတြလည္း ရွိတယ္။ စားသံုးသူအေနနဲ႕လည္း ကိုယ္ဝယ္ယူတဲ့ ကုန္စည္ကို လိပ္စာေတြ၊ FDA ေထာက္ခံခ်က္ေတြ၊ ရက္စြဲေတြ၊ အရည္အေသြး ေထာက္ခံခ်က္ေတြကို ေသခ်ာေမးၿပီးမွ ဝယ္ယူသင့္ပါတယ္” ဟု ေတာင္ႀကီးၿမိဳ႕ စားသံုးသူေရးရာဦးစီးဌာန လက္ေထာက္ ညြန္ၾကားေရးမွဴဳး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါတိုင္ၾကားမႈအား စားသံုးသူတိုင္ၾကားမွဳ လက္ခံေဆာင္ရြက္ေရးလုပ္ငန္းေကာ္မတီက လက္ခံရယူၿပီးေနာက္ လုပ္ငန္းရွင္ႏွင့္ သြားေရာက္ေတြ႔ဆံုရာ ေရာင္းခ်ထားသည့္ တန္ဖိုးေငြ (၈၉၆၀၀) က်ပ္ ျပန္လည္ေပးေလ်ာ္ျခင္းႏွင့္ သက္တမ္းလြန္ကုန္စည္မ်ားကို ဖ်က္ဆီးရန္ လႊဲေျပာင္းအပ္ႏွံျခင္းမ်ား ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

သတင္း #ႏိုႏို
ဓါတ္ပံု #စားသံုးသူေရးရာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့တွင် သက်တမ်းလွန် ကုန်စည်ရောင်းချမှုအား စားသုံးသူရေးရာ ဦးစီးဌာနသို့ ဇန်နဝါရီလ (၄)ရက်နေ့က တိုင်ကြားသဖြင့် ရောင်းချသူက တန်ဖိုးငွေ ပြန်လည်ပေးလျော်ပြီး သက်တမ်းလွန် ကုန်ပစ္စည်းများအား ဖျက်ဆီးရန် ပေးအပ်ခြင်းဖြင့် ဖြေရှင်းထားကြောင်း သိရသည်။

သက်တမ်းလွန်ကုန်စည်များကို ရောင်းချကြောင်း ငွေပြေစာနှင့် ကုန်စည်များ ယူဆောင်လာပြီး ရှမ်းပြည်နယ် စားသုံးသူ ရေးရာဦးစီးဌာနတွင် တိုင်ကြားမှုပုံစံ ဖြည့်စွက်တိုင်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

“ဒီလို သက်တမ်းလွန် ကုန်စည်တွေကိုလည်း ထပ်မံမရောင်းချဖို့ ဆိုင်ရှင်ကိုလည်း ဝန်ခံကတိလက်မှတ်တွေ ရေးထိုး ထားပါတယ်။ ထပ်မံမရောင်းချဖို့ ထုတ်ပြန်ထားပေမဲ့လည်း ထပ်ရောင်းချမယ်ဆိုရင် ဥပဒေအရ သိမ်းဆည်း အရေးယူရမှာပါ။ ၂၀၁၇ ခုနှစ်မှာတော့ တိုင်ကြားမှု နှစ်ကြိမ်ရှိပါတယ်။ ၂၀၁၈ ခုနှစ်မှာက ပထမဆုံး အကြိမ် တိုင်ကြားမှုဖြစ်ပါတယ်။ ဒီလိုကုန်စည်တွေကို ဌာနဆိုင်ရာတစ်ခုတည်းနဲ့ ဆောင်ရွက်လို့ ရတာ ရှိ်သလို မရတာတွေလည်း ရှိတယ်။ စားသုံးသူအနေနဲ့လည်း ကိုယ်ဝယ်ယူတဲ့ ကုန်စည်ကို လိပ်စာတွေ၊ FDA ထောက်ခံချက်တွေ၊ ရက်စွဲတွေ၊ အရည်အသွေး ထောက်ခံချက်တွေကို သေချာမေးပြီးမှ ဝယ်ယူသင့်ပါတယ်” ဟု တောင်ကြီးမြို့ စားသုံးသူရေးရာဦးစီးဌာန လက်ထောက် ညွန်ကြားရေးမှုူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါတိုင်ကြားမှုအား စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေးလုပ်ငန်းကော်မတီက လက်ခံရယူပြီးနောက် လုပ်ငန်းရှင်နှင့် သွားရောက်တွေ့ဆုံရာ ရောင်းချထားသည့် တန်ဖိုးငွေ (၈၉၆၀၀) ကျပ် ပြန်လည်ပေးလျော်ခြင်းနှင့် သက်တမ်းလွန်ကုန်စည်များကို ဖျက်ဆီးရန် လွှဲပြောင်းအပ်နှံခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း #နိုနို
ဓာတ်ပုံ #စားသုံးသူရေးရာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~