ေက်ာက္မဲၿမိဳ႕မွ စစ္ေဘးေရွာင္ ေက်ာင္းသား ေက်ာင္းသူမ်ား ေနရပ္ျပန္၍ စာေမးပြဲေျဖႏုိင္ေရး စီစဥ္ေန

ေက်ာက္မဲၿမိဳ႕မွ စစ္ေဘးေရွာင္ ေက်ာင္းသား ေက်ာင္းသူမ်ား ေနရပ္ျပန္၍ စာေမးပြဲေျဖႏုိင္ေရး စီစဥ္ေန
ဇန်နဝါရီ 25, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္ ဒီဇင္ဘာလကုန္ပိုင္းမွ စတင္ေရာက္ရွိေနသည့္ စစ္ေဘး ေရွာင္ ေက်ာင္းသူ/သားမ်ား အတန္းတင္ စာေမးပြဲေျဖဆိုႏိုင္ရန္ ဇန္နဝါရီလအတြင္း ေနရပ္မ်ားသို႔ ျပန္ႏိုင္ရန္ အတြက္ ၎တို႔ေနထိုင္ရာ ေဒသမ်ားမွ ေက်းရြာ လူႀကီးမ်ားႏွင့္ ေက်ာက္မဲရွိ စစ္ေဘးေရွာင္ ေကာ္မတီတို႔က စီစဥ္ေနေၾကာင္း သိရသည္။

“ အဓိကက စစ္ေဘးေရွာင္ေတြထဲမွာ ပါလာတဲ့ ေက်ာင္းေနအရြယ္ကေလးေတြအတြက္ စာေမးပြဲႀကီး နီးကပ္လာတာျဖစ္တဲ့အတြက္ သူတို႔ေတြကလည္း ျပန္ခ်င္ေနၾကပါတယ္။ အဲဒီရြာေတြက ရြာသူႀကီးေတြလည္း ေက်ာက္မဲက စစ္ေရွာင္ေကာ္မတီနဲ႔ လာၿပီးတိုင္ပင္ေနတာရွိတယ္။ ကေလးေတြက ကိုယ့္ေဒသမွာကိုယ္ဆို စာေမးပြဲလာမေျဖတာက ဆံုးျဖတ္ရလြယ္တယ္။ စစ္ေဘးေရွာင္ေနရလို႔ လာမေျဖရဘူးဆိုရင္ စာေမးပြဲေအာင္ဖို႔ မေအာင္ဖို႔က အခက္အခဲျဖစ္လာႏိုင္တယ္။ ဒါေၾကာင့္ သူတုိ႔လည္း ျပန္ခ်င္ေနၾကတာ” ဟု ေက်ာက္မဲရွိ စစ္ေဘးေရွာင္မ်ားႏွင့္ မိုင္းေငါ့ရွိ စစ္ေဘးေရွာင္မ်ားအား အကူအညီေပးေနသူ ကိုသားေဇာ္ ( ေမတၱာ အိုးေဝ ) က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါစစ္ေဘးေရွာင္မ်ားမွာ နမ့္ဆန္ၿမိဳ႕နယ္ ႏွင့္ မိုင္းေငါ့ ၿမိဳ႕နယ္ခြဲရွိ ေက်းရြာအခ်ိဳ႕မွျဖစ္ၾကၿပီး ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလကုန္က စတင္တိမ္းေရွာင္လာၾကျခင္းျဖစ္ရာ ဇန္နဝါရီလအတြင္း စုစုေပါင္းလူဦးေရ (၁၂၀၀) ေက်ာ္အထိ တိုးလာျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါစစ္ေဘးေရွာင္မ်ားအတြက္ ေက်ာက္မဲၿမိဳ႕တြင္ စစ္ေဘးေရွာင္ စခန္း(၄)ခုႏွင့္ မိုင္းေငါ့ၿမိဳ႕တြင္ စစ္ေဘးေရွာင္စခန္း (၂)ခုတို႔ ဖြင့္လွစ္လက္ခံ ထားကာ ေနထိုင္စားေသာက္ေရးအတြက္ သက္ဆိုင္ရာ ဌာနမ်ားႏွင့္ စစ္ေဘးေရွာင္ေကာ္မတီတို႔မွ ေဆာင္ရြက္ ေပးထားရျခင္းျဖစ္သည္။

စစ္ေဘးေရွာင္မ်ား ၎တို႔၏ ေနရပ္မ်ားသို႔ ျပန္မည့္ အခ်ိန္တြင္ သင့္တင့္ေလ်ာက္ပတ္သည့္ စားေသာက္ ကုန္မ်ားႏွင့္ သြားလာေရးအတြက္ အေထာက္အပံ့မ်ား ေပးႏိုင္ရန္အတြက္လည္း စီစဥ္ေပးႏိုင္ရန္ ႀကိဳးစားလ်က္ရွိၿပီး လတ္တေလာ ေနထိုင္စားေသာက္ရန္အတြက္ လိုအပ္ခ်က္ မရွိေသးေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲတြင္ ၂၀၁၆ ခုႏွစ္အတြင္း စစ္ေဘးေရွာင္ဦးေရ ( ၅၀၀၀) ဝန္းက်င္ လာေရာက္ ခိုလံႈခဲ့ဖူးၿပီး စစ္ေဘးေရွာင္စခန္း စုစုေပါင္း (၂၂) ခုဖြင့္၍ လက္ခံေပးထားခဲ့သည့္ ျဖစ္စဥ္ ရွိခဲ့ဖူးေၾကာင္း စစ္ေဘးေရွာင္ေကာ္မတီထံမွ သိရသည္။

သတင္း/ဓါတ္ပံု #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ရောက်ရှိနေသည့် စစ်ဘေး ရှောင် ကျောင်းသူ/သားများ အတန်းတင် စာမေးပွဲဖြေဆိုနိုင်ရန် ဇန်နဝါရီလအတွင်း နေရပ်များသို့ ပြန်နိုင်ရန် အတွက်၎င်းတို့နေထိုင်ရာ ဒေသများမှ ကျေးရွာ လူကြီးများနှင့် ကျောက်မဲရှိ စစ်ဘေးရှောင် ကော်မတီတို့က စီစဉ်နေကြောင်း သိရသည်။

“ အဓိကက စစ်ဘေးရှောင်တွေထဲမှာ ပါလာတဲ့ ကျောင်းနေအရွယ်ကလေးတွေအတွက် စာမေးပွဲကြီး နီးကပ်လာတာဖြစ်တဲ့အတွက် သူတို့တွေကလည်း ပြန်ချင်နကြေပါတယ်။ အဲဒီရွာတွေက ရွာသူကြီးတွေလည်း ကျောက်မဲက စစ်ရှောင်ကော်မတီနဲ့ လာပြီးတိုင်ပင်နေတာရှိတယ်။ ကလေးတွေက ကိုယ့်ဒေသမှာကိုယ်ဆို စာမေးပွဲလာမဖြေတာက ဆုံးဖြတ်ရလွယ်တယ်။ စစ်ဘေးရှောင်နေရလို့ လာမဖြေရဘူးဆိုရင် စာမေးပွဲအောင်ဖို့ မအောင်ဖို့က အခက်အခဲဖြစ်လာနိုင်တယ်။ ဒါကြောင့် သူတို့လည်း ပြန်ချင်နကြေတာ” ဟု ကျောက်မဲရှိ စစ်ဘေးရှောင်များနှင့် မိုင်းငေါ့ရှိ စစ်ဘေးရှောင်များအား အကူအညီပေးနေသူ ကိုသားဇော် ( မေတ္တာ အိုးဝေ ) က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါစစ်ဘေးရှောင်များမှာ နမ့်ဆန်မြို့နယ် နှင့် မိုင်းငေါ့ မြို့နယ်ခွဲရှိ ကျေးရွာအချို့မှဖြစ်ကြပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကုန်က စတင်တိမ်းရှောင်လာကြခြင်းဖြစ်ရာ ဇန်နဝါရီလအတွင်း စုစုပေါင်းလူဦးရေ (၁၂၀၀) ကျော်အထိ တိုးလာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ဘေးရှောင်များအတွက် ကျောက်မဲမြို့တွင် စစ်ဘေးရှောင် စခန်း(၄)ခုနှင့် မိုင်းငေါ့မြို့တွင် စစ်ဘေးရှောင်စခန်း (၂)ခုတို့ ဖွင့်လှစ်လက်ခံ ထားကာ နေထိုင်စားသောက်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် စစ်ဘေးရှောင်ကော်မတီတို့မှ ဆောင်ရွက် ပေးထားရခြင်းဖြစ်သည်။

စစ်ဘေးရှောင်များ၎င်းတို့၏ နေရပ်များသို့ ပြန်မည့် အချိန်တွင် သင့်တင့်လျောက်ပတ်သည့် စားသောက် ကုန်များနှင့် သွားလာရေးအတွက် အထောက်အပံ့များ ပေးနိုင်ရန်အတွက်လည်း စီစဉ်ပေးနိုင်ရန် ကြိုးစားလျက်ရှိပြီး လတ်တလော နေထိုင်စားသောက်ရန်အတွက် လိုအပ်ချက် မရှိသေးကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲတွင် ၂၀၁၆ ခုနှစ်အတွင်း စစ်ဘေးရှောင်ဦးရေ ( ၅၀၀၀) ဝန်းကျင် လာရောက် ခိုလှုံခဲ့ဖူးပြီး စစ်ဘေးရှောင်စခန်း စုစုပေါင်း (၂၂) ခုဖွင့်၍ လက်ခံပေးထားခဲ့သည့် ဖြစ်စဉ် ရှိခဲ့ဖူးကြောင်း စစ်ဘေးရှောင်ကော်မတီထံမှ သိရသည်။

သတင်း/ဓာတ်ပုံ #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~