မုိင္းျဖတ္တြင္ လားဟူတိုင္းရင္းသားစုေပါင္းႏွစ္သစ္ကူးပြဲေတာ္အား ရိုးရာၿပိဳင္ပြဲမ်ားျဖင့္ သံုးရက္ၾကာက်င္းပမည္

မုိင္းျဖတ္တြင္ လားဟူတိုင္းရင္းသားစုေပါင္းႏွစ္သစ္ကူးပြဲေတာ္အား ရိုးရာၿပိဳင္ပြဲမ်ားျဖင့္ သံုးရက္ၾကာက်င္းပမည္
ဇန်နဝါရီ 1, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မုိင္းျဖတ္ၿမိဳ႕တြင္ လားဟူစုေပါင္းႏွစ္သစ္ကူးပြဲေတာ္ကို  မိုင္းျဖတ္ၿမိဳ႕ရွိ ၿမိဳ႕မေဘာလံုးကြင္းအတြင္း ဇန္နဝါရီလ (၃)ရက္ေန႔မွ (၆)ရက္ေန႔ အထိ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

"ဒီပြဲအတြက္ ဧည့္သည္ေတာ္ေတြေရာ အားလံုးဖိတ္ထားပါတယ္။ မိုင္းျဖတ္ၿမိဳ႕နယ္အတြက္ က်င္းပမွာပါ။ ကြ်န္ေတာ္တို႔ လားဟူတိုင္းရင္းသားေတြ အားလံုးအေနနဲ႔ စုေပါင္းမက်င္းပျဖစ္တာ သံုးႏွစ္ေလာက္ရိွၿပီ။ အားလံုးၿမိဳ႕နယ္အလိုက္ပဲ က်င္းပၾကပါတယ္ “ ဟု မုိင္းျဖတ္ၿမိဳ႕နယ္ လားဟူပါတီဥကၠဌ ဦးဒါဝိက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လားဟူတိုင္းရင္းသားစုေပါင္းႏွစ္သစ္ကူးပြဲေတာ္၏ ပထမေန႔တြင္ လားဟူရိုးရာအကမ်ားျဖစ္သည့္ ဗူးပေလြအကယွဥ္ၿပိဳင္ျခင္း၊ ရုိးရာဂ်င္ေပါက္ၿပိဳင္ပြဲ က်င္းပျခင္း၊ စတိတ္ရိႈးႏွင့္အကပေဒသာတို႔ ပါဝင္ကာ ဒုတိယေန႔တြင္ ေခတ္ေပၚလူငယ္ အကၿပိဳင္ပြဲ၊ ဆန္ကာတင္အဖြဲ႕ ရိုးရာဂ်င္ေပါက္ၿပိဳင္ပြဲ၊ လားဟူေတးသီခ်င္းဆိုၿပိဳင္ပြဲ၊ စတိတ္ရိႈးႏွင့္ အကပေဒသာတို႔ ပါဝင္မည္ျဖစ္ၿပီး ေနာက္ဆံုးေန႔တြင္ ႏွစ္သစ္ကူးပြဲေတာ္ အခမ္းအနား က်င္းပျခင္း၊ ဧည့္ခံေကၽြးေမြးျခင္း၊ ဖက္ရွင္ေမာ္ဒယ္ရိႈးၿပိဳင္ပြဲႏွင့္ ၿပိဳင္ပြဲဆုမ်ား ခ်ီးျမႇင့္ျခင္းတို႔ ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဇာႏွင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့တွင် လားဟူစုပေါင်းနှစ်သစ်ကူးပွဲတော်ကို မိုင်းဖြတ်မြို့ရှိ မြို့မဘောလုံးကွင်းအတွင်း ဇန်နဝါရီလ (၃)ရက်နေ့မှ (၆)ရက်နေ့ အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

"ဒီပွဲအတွက် ဧည့်သည်တော်တွေရော အားလုံးဖိတ်ထားပါတယ်။ မိုင်းဖြတ်မြို့နယ်အတွက် ကျင်းပမှာပါ။ ကျွန်တော်တို့ လားဟူတိုင်းရင်းသားတွေ အားလုံးအနေနဲ့ စုပေါင်းမကျင်းပဖြစ်တာ သုံးနှစ်လောက်ရှိပြီ။ အားလုံးမြို့နယ်အလိုက်ပဲ ကျင်းပကြပါတယ် “ ဟု မိုင်းဖြတ်မြို့နယ် လားဟူပါတီဥက္ကဌ ဦးဒါဝိက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားဟူတိုင်းရင်းသားစုပေါင်းနှစ်သစ်ကူးပွဲတော်၏ ပထမနေ့တွင် လားဟူရိုးရာအကများဖြစ်သည့် ဗူးပလွေအကယှဉ်ပြိုင်ခြင်း၊ ရိုးရာဂျင်ပေါက်ပြိုင်ပွဲ ကျင်းပခြင်း၊ စတိတ်ရှိုးနှင့်အကပဒေသာတို့ ပါဝင်ကာ ဒုတိယနေ့တွင် ခေတ်ပေါ်လူငယ် အကပြိုင်ပွဲ၊ ဆန်ကာတင်အဖွဲ့ ရိုးရာဂျင်ပေါက်ပြိုင်ပွဲ၊ လားဟူတေးသီချင်းဆိုပြိုင်ပွဲ၊ စတိတ်ရှိုးနှင့် အကပဒေသာတို့ ပါဝင်မည်ဖြစ်ပြီး နောက်ဆုံးနေ့တွင် နှစ်သစ်ကူးပွဲတော် အခမ်းအနား ကျင်းပခြင်း၊ ဧည့်ခံကျွေးမွေးခြင်း၊ ဖက်ရှင်မော်ဒယ်ရှိုးပြိုင်ပွဲနှင့် ပြိုင်ပွဲဆုများ ချီးမြှင့်ခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဇာနှင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~