တာခ်ီလိတ္တြင္ ကားဘီးေပါက္၍ ရပ္ထားသည့္ ေမာ္ေတာ္ယာဥ္အား ဝင္တုိက္မိရာမွ ဆုိင္ကယ္စီးလူငယ္ေသဆံုး

တာခ်ီလိတ္တြင္ ကားဘီးေပါက္၍ ရပ္ထားသည့္ ေမာ္ေတာ္ယာဥ္အား ဝင္တုိက္မိရာမွ ဆုိင္ကယ္စီးလူငယ္ေသဆံုး
ဒီဇင်ဘာ 26, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ မုိင္းဖုန္း(ခ)ေက်းရြာအုပ္စု၊ နမ့္လြတ္(အာခါ)ရြာအနီး တာခ်ီလိတ္ - ၀မ္ပံုကားလမ္းတြင္ ဒီဇင္ဘာလ(၂၅)ရက္ေန႔ ညက ရပ္ထားသည့္ ေမာ္ေတာ္ယာဥ္အား ေနာက္မွဆိုင္ကယ္ျဖင့္ ဝင္တုိက္မိ၍ လူငယ္တစ္ဦးေသဆံုးသြားေၾကာင္း သိရသည္။

အဆုိပါလမ္း တြင္ ယာဥ္တုိက္မွဳ ျဖစ္ပြားေၾကာင္း သတင္းအရ ရဲတပ္ဖြဲ႕က သြားေရာက္ စစ္ေဆးရာ ကားဘီးေပါက္သျဖင့္ ရပ္ထားေသာ ရာဘာတံုးမ်ား တင္ေဆာင္ထားသည့္ ဒုိင္နာယာဥ္တစ္စီးအား ဆုိင္ကယ္စီးလာသူက အရိွန္ျဖင့္ ဝင္တုိက္မိ၍ ေနရာတြင္ ေသဆံုးသြားျခင္းျဖစ္သည္ကို စစ္ေဆးေတြ႔ရိွရၿပီး ေသဆံုးသြားသူမွာ အသက္ (၂၇)ႏွစ္အရြယ္ စိုင္းခမ္းက်င္ဆိုသူျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က အတည္ျပဳသည္။

ေသဆံုးသူအား တာခ်ီလိတ္နာေရးကူညီမႈအသင္းအကူအညီျဖင့္ ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။

ေသဆံုးသြားသည့္ ဆုိင္ကယ္ေမာင္းႏွင္သူ စိုင္းခမ္းက်င္အား ၀မ္ပံုနယ္ေျမရဲစခန္းတြင္ ယာဥ္ (ပ)၆/၂၀၁၇ ၊ရာဇသတ္ၾကီးဥပေဒပုဒ္မ၂၇၉ /၃၀၄(က)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ နမ့်လွတ်(အာခါ)ရွာအနီး တာချီလိတ် - ဝမ်ပုံကားလမ်းတွင် ဒီဇင်ဘာလ(၂၅)ရက်နေ့ ညက ရပ်ထားသည့် မော်တော်ယာဉ်အား နောက်မှဆိုင်ကယ်ဖြင့် ဝင်တိုက်မိ၍ လူငယ်တစ်ဦးသေဆုံးသွားကြောင်း သိရသည်။

အဆိုပါလမ်း တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးရာ ကားဘီးပေါက်သဖြင့် ရပ်ထားသော ရာဘာတုံးများ တင်ဆောင်ထားသည့် ဒိုင်နာယာဉ်တစ်စီးအား ဆိုင်ကယ်စီးလာသူက အရှိန်ဖြင့် ဝင်တိုက်မိ၍ နေရာတွင် သေဆုံးသွားခြင်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိရပြီး သေဆုံးသွားသူမှာ အသက် (၂၇)နှစ်အရွယ် စိုင်းခမ်းကျင်ဆိုသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုသည်။

သေဆုံးသူအား တာချီလိတ်နာရေးကူညီမှုအသင်းအကူအညီဖြင့် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

သေဆုံးသွားသည့် ဆိုင်ကယ်မောင်းနှင်သူ စိုင်းခမ်းကျင်အား ဝမ်ပုံနယ်မြေရဲစခန်းတွင် ယာဉ် (ပ)၆/၂၀၁၇၊ရာဇသတ်ကြီးဥပဒေပုဒ်မ၂၇၉ /၃၀၄(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~