
ဒီဇငျဘာ 7, 2017
By 🌸

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ အမှတ်(၂၂၆) ခြေလျင်တပ်ရင်း၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ရန်ကြီးအောင်၊ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု၊ တာချီလိတ် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုင်းဆိုင်တစ်၊ စစ်ဗျူဟာအဖွဲ့(အခြေချ) (တာချီလိတ်)မှ စစ်ဦးစီးမှူး (တတိယတန်း) ဗိုလ်ကြီးစိုးသူတို့နှင့် လေ့လာသူများအဖြစ် တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ခရိုင်ရဲတပ်ဖွဲ့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်းတို့အပါအဝင် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူ (၂၀)ဦးပါဝင်သည့်အဖွဲ့ တက်ရောက်ကြပြီး ထိုင်းနိုင်ငံဘက်မှ အမှတ်(၃)လှုပ်ရှားယန္တရားတပ် ဗျူဟာမှူး ဗိုလ်မှူးကြီး ကီတားကွမ်းကျန်းထရားဦးဆောင်သည့်  (၅၇)ဦးပါဝင်သည့်အဖွဲ့တို့ တက်ရောက်ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့က ဆွေးနွေးသည့်အကြောင်းအရာများမှာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတရားခံများ ဖမ်းဆီးရမိရေးကိစ္စ၊ နှစ်နိုင်ငံကုန်သွယ်မှုကိစ္စ၊ နယ်စပ်ဖြတ်ကျော် မူးယစ်မှုခင်းများကိစ္စ၊ မြန်မာနိုင်ငံဘက်ခြမ်းတွင် ထိုင်းနိုင်ငံသားများ အရေးယူခံထားရသည့်ကိစ္စ၊ နှစ်နိုင်ငံ နယ်နမိတ်ကိစ္စများ စသည်တို့ဖြစ်ပြီး ထိုင်းကိုယ်စားလှယ်အဖွဲ့က ဆွေးနွေးသည့်အကြောင်းအရာများမှာ နှစ်နိုင်ငံနယ်စပ်ဒေသများတွင် တောမီးရှို့သည့်ကိစ္စ၊ မြန်မာနိုင်ငံဘက်တွင် အရေးယူခံထားရသည့် ထိုင်းနိုင်ငံသားကိစ္စ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ ထိုင်းနိုင်ငံဘက်က တိမ်းရှောင်သွားသည့် တရားခံပြေးများကိစ္စ၊ နယ်စပ်ချောင်းတွင် မြေထိန်းနံရံတည်ဆောက်ရေးကိစ္စစသည်တို့ကို ညှိနှိုင်းဆွေးနွေးကြကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
၉၁ ကြိမ်မြောက် မြန်မာ - ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီအစည်းအဝေး တာချီလိတ်တွင် ကျင်းပ
***********
မြန်မာ - ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီ (တာချီလိတ် - မဲဆိုင်)၏ (၉၁)ကြိမ်မြောက်အစည်းအဝေးအား ဒီဇင်ဘာလ (၇)ရက်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ဇန်မွန်း(အာခါ)ဟိုတယ်တွင် ကျင်းပရာ မြန်မာဘက်မှ (၂၅)ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံဘက်မှ (၅၇)ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ အမှတ်(၂၂၆) ခြေလျင်တပ်ရင်း၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ရန်ကြီးအောင်၊ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု၊ တာချီလိတ် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုင်းဆိုင်တစ်၊ စစ်ဗျူဟာအဖွဲ့(အခြေချ) (တာချီလိတ်)မှ စစ်ဦးစီးမှူး (တတိယတန်း) ဗိုလ်ကြီးစိုးသူတို့နှင့် လေ့လာသူများအဖြစ် တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ခရို်င်ရဲတပ်ဖွဲ့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်းတို့အပါအဝင် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူ (၂၀)ဦးပါဝင်သည့်အဖွဲ့ တက်ရောက်ကြပြီး ထိုင်းနိုင်ငံဘက်မှ အမှတ်(၃)လှုပ်ရှားယန္တရားတပ် ဗျူဟာမှူး ဗိုလ်မှူးကြီး ကီတားကွမ်းကျန်းထရားဦးဆောင်သည့်  (၅၇)ဦးပါဝင်သည့်အဖွဲ့တို့ တက်ရောက်ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့က ဆွေးနွေးသည့်အကြောင်းအရာများမှာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတရားခံများ ဖမ်းဆီီးရမိရေးကိစ္စ၊ နှစ်နိုင်ငံကုန်သွယ်မှုကိစ္စ၊ နယ်စပ်ဖြတ်ကျော် မူးယစ်မှုခင်းများကိစ္စ၊ မြန်မာနိုင်ငံဘက်ခြမ်းတွင် ထိုင်းနိုင်ငံသားများ အရေးယူခံထားရသည့်ကိစ္စ၊ နှစ်နိုင်ငံ နယ်နမိတ်ကိစ္စများ စသည်တို့ဖြစ်ပြီး ထိုင်းကိုယ်စားလှယ်အဖွဲ့က ဆွေးနွေးသည့်အကြောင်းအရာများမှာ နှစ်နိုင်ငံနယ်စပ်ဒေသများတွင် တောမီးရှို့သည့်ကိစ္စ၊ မြန်မာနိုင်ငံဘက်တွင် အရေးယူခံထားရသည့် ထိုင်းနိုင်ငံသားကိစ္စ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ ထိုင်းနိုင်ငံဘက်က တိမ်းရှောင်သွားသည့် တရားခံပြေးများကိစ္စ၊ နယ်စပ်ချောင်းတွင် မြေထိန်းနံရံတည်ဆောက်ရေးကိစ္စစသည်တို့ကို ညှိနှိုင်းဆွေးနွေးကြကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~