ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ ကခ်င္ျပည္နယ္ ပူတာအိုအထိ ရက္ေပါင္း(၂၀)ေက်ာ္ၾကာ စက္ဘီးစီးနင္းမည့္ ခရီးစဥ္ ဇန္န၀ါရီလ(၂၀)ရက္ေန႔တြင္ တာခ်ီလိတ္မွ စတင္မည္

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ ကခ်င္ျပည္နယ္ ပူတာအိုအထိ ရက္ေပါင္း(၂၀)ေက်ာ္ၾကာ စက္ဘီးစီးနင္းမည့္ ခရီးစဥ္ ဇန္န၀ါရီလ(၂၀)ရက္ေန႔တြင္ တာခ်ီလိတ္မွ စတင္မည္
ဇန်နဝါရီ 13, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ စက္ဘီးသမား(၆)ဦး ပူးေပါင္း၍ ကခ်င္ျပည္နယ္ ပူတာအိုၿမိဳ႕အထိ  ရက္ေပါင္း(၂၀)ေက်ာ္ၾကာ စက္ဘီးစီးနင္းမည့္ ခရီးစဥ္အား ဇန္န၀ါရီလ(၂၀)ရက္ ႏွင့္ ဇန္န၀ါရီလ(၂၁)ရက္ေန႔တို႔တြင္ စတင္မည္ျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္ကေတာ့ တာခ်ီလိတ္ကေန ၂၀ရက္ေန႔ေပါ့ေနာ္  ကိုေဂ်ာ္နီ Fitness Center ကေန စထြက္မယ္ဗ်၊ က်ဳိင္းတံုမွာ ကြ်န္ေတာ္နဲ႔ ကခ်င္ျပည္နယ္ ပူတာအိုအထိကို လိုက္ပါစီးနင္းမဲ့ သူငယ္ခ်င္း (၅)ေယာက္ရွိေသးတယ္ခင္ဗ်၊ သူတို႔နဲ႔အတူ ပူးေပါင္းၿပီးေတာ့မွ စက္ဘီးနဲ႔ ကခ်င္ျပည္နယ္ ပူတာအိုအထိကို စီးနင္းသြားမွာပါ၊ သြားမဲ့ ခရီးစဥ္ကေတာ့ ရက္(၂၀)ေလာက္ေတာ့ ခန္႔မွန္းထားေပမဲ့ ရက္(၂၀)လည္း ေက်ာ္ရင္ ေက်ာ္သြားႏိုင္ပါတယ္၊"ဟု အဆိုပါ ခရီးစဥ္သို႔ တာခ်ီလိတ္မွ စတင္ထြက္ခြာမည့္ တစ္ကိုယ္ေတာ္ စက္ဘီးစီးသမား ကိုေနဇာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယခုလို စက္ဘီးစီးနင္းရျခင္း ရည္ရြယ္ခ်က္သည္ စက္ဘီးစီး၀ါသနာရွင္ လူငယ္မ်ား တိုးပြားေရးႏွင့္ စက္ဘီးျဖင့္ ခရီးသြား၍ ရႏိုင္သည္ကို သိရွိႏိုင္ရန္အတြက္ ျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ကေတာ့ တာခ်ီလိတ္က လာမဲ့ ကိုေနဇာ ကို ေစာင့္ၿပီး ၂၁ ရက္ေန႔မွာ စထြက္မွာပါ၊ စက္ဘီးစီးနင္းရတဲ့ ရည္ရြယ္ခ်က္ကေတာ့ စက္ဘီးစီး၀ါသနာရွင္ လူငယ္ေတြ တိုးပြားလာဖို႔အတြက္ပါ။ ေနာက္တစ္ခုက အခုလို စက္ဘီးနဲ႔ ခရီးေတြ သြားလို႔ရတယ္ဆိုတာကိုလည္း သိေစခ်င္တာပါ"ဟု ကခ်င္ျပည္နယ္အထိ လိုက္ပါစီးနင္းမည့္ Kyaing Tong Mountain Bike Group မွ ကိုတူးက ေျပာသည္။

တာခ်ီလိတ္မွ ကိုေနဇာ( Only Biker ) အပါအ၀င္ က်ဳိင္းတံုၿမိဳ႕ Kyaing Tong Mountain Bike Group မွ ဦးစိုင္းရီဆိုင္(ခ)ပီနန္၊ ဦးလွျမင့္မိုး(ခ)ကိုတူး၊ ဦးစိုင္းဆန္(ခ)ဦးစိုင္း၀န္းမား၊ ဦးေလာလူ ႏွင့္ ဦးခ်ဴးစိန္(ခ)ဦးရွီခြ်မ္ရွိန္ တို႔မွ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ ကခ်င္ျပည္နယ္ ပူတာအိုၿမိဳ႕အထိ မိုင္ေပါင္း(၁၁၀၀)ေက်ာ္အား ရက္ေပါင္း (၂၀)ေက်ာ္ စက္ဘီးျဖင့္ စီးနင္းၾကမည္ျဖစ္သည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တာခ်ီလိတ္ ႏွင့္ က်ဳိင္းတံုတို႔မွ စတင္ထြက္ခြာမည့္ ကခ်င္ျပည္နယ္ ပူတာအိုၿမိဳ႕အထိ စက္ဘီးစီးနင္း ခရီးစဥ္တြင္ တာခ်ီလိတ္မွ (၁)ဦး၊ က်ဳိင္းတံုမွ (၅)ဦး စုစုေပါင္း (၆)ဦးပူးေပါင္း စီးနင္းၾကမည္ျဖစ္ရာ လမ္းခရီးတစ္ေလွ်ာက္တြင္ ကုန္က်မႈမ်ားအား ၎တို႔ အစီအစဥ္ျဖင့္သာ ကုန္က်မည္ျဖစ္ေသာ္လည္း ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ရွိ နန္းသီတာဟိုတယ္ ႏွင့္ ပူတာအိုရွိ ဟိုတယ္ပူတာအို တို႔တြင္ (၆)ဦးစာ အတြက္ တာခ်ီလိတ္မွ ကိုေဂ်ာ္နီ ( Johnny Fitness Center ႏွင့္ လွ်ပ္စစ္ပစၥည္း အေရာင္းဆိုင္ )က ပံ့ပိုးေပးသြားမည္ျဖစ္ၿပီး၊ အျပန္ခရီးတြင္ ေလယာဥ္ျဖင့္ ျပန္ႏိုင္ရန္ ကိုေနဇာ တစ္ဦးတည္း အတြက္ ပူတာအို မွ ျမစ္ႀကီးနား၊  ျမစ္ႀကီးနား  မွ  မႏၱေလး၊ မႏၱေလး မွ တာခ်ီလိတ္ ေလယာဥ္လက္မွတ္မ်ားကို ကိုေဂ်ာ္နီ ( Johnny Fitness Center ႏွင့္ လွ်ပ္စစ္ပစၥည္း အေရာင္းဆိုင္ )က ပံ့ပိုးေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ စက်ဘီးသမား(၆)ဦး ပူးပေါင်း၍ ကချင်ပြည်နယ် ပူတာအိုမြို့အထိ ရက်ပေါင်း(၂၀)ကျော်ကြာ စက်ဘီးစီးနင်းမည့် ခရီးစဉ်အား ဇန်နဝါရီလ(၂၀)ရက် နှင့် ဇန်နဝါရီလ(၂၁)ရက်နေ့တို့တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်ကတော့ တာချီလိတ်ကနေ ၂၀ရက်နေ့ပေါ့နော် ကိုဂျော်နီ Fitness Center ကနေ စထွက်မယ်ဗျ၊ ကျိုင်းတုံမှာ ကျွန်တော်နဲ့ ကချင်ပြည်နယ် ပူတာအိုအထိကို လိုက်ပါစီးနင်းမဲ့ သူငယ်ချင်း (၅)ယောက်ရှိသေးတယ်ခင်ဗျ၊ သူတို့နဲ့အတူ ပူးပေါင်းပြီးတော့မှ စက်ဘီးနဲ့ ကချင်ပြည်နယ် ပူတာအိုအထိကို စီးနင်းသွားမှာပါ၊ သွားမဲ့ ခရီးစဉ်ကတော့ ရက်(၂၀)လောက်တော့ ခန့်မှန်းထားပေမဲ့ ရက်(၂၀)လည်း ကျော်ရင် ကျော်သွားနိုင်ပါတယ်၊"ဟု အဆိုပါ ခရီးစဉ်သို့ တာချီလိတ်မှ စတင်ထွက်ခွာမည့် တစ်ကိုယ်တော် စက်ဘီးစီးသမား ကိုနေဇာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယခုလို စက်ဘီးစီးနင်းရခြင်း ရည်ရွယ်ချက်သည် စက်ဘီးစီးဝါသနာရှင် လူငယ်များ တိုးပွားရေးနှင့် စက်ဘီးဖြင့် ခရီးသွား၍ ရနိုင်သည်ကို သိရှိနိုင်ရန်အတွက် ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ကတော့ တာချီလိတ်က လာမဲ့ ကိုနေဇာ ကို စောင့်ပြီး ၂၁ ရက်နေ့မှာ စထွက်မှာပါ၊ စက်ဘီးစီးနင်းရတဲ့ ရည်ရွယ်ချက်ကတော့ စက်ဘီးစီးဝါသနာရှင် လူငယ်တွေ တိုးပွားလာဖို့အတွက်ပါ။ နောက်တစ်ခုက အခုလို စက်ဘီးနဲ့ ခရီးတွေ သွားလို့ရတယ်ဆိုတာကိုလည်း သိစေချင်တာပါ"ဟု ကချင်ပြည်နယ်အထိ လိုက်ပါစီးနင်းမည့် Kyaing Tong Mountain Bike Group မှ ကိုတူးက ပြောသည်။

တာချီလိတ်မှ ကိုနေဇာ( Only Biker ) အပါအဝင် ကျိုင်းတုံမြို့ Kyaing Tong Mountain Bike Group မှ ဦးစိုင်းရီဆိုင်(ခ)ပီနန်၊ ဦးလှမြင့်မိုး(ခ)ကိုတူး၊ ဦးစိုင်းဆန်(ခ)ဦးစိုင်းဝန်းမား၊ ဦးလောလူ နှင့် ဦးချူးစိန်(ခ)ဦးရှီချွမ်ရှိန် တို့မှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ကချင်ပြည်နယ် ပူတာအိုမြို့အထိ မိုင်ပေါင်း(၁၁၀၀)ကျော်အား ရက်ပေါင်း (၂၀)ကျော် စက်ဘီးဖြင့် စီးနင်းကြမည်ဖြစ်သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ် နှင့် ကျိုင်းတုံတို့မှ စတင်ထွက်ခွာမည့် ကချင်ပြည်နယ် ပူတာအိုမြို့အထိ စက်ဘီးစီးနင်း ခရီးစဉ်တွင် တာချီလိတ်မှ (၁)ဦး၊ ကျိုင်းတုံမှ (၅)ဦး စုစုပေါင်း (၆)ဦးပူးပေါင်း စီးနင်းကြမည်ဖြစ်ရာ လမ်းခရီးတစ်လျှောက်တွင် ကုန်ကျမှုများအား၎င်းတို့ အစီအစဉ်ဖြင့်သာ ကုန်ကျမည်ဖြစ်သော်လည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ နန်းသီတာဟိုတယ် နှင့် ပူတာအိုရှိ ဟိုတယ်ပူတာအို တို့တွင် (၆)ဦးစာ အတွက် တာချီလိတ်မှ ကိုဂျော်နီ ( Johnny Fitness Center နှင့် လျှပ်စစ်ပစ္စည်း အရောင်းဆိုင် )က ပံ့ပိုးပေးသွားမည်ဖြစ်ပြီး၊ အပြန်ခရီးတွင် လေယာဉ်ဖြင့် ပြန်နိုင်ရန် ကိုနေဇာ တစ်ဦးတည်း အတွက် ပူတာအို မှ မြစ်ကြီးနား၊ မြစ်ကြီးနား မှ မန္တလေး၊ မန္တလေး မှ တာချီလိတ် လေယာဉ်လက်မှတ်များကို ကိုဂျော်နီ ( Johnny Fitness Center နှင့် လျှပ်စစ်ပစ္စည်း အရောင်းဆိုင် )က ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~