ခ်င္းေရႊေဟာ္ၿမိဳ႕အဝင္တြင္ စိတ္ၾကြရူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိ

ခ်င္းေရႊေဟာ္ၿမိဳ႕အဝင္တြင္ စိတ္ၾကြရူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိ
ဇန်နဝါရီ 21, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ခ်င္းေရႊေဟာ္ၿမိဳ႕အဝင္တြင္ ဇန္နဝါရီလ (၂၀)ရက္ေန႔က စိတ္ၾကြရူးသြပ္ေဆးျပား တစ္ေသာင္းေက်ာ္ ဖမ္းဆီးရမိေၾကာင္း သိရသည္။

တပ္မေတာ္သားမ်ားႏွင့္ မူးယစ္တပ္ဖြဲ႕စု (၂၁)ကြမ္းလုံမွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ၂၀၁၈ ခုႏွစ္၊ ဇန္နဝါရီလ (၂၀) ရက္ေန႔ ညေန (၄)နာရီခြဲခန္႔တြင္ ခ်င္းေရႊေဟာ္ၿမိဳ႕အဝင္ ေလာက္ကိုင္-ခ်င္းေရႊေဟာ္ ကားလမ္း၊ ရာဘာကုန္းတြင္ ဆိုင္ကယ္ေမာင္းႏွင္လာသူႏွစ္ဦးအား စစ္ေဆးရာ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁၁,၇၀၀)ကို ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ေတြ႔ရသည့္ က်န္းခမ္းႏွင့္ ယြီေကာ္တို႔အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲ ေစေသာေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း
ဓါတ္ပံု #ျပည္ထဲေရး

~~~~~~~~⊰❂ unicode ~~~~~~~~
ချင်းရွှေဟော်မြို့အဝင်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
************
ရှမ်းပြည်နယ်(မြောက်ပိုင်း) ချင်းရွှေဟော်မြို့အဝင်တွင် ဇန်နဝါရီလ (၂၀)ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြား တစ်သောင်းကျော် ဖမ်းဆီးရမိကြောင်း သိရသည်။

တပ်မတော်သားများနှင့် မူးယစ်တပ်ဖွဲ့စု (၂၁)ကွမ်းလုံမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့ ညနေ (၄)နာရီခွဲခန့်တွင် ချင်းရွှေဟော်မြို့အဝင် လောက်ကိုင်-ချင်းရွှေဟော် ကားလမ်း၊ ရာဘာကုန်းတွင် ဆိုင်ကယ်မောင်းနှင်လာသူနှစ်ဦးအား စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား (၁၁,၇၀၀)ကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားများနှင့်အတူ တွေ့ရသည့် ကျန်းခမ်းနှင့် ယွီကော်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း
ဓါတ်ပုံ #ပြည်ထဲရေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~