က်ပ္သန္း ၁၄၀၀ ေက်ာ္ကုန္က်သည့္ ေလွတင္တံတားတြင္ ျဖတ္သန္းခေကာက္ခံမည္မဟုတ္

က်ပ္သန္း ၁၄၀၀ ေက်ာ္ကုန္က်သည့္ ေလွတင္တံတားတြင္ ျဖတ္သန္းခေကာက္ခံမည္မဟုတ္
ဇန်နဝါရီ 21, 2018
By 🌸
မေကြးတိုင္းေဒသႀကီး မင္းဘူး/စကုၿမိဳ႕နယ္ ေရႊစက္ေတာ္ဘုရားသို႔သြားရာ (၃)မိုင္လမ္း၌ ဘုရားႀကီးရန္ပံုေငြ က်ပ္သန္း (၁၄၀၀)ေက်ာ္ျဖင့္တည္ေဆာက္သည္႔ ေလွတင္တံတားတြင္ တံတားျဖတ္သန္းခ ေကာက္ခံမည္ မဟုတ္ေၾကာင္း သိရသည္။

အရွည္ေပ(၅၀၀)၊ အက်ယ္ ေပ(၃၀)၊ အျမင္႔ ေပ(၂၀)၊ တံတား တိုင္(၈)တိုင္ပါရိွသည္႔ သံကူကြန္ကရစ္တံတားအား ေရႊစက္ေတာ္ဘုရားပဲြေတာ္ဖြင္႔ပဲြေန႔ ဇန္နဝါရီလ(၂၁)ရက္ေန႔တြင္ ဖြင့္လွစ္လိုက္ျခင္းျဖစ္သည္။

"ဘုရားပဲြေတာ္ဖြင္႔ပဲြအမီၿပီးစီးေစဖို႔အတြက္ တံတားတည္ေဆာက္ေရးအထူးအဖဲြ႔(၅)၊ ဆိပ္ျဖဴကဝန္ထမ္းေတြ ေန႔ဆိုင္းညဆိုင္းနဲ႔ ကုသိုလ္ျပဳေဆာင္ရြက္ခဲ႔ၿပီး လိုအပ္တဲ႔လုပ္သား ေတြကိုေတာ႔ ေန႔စားေပးေခၚခဲ႔ရပါတယ္"ဟု ေဂါပကဥကၠဌ ဦးသိန္းလိႈင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါတံတားႀကီးမတည္ေဆာက္မီက ပြဲေတာ္ကာလအသံုးျပဳရန္ ေလွတင္တံတားအား သစ္၊ ဝါးမ်ားျဖင့္ တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး တိုင္းေဒသႀကီးအစိုးရအဖဲြ႔၊ ေဆာက္လုပ္ေရးႏွင္႔ ပို႔ေဆာင္ဆက္သြယ္ ေရးဝန္ႀကီးဌာနႏွင္႔ မန္းေရႊစက္ေတာ္ ဘုရား ေဂါပကအဖဲြ႔တို႔၏ အစည္းအေဝးဆံုးျဖတ္ခ်က္အရ ဘုရားႀကီးရန္ပံုေငြျဖင့္ တံတားတည္ေဆာက္ခဲ့ျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
ကျပ်သန်း ၁၄၀၀ ကျော်ကုန်ကျသည့် လှေတင်တံတားတွင် ဖြတ်သန်းခကောက်ခံမည်မဟုတ်
************
မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် ရွှေစက်တော်ဘုရားသို့သွားရာ (၃)မိုင်လမ်း၌ ဘုရားကြီးရန်ပုံငွေ ကျပ်သန်း (၁၄၀၀)ကျော်ဖြင့်တည်ဆောက်သည့် လှေတင်တံတားတွင် တံတားဖြတ်သန်းခ ကောက်ခံမည် မဟုတ်ကြောင်း သိရသည်။

အရှည်ပေ(၅၀၀)၊ အကျယ် ပေ(၃၀)၊ အမြင့် ပေ(၂၀)၊ တံတား တိုင်(၈)တိုင်ပါရှိသည့် သံကူကွန်ကရစ်တံတားအား ရွှေစက်တော်ဘုရားပွဲတော်ဖွင့်ပွဲနေ့ ဇန်နဝါရီလ(၂၁)ရက်နေ့တွင် ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

"ဘုရားပွဲတော်ဖွင့်ပွဲအမီပြီးစီးစေဖို့အတွက် တံတားတည်ဆောက်ရေးအထူးအဖွဲ့(၅)၊ ဆိပ်ဖြူကဝန်ထမ်းတွေ နေ့ဆိုင်းညဆိုင်းနဲ့ ကုသိုလ်ပြုဆောင်ရွက်ခဲ့ပြီး လိုအပ်တဲ့လုပ်သား တွေကိုတော့ နေ့စားပေးခေါ်ခဲ့ရပါတယ်"ဟု ဂေါပကဥက္ကဌ ဦးသိန်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါတံတားကြီးမတည်ဆောက်မီက ပွဲတော်ကာလအသုံးပြုရန် လှေတင်တံတားအား သစ်၊ ဝါးများဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ် ရေးဝန်ကြီးဌာနနှင့် မန်းရွှေစက်တော် ဘုရား ဂေါပကအဖွဲ့တို့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ဘုရားကြီးရန်ပုံငွေဖြင့် တံတားတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~