ေလာင္းကစား၊ မူးယစ္ေဆး၀ါး ႏွင့္ ခိုးမႈမ်ားအား တာခ်ီလိတ္၌ ၂၀၁၇ခုႏွစ္ တစ္ႏွစ္တာအတြင္း ဖမ္းဆီးေဖာ္ထုတ္ႏိုင္ခဲ့သည့္ ရဲတပ္ဖြဲ႔၀င္ ႏွစ္ဦးအား လြတ္လပ္ေရးေန႔ အထိမ္းအမွတ္ ညစာ စားပြဲတြင္ ဂုဏ္ျပဳ

ေလာင္းကစား၊ မူးယစ္ေဆး၀ါး ႏွင့္ ခိုးမႈမ်ားအား တာခ်ီလိတ္၌ ၂၀၁၇ခုႏွစ္ တစ္ႏွစ္တာအတြင္း ဖမ္းဆီးေဖာ္ထုတ္ႏိုင္ခဲ့သည့္ ရဲတပ္ဖြဲ႔၀င္ ႏွစ္ဦးအား လြတ္လပ္ေရးေန႔ အထိမ္းအမွတ္ ညစာ စားပြဲတြင္ ဂုဏ္ျပဳ
ဇန်နဝါရီ 5, 2018
By Tachileik News Agency

တာခ်ီလိတ္၌ ဇန္န၀ါရီလ(၄)ရက္ေန႔ ညပိုင္းက တာခ်ီလိတ္ၿမိဳ႕၊ ပါလွ်ံတရုတ္ဘုံေက်ာင္း၏ မဂၤလာခန္းမ၌ က်င္းပျပဳလုပ္သည့္ ႏွစ္(၇၀)ျပည့္ လြတ္လပ္ေရးေန႔ အထိမ္းအမွတ္ ဂုဏ္ျပဳညစာ စားပြဲတြင္ ၂၀၁၇ခုႏွစ္ အတြင္း မႈခင္းက်ဆင္းေရးလုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ စြမ္းစြမ္းတမံ ထမ္းရြက္ခဲ့ၾကသည့္ ရဲတပ္ဖြဲ႔၀င္မ်ား အနက္  ရဲတပ္ဖြဲ႔၀င္ ႏွစ္ဦးအား ဂုဏ္ျပဳမွတ္တမ္းလႊာ ေပးအပ္ခ်ီးျမႇင့္သည္။

၂၀၁၇ခုႏွစ္ တစ္ႏွစ္တာကာလအတြင္း တာခ်ီလိတ္တြင္ ခိုးမႈ(၁၂)မႈ၊ မူးယစ္ေဆး၀ါး (၂)မႈ ႏွင့္ ေလာင္းကစားမႈ (၂)မႈတို႔အား လက္ဦးမႈ ရယူ ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့သည့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္း ဒုတိယေခါင္းေဆာင္ ရဲအုပ္ကိုကိုဦး ႏွင့္ တရားမ၀င္ လက္နက္ အပါအ၀င္ စိတ္ၾကြ ေဆးျပားမ်ားႏွင့္ ေဆးျပားရိုက္စက္မ်ား ဖမ္းဆီးရမိေရးအတြက္ စံုစမ္းေထာက္လွမ္း သတင္းရယူႏိုင္ခဲ့သည့္ တာခ်ီလိတ္ခရိုင္ ရဲတပ္ဖြဲ႕မွဴးရံုးမွ ခရိုင္အထူးမႈခင္းႏွိမ္ႏွင္းေရးအဖြဲ႔၀င္ ရဲအရာခံ ေဇာ္၀င္းေဌးတို႔အား ဂုဏ္ျပဳ မွတ္တမ္းလႊာမ်ား ေပးအပ္ခ်ီးျမႇင့္လိုက္သည္။

ယင္းကဲ့သို႔ပင္ ၂၀၁၇ခုႏွစ္က က်င္းပျပဳလုပ္ခဲ့သည့္ (၆၉)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ အထိမ္းအမွတ္ ဂုဏ္ျပဳ ညစာ စားပြဲတြင္လည္း ၂၀၁၆ခုႏွစ္ တစ္ႏွစ္တာအတြင္း တာခ်ီလိတ္ခရိုင္၌ မႈခင္းမ်ား ေဖာ္ထုတ္ဖမ္းဆီးရမိေရးအတြက္ ေခါင္းေဆာင္ေကာင္းပီသစြာျဖင့္ စီမံခန္႔ခြဲကြပ္ကဲမႈေပးႏုိင္ခဲ့သည့္ ခရိုင္ရဲတပ္ဖြဲ႕မွဳး ဒုရဲမွဴးႀကီးထိန္ဝင္း၊  ရွင္းမန္ရတနာေရႊဆုိင္ ေဖါက္ထြင္းမႈ အပါအဝင္ ျပည္သူအထိတ္ တလန္႔ျဖစ္ေစသည့္ သတင္းမ်ား ထြက္သည့္ မႈခင္းမ်ားအား အျမန္ဆံုးေဖာ္ထုတ္ေပးသည့္ ခရိုင္ရဲတပ္ဖြဲ႕မွဴးရံုးမွ ရဲအုပ္ေသာင္းေရႊ၊ လူသတ္အေလာင္းေဖ်ာက္ ကားခိုးေရာင္းသည့္ အမႈအား ေဖၚထုတ္ႏုိင္ခဲ့သည့္ ေဟာင္လိတ္ရဲကင္းစခန္းမွ နယ္ထိန္းရဲတပ္ၾကပ္ ဂီးဒိုတို႔ကိုလည္း ဂုဏ္ျပဳမွတ္တမ္းမ်ား ခ်ီးျမႇင့္ေပးခဲ့သည္။

၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ(၄)ရက္ေန႔ ညပိုင္းတြင္ က်င္းပသည့္ လြတ္လပ္ေရးေန႔ အထိမ္းအမွတ္ ဂုဏ္ျပဳညစာ စားပြဲ အခမ္းအနားတြင္ အဆိုပါ ရဲတပ္ဖြဲ႔၀င္ ႏွစ္ဦး အပါအ၀င္ ေဒသဖြံ႔ၿဖိဳးေရးႏွင့္ ျပည္သူ႔အက်ိဳးျပဳလုပ္ငန္းတြင္ ပါဝင္ ေဆာင္ရြက္သည့္ လူပုဂၢိဳလ္ႏွင့္အသင္းအဖြဲ႕မ်ားအား ဂုဏ္ျပဳမွတ္တမ္းလႊာ (၁၁)ခုေပးအပ္ ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားသို႔ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္၊ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဌး၀င္း၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္၊ တာခ်ီလိတ္ခရုိင္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ၊ တာခ်ီလိတ္ၿမဳိ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ ႏွင့္ ဌာနဆုိင္ရာမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား၊ တိုင္းရင္းသား ယဥ္ေက်းမႈ အသင္းအဖြဲ႔မ်ား၊ ႏိုင္ငံေရးပါတီမ်ား ႏွင့္ စီးပြားေရး လုပ္ငန္းရွင္မ်ား အျပင္ ထိုင္းႏိုင္ငံဘက္မွ ဧည့္သည္ေတာ္မ်ား တက္ေရာက္ခဲ့ၾကသည္။




~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်၌ ဇန်နဝါရီလ(၄)ရက်နေ့ ညပိုင်းက တာချီလိတ်မြို့၊ ပါလျှံတရုတ်ဘုံကျောင်း၏ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သည့် နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာ စားပွဲတွင် ၂၀၁၇ခုနှစ် အတွင်း မှုခင်းကျဆင်းရေးလုပ်ငန်းများနှင့် ပတ်သက်၍ စွမ်းစွမ်းတမံ ထမ်းရွက်ခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များ အနက် ရဲတပ်ဖွဲ့ဝင် နှစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်သည်။

၂၀၁၇ခုနှစ် တစ်နှစ်တာကာလအတွင်း တာချီလိတ်တွင် ခိုးမှု(၁၂)မှု၊ မူးယစ်ဆေးဝါး (၂)မှု နှင့် လောင်းကစားမှု (၂)မှုတို့အား လက်ဦးမှု ရယူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်း ဒုတိယခေါင်းဆောင် ရဲအုပ်ကိုကိုဦး နှင့် တရားမဝင် လက်နက် အပါအဝင် စိတ်ကြွ ဆေးပြားများနှင့် ဆေးပြားရိုက်စက်များ ဖမ်းဆီးရမိရေးအတွက် စုံစမ်းထောက်လှမ်း သတင်းရယူနိုင်ခဲ့သည့် တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင်အထူးမှုခင်းနှိမ်နှင်းရေးအဖွဲ့ဝင် ရဲအရာခံ ဇော်ဝင်းဌေးတို့အား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်လိုက်သည်။

ယင်းကဲ့သို့ပင် ၂၀၁၇ခုနှစ်က ကျင်းပပြုလုပ်ခဲ့သည့် (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြု ညစာ စားပွဲတွင်လည်း ၂၀၁၆ခုနှစ် တစ်နှစ်တာအတွင်း တာချီလိတ်ခရိုင်၌ မှုခင်းများ ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ခေါင်းဆောင်ကောင်းပီသစွာဖြင့် စီမံခန့်ခွဲကွပ်ကဲမှုပေးနိုင်ခဲ့သည့် ခရိုင်ရဲတပ်ဖွဲ့မှုး ဒုရဲမှူးကြီးထိန်ဝင်း၊ ရှင်းမန်ရတနာရွှေဆိုင် ဖောက်ထွင်းမှု အပါအဝင် ပြည်သူအထိတ် တလန့်ဖြစ်စေသည့် သတင်းများ ထွက်သည့် မှုခင်းများအား အမြန်ဆုံးဖော်ထုတ်ပေးသည့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်သောင်းရွှေ၊ လူသတ်အလောင်းဖျောက် ကားခိုးရောင်းသည့် အမှုအား ဖော်ထုတ်နိုင်ခဲ့သည့် ဟောင်လိတ်ရဲကင်းစခန်းမှ နယ်ထိန်းရဲတပ်ကြပ် ဂီးဒိုတို့ကိုလည်း ဂုဏ်ပြုမှတ်တမ်းများ ချီးမြှင့်ပေးခဲ့သည်။

၂၀၁၈ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့ ညပိုင်းတွင် ကျင်းပသည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာ စားပွဲ အခမ်းအနားတွင် အဆိုပါ ရဲတပ်ဖွဲ့ဝင် နှစ်ဦး အပါအဝင် ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းတွင် ပါဝင် ဆောင်ရွက်သည့် လူပုဂ္ဂိုလ်နှင့်အသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာ (၁၁)ခုပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသား ယဉ်ကျေးမှု အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ နှင့် စီးပွားရေး လုပ်ငန်းရှင်များ အပြင် ထိုင်းနိုင်ငံဘက်မှ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~