ျမန္မာ - ထုိင္းနယ္စပ္ေဒသတြင္း ေတာမီးရႈိ႕မႈမ်ားႏွင့္ ပတ္သက္၍ မီးတားလမ္းေဖာ္ရန္ ႏွစ္ႏုိင္ငံတာဝန္ရိွသူမ်ားႏွင့္ ေဒသခံမ်ား ပူးေပါင္း လုပ္ေဆာင္

ျမန္မာ - ထုိင္းနယ္စပ္ေဒသတြင္း ေတာမီးရႈိ႕မႈမ်ားႏွင့္ ပတ္သက္၍ မီးတားလမ္းေဖာ္ရန္ ႏွစ္ႏုိင္ငံတာဝန္ရိွသူမ်ားႏွင့္ ေဒသခံမ်ား ပူးေပါင္း လုပ္ေဆာင္
ဇန်နဝါရီ 20, 2018
By Tachileik News Agency
ျမန္မာႏုိင္ငံ တာခ်ီလိတ္ႏွင့္ ထိုင္းႏုိင္ငံမယ္ဆိုင္ၾကား နယ္စပ္တစ္ေလွ်ာက္တြင္္ မီးခိုးျမဴကင္းစင္ေရးႏွင့္ ေတာမီးရႈိ႕မႈမ်ား အလြယ္တကူ ကူးစက္မႈ မရွိေစေရးအတြက္ ျမန္မာ - ထိုင္း ႏွစ္ႏိုင္ငံပူးေပါင္းကာ မီးတားလမ္းေဖာ္ရန္ အတြက္ သတ္မွတ္ေနရာမ်ားတြင္ ဇန္နဝါရီလ (၂၀)ရက္ေန႔က ပူးေပါင္း ရွင္းလင္းၾကေၾကာင္း သိရသည္။

ျမန္မာ - ထိုင္းနယ္စပ္ တစ္ေလွ်ာက္ ထုိင္းႏိုင္ငံဘက္ျခမ္း မယ္ဆိုင္ၿမိဳ႕နယ္မွ မယ့္ဖလံုၿမိဳ႕နယ္ နယ္နိမိတ္ အထိ ေရာက္ရိွမည့္ အက်ယ္ ေပ(၃၀)ႏွင့္ အလ်ား (၁၇)ကီလိုမီတာရွည္သည့္ မီးတားလမ္း ေဖာ္မည္ ျဖစ္ေၾကာင္း သိရသည္။

မီးတားလမ္းအတြက္ သတ္မွတ္ေနရာ ရွင္းလင္းျခင္းအား ျမန္မာ - ထိုင္း ႏွစ္ဖက္ နယ္ျခားေကာ္မတီ (TBC) အပါအ၀င္  ျမန္မာႏိုင္ငံဘက္က တာဝန္ရွိသူမ်ား အပါအ၀င္ သက္ဆိုင္ရာ ဌာနမ်ား၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွဴးႏွင့္ အဒီး၊ နာက်ဲ၊ ဗာလ၊ ပါခါး စသည့္ ေက်းရြာမ်ားမွ ေဒသခံမ်ားက ထိုင္းႏိုင္ငံမွ အမွတ္(၃)လႈပ္ရွားယႏၱရားတပ္မွ တာ၀န္ရွိသူမ်ား အပါအဝင္ ထုိင္းႏုိင္ငံဘက္ျခမ္းရိွ ေက်းရြာမ်ားမွ ေဒသခံမ်ား၊ သက္ဆုိင္ရာဌာနမ်ားျဖင့္ ပူးေပါင္းေဆာင္ရြက္ ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံက ႏုိင္ငံေျမာက္ပိုင္းေဒသတြင္ မီးခိုးဖံုးလႊမ္းမႈ ထူထပ္စြာ ျဖစ္ေပၚေလ့ရိွသျဖင့္ ထုိင္းႏိုင္ငံ ေျမာက္ပိုင္းေဒသမ်ားႏွင့္ နယ္နမိတ္ ထိစပ္ေနသည့္ ျမန္မာႏိုင္ငံ၊ လာအိုႏိုင္ငံမ်ားျဖင့္ပါ ပူးေပါင္းၿပီး ၂၀၁၈ ခုႏွစ္တြင္ ယခင္ႏွစ္ထက္ မီးခိုးျမဴဖံုးလႊမ္းမႈ (၆၀) ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ရန္ ေဆာင္ရြက္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံက အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ ပူးေပါင္း၍ နယ္နမိတ္ေဒသတစ္ေလွ်ာက္ မီးခိုးျမဴေလွ်ာ့ခ်ေရး ပူးေပါင္း ေဆာင္ရြက္မႈအတြက္ ထုိင္းတပ္မေတာ္ တပ္မဟာ (၃) ၏ ဒုတိယဗုိလ္ခ်ဳပ္ႀကီး Wichak Siribansop က တာဝန္ယူေဆာင္ရြက္ေနၿပီး ထုိင္းႏုိင္ငံတြင္း ေတာမီးရိႈ႕သည့္ ဓေလ့အား ပညာေပး လုပ္ငန္းမ်ားအတြက္ ေဒသခံ လုပ္အားပါ၀င္မႈမ်ားျဖင့္ ပူးေပါင္းေဆာင္ရြက္ျခင္းကိုလည္း လုပ္ေဆာင္ေနေၾကာင္း သိရသည္။

ေတာမီးရႈိ႔မႈမ်ားေၾကာင့္ ျမန္မာ - ထိုင္း နယ္စပ္ တာခ်ီလိတ္ၿမိဳ႕နယ္တြင္လည္း ေတာမီးရိႈ႕သည့္ ရာသီမ်ားတြင္ မီးခိုးျမဴ ဖံုးလႊမ္းျခင္းမ်ား ျဖစ္ေလ့ရိွၿပီး ေတာမီးရိႈ႕သည့္ စနစ္အား ျပဳျပင္ရန္ စိုက္ပ်ိဳးေရး ဌာနက စိုက္ပ်ိဳးနည္းစနစ္ ပညာေပးမႈမ်ားႏွင့္ အုပ္ခ်ဳပ္ေရးဌာနက ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ားအား အလ်ဥ္းသင့္သလို ေဆြးေႏြးမႈမ်ား ရိွေသာ္လည္း ေတာမီးရိႈ႕မႈအား ပညာေပးလံႈ႔ေဆာ္မႈအျဖစ္ လုပ္ေဆာင္ရန္ ညႊန္ၾကားမႈ မရိွေသးေၾကာင္း တာခ်ီလိတ္ခရိုင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ သိရသည္။

သတင္း #ကိုေဇာင္း
ဓါတ္ပံု - YNDL



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံ တာချီလိတ်နှင့် ထိုင်းနိုင်ငံမယ်ဆိုင်ကြား နယ်စပ်တစ်လျှောက်တွင် မီးခိုးမြူကင်းစင်ရေးနှင့် တောမီးရှို့မှုများ အလွယ်တကူ ကူးစက်မှု မရှိစေရေးအတွက် မြန်မာ - ထိုင်း နှစ်နိုင်ငံပူးပေါင်းကာ မီးတားလမ်းဖော်ရန် အတွက် သတ်မှတ်နေရာများတွင် ဇန်နဝါရီလ (၂၀)ရက်နေ့က ပူးပေါင်း ရှင်းလင်းကြကြောင်း သိရသည်။

မြန်မာ - ထိုင်းနယ်စပ် တစ်လျှောက် ထိုင်းနိုင်ငံဘက်ခြမ်း မယ်ဆိုင်မြို့နယ်မှ မယ့်ဖလုံမြို့နယ် နယ်နိမိတ် အထိ ရောက်ရှိမည့် အကျယ် ပေ(၃၀)နှင့် အလျား (၁၇)ကီလိုမီတာရှည်သည့် မီးတားလမ်း ဖော်မည် ဖြစ်ကြောင်း သိရသည်။

မီးတားလမ်းအတွက် သတ်မှတ်နေရာ ရှင်းလင်းခြင်းအား မြန်မာ - ထိုင်း နှစ်ဖက် နယ်ခြားကော်မတီ (TBC) အပါအဝင် မြန်မာနိုင်ငံဘက်က တာဝန်ရှိသူများ အပါအဝင် သက်ဆိုင်ရာ ဌာနများ၊ လွယ်တော်ခမ်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အဒီး၊ နာကျဲ၊ ဗာလ၊ ပါခါး စသည့် ကျေးရွာများမှ ဒေသခံများက ထိုင်းနိုင်ငံမှ အမှတ်(၃)လှုပ်ရှားယန္တရားတပ်မှ တာဝန်ရှိသူများ အပါအဝင် ထိုင်းနိုင်ငံဘက်ခြမ်းရှိ ကျေးရွာများမှ ဒေသခံများ၊ သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်းဆောင်ရွက် ကြခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံက နိုင်ငံမြောက်ပိုင်းဒေသတွင် မီးခိုးဖုံးလွှမ်းမှု ထူထပ်စွာ ဖြစ်ပေါ်လေ့ရှိသဖြင့် ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသများနှင့် နယ်နမိတ် ထိစပ်နေသည့် မြန်မာနိုင်ငံ၊ လာအိုနိုင်ငံများဖြင့်ပါ ပူးပေါင်းပြီး ၂၀၁၈ ခုနှစ်တွင် ယခင်နှစ်ထက် မီးခိုးမြူဖုံးလွှမ်းမှု (၆၀) ရာခိုင်နှုန်းအထိ လျှော့ချရန် ဆောင်ရွက်နခြေင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံက အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း၍ နယ်နမိတ်ဒေသတစ်လျှောက် မီးခိုးမြူလျှော့ချရေး ပူးပေါင်း ဆောင်ရွက်မှုအတွက် ထိုင်းတပ်မတော် တပ်မဟာ (၃)၏ ဒုတိယဗိုလ်ချုပ်ကြီး Wichak Siribansop က တာဝန်ယူဆောင်ရွက်နပြေီး ထိုင်းနိုင်ငံတွင်း တောမီးရှို့သည့် ဓလေ့အား ပညာပေး လုပ်ငန်းများအတွက် ဒေသခံ လုပ်အားပါဝင်မှုများဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းကိုလည်း လုပ်ဆောင်နေကြောင်း သိရသည်။

တောမီးရှို့မှုများကြောင့် မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့နယ်တွင်လည်း တောမီးရှို့သည့် ရာသီများတွင် မီးခိုးမြူ ဖုံးလွှမ်းခြင်းများ ဖြစ်လေ့ရှိပြီး တောမီးရှို့သည့် စနစ်အား ပြုပြင်ရန် စိုက်ပျိုးရေး ဌာနက စိုက်ပျိုးနည်းစနစ် ပညာပေးမှုများနှင့် အုပ်ချုပ်ရေးဌာနက ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား အလျဉ်းသင့်သလို ဆွေးနွေးမှုများ ရှိသော်လည်း တောမီးရှို့မှုအား ပညာပေးလှုံ့ဆော်မှုအဖြစ် လုပ်ဆောင်ရန် ညွှန်ကြားမှု မရှိသေးကြောင်း တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

သတင်း #ကိုဇောင်း
ဓာတ်ပုံ - YNDL 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~