ေခ်ာက္ၿမိဳ႕ ေရနံခ်က္စက္ရံုအနီး၌ ေရနံပိုက္လိုင္းမွ ေရနံယိုစိမ္႔မႈျဖစ္ပြားေန၍ အနီးဝန္းက်င္ေနထိုင္သူမ်ားကို သတိေပးထား

ေခ်ာက္ၿမိဳ႕ ေရနံခ်က္စက္ရံုအနီး၌ ေရနံပိုက္လိုင္းမွ ေရနံယိုစိမ္႔မႈျဖစ္ပြားေန၍ အနီးဝန္းက်င္ေနထိုင္သူမ်ားကို သတိေပးထား
ဒီဇင်ဘာ 5, 2017
By 🌸
ေခ်ာက္ၿမိဳ႕ လြတ္လပ္ေရးရပ္ကြက္ အမွတ္ (၄) နယ္ေျမတြင္ ဒီဇင္ဘာလ (၅) ရက္ နံနက္ (၁၀) နာရီခဲြ အခ်ိန္ခန္႔က အမွတ္ (၂) ေရနံခ်က္ရံုစက္ရံုအနီး ေရနံပိုက္လိုင္းမွ ေရနံယိုစိမ့္ထြက္မႈ ျဖစ္ေပၚေနသျဖင့္ အနီးဝန္းက်င္ေနထိုင္သူမ်ားကို သတိေပးထားေၾကာင္း ေခ်ာက္ၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနမွ သိရသည္။

 “ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနက မီးသတ္ယာဥ္ (၂) စီး၊ ေရနံမီးသတ္က ေရသယ္ယာဥ္ (၁) စီး၊ ၿမိဳ႕အ ေထာက္အကူျပဳ ေရသယ္ယာဥ္ (၁) စီးတို႔နဲ႔ လမ္းေပၚစီးက်ေနတ့ဲ ေရနံေတြကို ရွင္းလင္း ေဆာင္ရြက္ေန ပါတယ္။ ေရနံေငြ႕ေတြ ေလထုထဲ ပ်ံႏွံ႔ေနတဲ႔အတြက္ အမွတ္ (၄) နယ္ေျမအနီးက ျပည္သူေတြ ကိုလည္း လတ္တေလာ မီးသံုးစြဲျခင္းမ်ား မျပဳလုပ္ဖို႔ လိုက္လံသတိေပးႏိႈးေဆာ္ထားပါတယ္”ဟု ေခ်ာက္ၿမိဳ႕ နယ္ မီးသတ္ဦးစီးအရာရိွက ေျပာသည္။

ေခ်ာက္ၿမိဳ႕ ေျမာက္ဘက္ရိွ အမွတ္(၂) ေရနံခ်က္စက္ရံုအနီး ေခ်ာက္ေရနံေျမ ပင္မ သိုေလွာင္ကန္မွ ဧရာဝတီျမစ္ ေရနံတင္သေဘၤာဆီသို႕ ပို႕လႊတ္ေသာ (၆) လက္မ ေရနံပိုက္လိုင္း အလယ္တြင္ ထိန္းခ်ဳပ္ ထားသည္႔ ဘားမွာ ေရနံဖိအားေၾကာင့္ ပြင့္ထြက္၍ ေရနံယိုထြက္မႈ ျဖစ္ပြားခ့ဲျခင္း ျဖစ္ ေၾကာင္း သိရ သည္။

အဆိုပါေရနံပိုက္လိုင္းမွ ေရနံမ်ားယိုထြက္မႈေၾကာင္႔ ေခ်ာက္-ပုဂံ-ေညာင္ဦး လမ္းမေပၚသို႔ ေပ(၅၀၀) ခန္႔အထိ ေရနံအမ်ားအျပားစီးဆင္းခဲ႔ၿပီး ေရနံမ်ားအား ေရျဖင့္ေဆးေၾကာျခင္း၊ အေငြ႔မ်ား ဖယ္ရွားေပးျခင္း၊ ခပ္ယူရွင္းလင္းျခင္းမ်ားေဆာင္ရြက္၍ ျမန္မာ့ေရနံနွင့္ သဘာဝဓါတ္ေငြ႕လုပ္ငန္းက ေရနံယိုစိမ္႔သည္႔ေနရာအား ဖာေထးခဲ႔ၿပီး လမ္းေပၚသို႔ သဲခင္းျခင္းလုပ္ငန္းမ်ားကို ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း သိရသည္။

သတင္း #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
ချောက်မြို့ ရေနံချက်စက်ရုံအနီး၌ ရေနံပိုက်လိုင်းမှ ရေနံယိုစိမ့်မှုဖြစ်ပွားနေ၍ အနီးဝန်းကျင်နေထိုင်သူများကို သတိပေးထား
*******
ချောက်မြို့ လွတ်လပ်ရေးရပ်ကွက် အမှတ် (၄) နယ်မြေတွင် ဒီဇင်ဘာလ (၅) ရက် နံနက် (၁၀) နာရီခွဲ အချိန်ခန့်က အမှတ် (၂) ရေနံချက်ရုံစက်ရုံအနီး ရေနံပိုက်လိုင်းမှ ရေနံယိုစိမ့်ထွက်မှု ဖြစ်ပေါ်နေသဖြင့် အနီးဝန်းကျင်နေထိုင်သူများကို သတိပေးထားကြောင်း ချောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

 “မြို့နယ်မီးသတ်ဦးစီးဌာနက မီးသတ်ယာဉ် (၂) စီး၊ ရေနံမီးသတ်က ရေသယ်ယာဉ် (၁) စီး၊ မြို့အ ထောက်အကူပြု ရေသယ်ယာဉ် (၁) စီးတို့နဲ့ လမ်းပေါ်စီးကျနေတဲ့ ရေနံတွေကို ရှင်းလင်း ဆောင်ရွက်နေ ပါတယ်။ ရေနံငွေ့တွေ လေထုထဲ ပျံနှံ့နေတဲ့အတွက် အမှတ် (၄) နယ်မြေအနီးက ပြည်သူတွေ ကိုလည်း လတ်တလော မီးသုံးစွဲခြင်းများ မပြုလုပ်ဖို့ လိုက်လံသတိပေးနှိုးဆော်ထားပါတယ်”ဟု ချောက်မြို့ နယ် မီးသတ်ဦးစီးအရာရှိက ပြောသည်။

ချောက်မြို့ မြောက်ဘက်ရှိ အမှတ်(၂) ရေနံချက်စက်ရုံအနီး ချောက်ရေနံမြေ ပင်မ သိုလှောင်ကန်မှ ဧရာဝတီမြစ် ရေနံတင်သင်္ဘောဆီသို့ ပို့လွှတ်သော (၆) လက်မ ရေနံပိုက်လိုင်း အလယ်တွင် ထိန်းချုပ် ထားသည့် ဘားမှာ ရေနံဖိအားကြောင့် ပွင့်ထွက်၍ ရေနံယိုထွက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ် ကြောင်း သိရ သည်။

အဆိုပါရေနံပိုက်လိုင်းမှ ရေနံများယိုထွက်မှုကြောင့် ချောက်-ပုဂံ-ညောင်ဦး လမ်းမပေါ်သို့ ပေ(၅၀၀) ခန့်အထိ ရေနံအများအပြားစီးဆင်းခဲ့ပြီး ရေနံများအား ရေဖြင့်ဆေးကြောခြင်း၊ အငွေ့များ ဖယ်ရှားပေးခြင်း၊ ခပ်ယူရှင်းလင်းခြင်းများဆောင်ရွက်၍ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းက ရေနံယိုစိမ့်သည့်နေရာအား ဖာထေးခဲ့ပြီး လမ်းပေါ်သို့ သဲခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~