တာခ်ီလိတ္တြင္ တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္လာသည့္ ထုိင္းႏိုင္ငံသားတစ္ဦးအား ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္လာသည့္ ထုိင္းႏိုင္ငံသားတစ္ဦးအား ဖမ္းဆီးရမိ
ဇန်နဝါရီ 21, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(က)ရပ္ကြက္တြင္ ဇန္နဝါရီလ (၂၀)ရက္ေန႔က တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္ ဝင္ေရာက္လာသည့္ ထုိင္းႏုိင္ငံသားတစ္ဦးအား စစ္ေဆးေတြ႔ရိွရသျဖင့္ လဝကအက္ဥပေဒျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

အဆိုပါ ထိုင္းႏုိင္ငံသားအား ဆန္ဆိုင္း(က)ရပ္ကြက္ ေခတၱာလမ္းတြင္ ညေန သံုးနာရီဝန္းက်င္က မသကၤာဖြယ္ေတြ႔ရသျဖင့္ ရဲတပ္ဖြဲ႕ႏွင့္ သက္ဆုိင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ား၊ သက္ေသမ်ား ပါဝင္သည့္အဖြဲ႕ျဖင့္ စစ္ေမးရာ ထိုင္းႏုိင္ငံ၊ လန္းပန္းခရိုင္၊ လန္းပန္းၿမိဳ႕၊ ဝမ္ကပ္ရပ္ကြက္တြင္ ေနထုိင္သည့္ က်ိဳင္းက်ိဳင္စဖန္ဆိုသူျဖစ္ေၾကာင္း ေျပာၾကားသည္ဟု သိရသည္။

၎အား ရဲစခန္းသို႔ ေခၚေဆာင္ၿပီး လူဝင္မႈႀကီးၾကပ္ေရးဌာနမွ တာဝန္ရိွသူမ်ားက စစ္ေဆးရာ ၎သည္ လြန္ခဲ့သည့္ သံုးရက္ခန္႔က တာခ်ီလိိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္အနီး ေရေခ်ာင္းမွတစ္ဆင့္ နယ္စပ္ျဖတ္သန္းခြင့္လက္မွတ္မပါဘဲ တရားမဝင္ ဝင္ေရာက္လာသည္ကို စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။

တရားမဝင္ နယ္စပ္ျဖတ္သန္းသည့္ က်ိဳင္းက်ိဳင္စဖန္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၂၃/၁၈၊ လဝကအက္ဥပေဒ ၁၃(၁)ျဖင့္ အမႈဖြင့္စစ္ေဆးေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်လာသည့် ထိုင်းနိုင်ငံသားတစ်ဦးအား ဖမ်းဆီးရမိ
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်တွင် ဇန်နဝါရီလ (၂၀)ရက်နေ့က တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသားတစ်ဦးအား စစ်ဆေးတွေ့ရှိရသဖြင့် လဝကအက်ဥပဒေဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသားအား ဆန်ဆိုင်း(က)ရပ်ကွက် ခေတ္တာလမ်းတွင် ညနေ သုံးနာရီဝန်းကျင်က မသင်္ကာဖွယ်တွေ့ရသဖြင့် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သက်သေများ ပါဝင်သည့်အဖွဲ့ဖြင့် စစ်မေးရာ ထိုင်းနိုင်ငံ၊ လန်းပန်းခရိုင်၊ လန်းပန်းမြို့၊ ဝမ်ကပ်ရပ်ကွက်တွင် နေထိုင်သည့် ကျိုင်းကျိုင်စဖန်ဆိုသူဖြစ်ကြောင်း ပြောကြားသည်ဟု သိရသည်။

၎င်းအား ရဲစခန်းသို့ ခေါ်ဆောင်ပြီး လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများက စစ်ဆေးရာ ၎င်းသည် လွန်ခဲ့သည့် သုံးရက်ခန့်က တာချီလိိတ်မြို့ မကာဟိုခမ်းရပ်ကွက်အနီး ရေချောင်းမှတစ်ဆင့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်မပါဘဲ တရားမဝင် ဝင်ရောက်လာသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

တရားမဝင် နယ်စပ်ဖြတ်သန်းသည့် ကျိုင်းကျိုင်စဖန်အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၂၃/၁၈၊ လဝကအက်ဥပဒေ ၁၃(၁)ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~