(၁၂)ဘီးကား ႏွင့္ ဆိုင္ကယ္ တိုက္မိရာမွ အမ်ဳိးသားတစ္ဦး ေသဆံုး

(၁၂)ဘီးကား ႏွင့္ ဆိုင္ကယ္ တိုက္မိရာမွ အမ်ဳိးသားတစ္ဦး ေသဆံုး
ဒီဇင်ဘာ 3, 2017
By Tachileik News Agency

ဆိုင္ကယ္ ႏွင့္ (၁၂)ဘီးကားတို႔ တိုက္မိရာမွ ဆိုင္ကယ္အေနာက္တြင္ စီးနင္းလိုက္ပါလာသည့္ အမ်ဳိးသား တစ္ဦး ေသဆံုးမႈ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕နယ္ ေခ်ာင္းေခ်ာက္ေက်းရြာအနီး ျပည္ေထာင္စု လမ္းမႀကီးတြင္ ဒီဇင္ဘာလ(၃)ရက္ေန႔ နံနက္(၁)နာရီ၀န္းက်င္အခ်ိန္က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

 ေက်ာက္မဲၿမိဳ႕နယ္ ေခ်ာင္းေခ်ာက္ေက်းရြာအနီး ျပည္ေထာင္စုလမ္းမႀကီး မိုင္တိုင္အမွတ္ ၁၁၆/၃ ႏွင့္ ၄ အၾကားတြင္ အမ်ဳိးသားႏွစ္ဦး စီးနင္းလာသည့္ ေမာ္ေတာ္ဆိုင္ကယ္တို႔ တိုက္မိရာမွ ဆိုင္ကယ္ အေနာက္တြင္ စီးႏွင္းလိုက္ပါလာသည့္ အသက္(၁၅)ႏွစ္ရွိ စိုင္းအိုက္ပ ဆိုသူမွာ ဦးေခါင္းပြင့္ထြက္ ဒဏ္ရာျဖင့္ ေနရာတြင္ ေသဆံုးသြားသည့္ အတြက္ ေက်ာက္မဲျပည္သူ႔ေဆးရံုသို႔ ေက်ာက္မဲၿမိဳ႕ ဇီ၀ိတလူမႈကူညီေရးအသင္းက ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

"ဆိုင္ကယ္က ေက်ာက္မဲဘက္ကိုအလာ ကားက သီေပါဘက္ကိုအသြား တိုက္မိတာ ျဖစ္ပါတယ္။ မဆင္မျခင္ ေမာင္းႏွင္သူေတြ ျဖစ္တ့ဲ ဆိုင္ကယ္ေမာင္းႏွင္သူနဲ႕ ၁၂ ဘီးယာဥ္ေမာင္း တို႔ကိုအမႈဖြင့္ အေရးယူဖို႔ လုပ္ေဆာင္ေနပါတယ္"ဟု အမွတ္(၁၂၀) ယာဥ္ထိန္းရဲတပ္ဖြဲ႕ ေက်ာက္မဲမွ တာဝန္မွဴးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဆိုင္ကယ္ ယာဥ္ေမာင္း အိုက္ရြဲႏွင့္ (၁၂)ဘီးယာဥ္ေမာင္း ျဖစ္သူ ျမင့္ေဆြဦးတို႕အား (ပ) ၆၄/၂၀၁၇ ပုဒ္မ ၃၀၄(က)ျဖင့္ ေက်ာက္မဲၿမိဳ႕မရဲစခန္း တြင္ အမႈဖြင့္အေရးယူထားေၾကာင္း သိရွိရသည္။

သတင္း - ေနၿဖဳိးျမင့္
photo - ကိုေစာမင္းၾကဴ



~~~~~~~~⊰❂ unicode ~~~~~~~~

ဆိုင်ကယ် နှင့် (၁၂)ဘီးကားတို့ တိုက်မိရာမှ ဆိုင်ကယ်အနောက်တွင် စီးနင်းလိုက်ပါလာသည့် အမျိုးသား တစ်ဦး သေဆုံးမှု ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ချောင်းချောက်ကျေးရွာအနီး ပြည်ထောင်စု လမ်းမကြီးတွင် ဒီဇင်ဘာလ(၃)ရက်နေ့ နံနက်(၁)နာရီဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 ကျောက်မဲမြို့နယ် ချောင်းချောက်ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၁၁၆/၃ နှင့် ၄ အကြားတွင် အမျိုးသားနှစ်ဦး စီးနင်းလာသည့် မော်တော်ဆိုင်ကယ်တို့ တိုက်မိရာမှ ဆိုင်ကယ် အနောက်တွင် စီးနှင်းလိုက်ပါလာသည့် အသက်(၁၅)နှစ်ရှိ စိုင်းအိုက်ပ ဆိုသူမှာ ဦးခေါင်းပွင့်ထွက် ဒဏ်ရာဖြင့် နေရာတွင် သေဆုံးသွားသည့် အတွက် ကျောက်မဲပြည်သူ့ဆေးရုံသို့ ကျောက်မဲမြို့ ဇီဝိတလူမှုကူညီရေးအသင်းက ပို့ဆောင်ပေးထားကြောင်း သိရသည်။

"ဆိုင်ကယ်က ကျောက်မဲဘက်ကိုအလာ ကားက သီပေါဘက်ကိုအသွား တိုက်မိတာ ဖြစ်ပါတယ်။ မဆင်မခြင် မောင်းနှင်သူတွေ ဖြစ်တဲ့ ဆိုင်ကယ်မောင်းနှင်သူနဲ့ ၁၂ ဘီးယာဉ်မောင်း တို့ကိုအမှုဖွင့် အရေးယူဖို့ လုပ်ဆောင်နေပါတယ်"ဟု အမှတ်(၁၂၀) ယာဉ်ထိန်းရဲတပ်ဖွဲ့ ကျောက်မဲမှ တာဝန်မှူးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဆိုင်ကယ် ယာဉ်မောင်း အိုက်ရွဲနှင့် (၁၂)ဘီးယာဉ်မောင်း ဖြစ်သူ မြင့်ဆွေဦးတို့အား (ပ) ၆၄/၂၀၁၇ ပုဒ်မ ၃၀၄(က)ဖြင့် ကျောက်မဲမြို့မရဲစခန်း တွင် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

သတင်း - နဖြေိုးမြင့်
စ့သအသ - ကိုစောမင်းကြူ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~