ဘိန္းျဖဴ၊ စိတ္ၾကြရူးသြပ္ေဆးႏွင့္ ဘိန္းမဲမ်ား သယ္ေဆာင္လာသူကို ေက်ာက္မဲၿမိဳ႕အဝင္ဂိတ္တြင္ ဖမ္းဆီးရမိ

ဘိန္းျဖဴ၊ စိတ္ၾကြရူးသြပ္ေဆးႏွင့္ ဘိန္းမဲမ်ား သယ္ေဆာင္လာသူကို ေက်ာက္မဲၿမိဳ႕အဝင္ဂိတ္တြင္ ဖမ္းဆီးရမိ
ဒီဇင်ဘာ 2, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ အိုရီယမ္တယ္ဟိုင္းေဝးတိုးဂိတ္တြင္ ဒီဇင္ဘာလ(၂)ရက္ေန႔က ဘိန္းျဖဴ၊ စိတ္ၾကြရူးသြပ္ေဆးျပားႏွင့္ ဘိန္းမဲမ်ား သယ္ေဆာင္လာသူတစ္ဦးအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

“အိုရီယမ္တယ္ဟိုင္းေဝး တိုးဂိတ္မွာ ပိတ္ဆို႔စစ္ေဆးရွာေဖြမႈေတြ ျပဳလုပ္ေနတဲ့အခ်ိန္ သီေပါဘက္ကေန ေက်ာက္မဲဘက္ကို ေမာင္းႏွင္လာတဲ့ မသကၤာဖြယ္ရာ ဆိုင္ကယ္ကိုေတြ႔ရွိၿပီး စစ္ေဆးရွာေဖြတဲ့အခါမွာ ဘိန္းျဖဴ၊ စိတ္ၾကြေဆးျပားေတြနဲ႔ ဘိန္းမဲေတြကို ဖမ္းဆီးရမိခဲ့တာျဖစ္ပါတယ္ “ဟု ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေက်ာက္မဲၿမိဳ႕နယ္ရဲတပ္ဖြဲ႔၊ ၿမိဳ႕မရဲတပ္ဖြ႕ဲႏွင့္ အမွတ္(၂၄) မူးယစ္ရဲတပ္ဖြဲ႔(လားရိႈး) တို႔ပါဝင္သည့္ ပူးေပါင္းအဖြဲ႔သည္ ဒီဇင္ဘာလ(၂)ရက္ေန႔ နံနက္ (၁၁)နာရီ(၃၀)ခန္႔အခ်ိန္က ပိတ္ဆို႔စစ္ေဆးရွာေဖြမႈမ်ား ျပဳလုပ္ေနစဥ္ သီေပါဘက္မွ ေက်ာက္မဲဘက္သို႔ ဆိုင္ကယ္ေမာင္းနွင္လာသည့္ အသက္ (၂၂)ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးထံမွ ဘိန္းျဖဴ အေလးခ်ိန္ စုစုေပါင္း (၁၁၀၀) ဂရမ္၊ စိတ္ၾကြရူးသြပ္ေဆးျပား (၂၀၀၀)ႏွင့္ ဘိန္းမဲအေလးခ်ိန္ (၇၅၀၀) ဂရမ္တို႔အား သိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ေအာင္ေနအား ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ မယ (ပ) ၃၀/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓာတ္ပံု #ရဲတပ္ဖြဲ႔

~~~~~~~~⊰❂ unicode ~~~~~~~~
ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးနှင့် ဘိန်းမဲများ သယ်ဆောင်လာသူကို ကျောက်မဲမြို့အဝင်ဂိတ်တွင် ဖမ်းဆီးရမိ
*********

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ အိုရီယမ်တယ်ဟိုင်းဝေးတိုးဂိတ်တွင် ဒီဇင်ဘာလ(၂)ရက်နေ့က ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းမဲများ သယ်ဆောင်လာသူတစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

“အိုရီယမ်တယ်ဟိုင်းဝေး တိုးဂိတ်မှာ ပိတ်ဆို့စစ်ဆေးရှာဖွေမှုတွေ ပြုလုပ်နေတဲ့အချိန် သီပေါဘက်ကနေ ကျောက်မဲဘက်ကို မောင်းနှင်လာတဲ့ မသင်္ကာဖွယ်ရာ ဆိုင်ကယ်ကိုတွေ့ရှိပြီး စစ်ဆေးရှာဖွေတဲ့အခါမှာ ဘိန်းဖြူ၊ စိတ်ကြွဆေးပြားတွေနဲ့ ဘိန်းမဲတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ် “ဟု ကျောက်မဲမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့နယ်ရဲတပ်ဖွဲ့၊ မြို့မရဲတပ်ဖွဲ့နှင့် အမှတ်(၂၄) မူးယစ်ရဲတပ်ဖွဲ့(လားရှိုး) တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ(၂)ရက်နေ့ နံနက် (၁၁)နာရီ(၃၀)ခန့်အချိန်က ပိတ်ဆို့စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေစဉ် သီပေါဘက်မှ ကျောက်မဲဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် အသက် (၂၂)နှစ်အရွယ် အမျိုးသားတစ်ဦးထံမှ ဘိန်းဖြူ အလေးချိန် စုစုပေါင်း (၁၁၀၀) ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀၀)နှင့် ဘိန်းမဲအလေးချိန် (၇၅၀၀) ဂရမ်တို့အား သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် အောင်နေအား ကျောက်မဲမြို့မရဲစခန်းတွင် မယ (ပ) ၃၀/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~