က်ဳိင္းတံုၿမဳိ႕တြင္ ႏွစ္ရက္ၾကာက်င္းပမည့္ ကေလးစာေပပဲြေတာ္ စတင္ဖြင့္လွစ္

က်ဳိင္းတံုၿမဳိ႕တြင္ ႏွစ္ရက္ၾကာက်င္းပမည့္ ကေလးစာေပပဲြေတာ္ စတင္ဖြင့္လွစ္
ဒီဇင်ဘာ 2, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပုိင္း) က်ဳိင္းတံုၿမဳိ႕၌ ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနႏွင့္ ပညာေရးဌာနတုိ႔ ပူးေပါင္း က်င္းပသည့္ ကေလးစာေပပဲြေတာ္၊ ကေလးစာေပျပပဲြႏွင့္ စာအုပ္ေစ်းေရာင္းပဲြေတာ္ကို ဒီဇင္ဘာလ (၂) ရက္ေန႔ နံနက္ (၇) နာရီ (၄၅) မိနစ္က ၿမဳိ႕ေတာ္ခန္းမတြင္ စတင္ ဖြင့္လွစ္ထားၿပီျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စာေပပဲြေတာ္တြင္ ပံုေျပာၿပဳိင္ပဲြ၊ ကဗ်ာရြတ္ၿပဳိင္ပဲြ၊ ေဆးေရာင္ျခယ္ၿပဳိင္ပဲြ၊ အရုပ္ေခါက္ႏွင့္ အိမ္ေဆာက္ၿပဳိင္ပဲြ၊ ခြက္နင္းၿပဳိင္ပဲြ၊ ဖိနပ္စီးၿပဳိင္ပဲြ၊ ပူးေပါင္းညႇပ္ၿပဳိင္ပဲြ၊ အရုပ္ဆက္ၿပဳိင္ပဲြ၊ စကား ပံုဆက္ၿပဳိင္ပဲြမ်ားကုိ ထည့္သြင္းထားၿပီး စိတ္ကူးခ်ဳိခ်ဳိ ၊ ေအာင္ေက်ာ္၊ ဖုိးခ်စ္ စသည့္ စာအုပ္ဆိုင္ မ်ားကလည္း စာအုပ္စာေစာင္မ်ား ေစ်းႏႈန္းခ်ဳိသာစြာ ေရာင္းခ်ေပးလ်က္ရွိေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕ ကေလးစာေပပဲြေတာ္ဖြင့္ပဲြသုိ႔ ႀတိဂံေဒသတုိင္း စစ္ဌာနခ်ဳပ္၊ တုိင္းမွဴး ဗုိလ္ခ်ဳပ္ ေအာင္ေဇာ္ေအး ၊ အာခါ တုိင္းရင္းသားလူမ်ဳိးေရးရာ၀န္ႀကီး ဦးအာေဗလ၊ လႊတ္ေတာ္ကုိယ္စားလွယ္မ်ား၊ ျပည္နယ္ဒုတိယ အုပ္ခ်ဳပ္ေရးမွဴး ဦးရဲႏုိင္၊ ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးဝင္းမင္းသိန္း၊ ၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ျမင့္၊ ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန တဲြဖက္ျပည္နယ္ က်ဳိင္းတံုရံုးမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေမာင္ၾကည္ႏွင့္ ဌာနဆုိင္ရာမ်ား၊ ၿမဳိ႕မိၿမဳိ႕ဖ မ်ား၊ အလွဴရွင္မ်ား၊ တုိင္းရင္းသားယဥ္ေက်းမႈအဖဲြ႕မ်ား၊ လူမႈေရးအသင္းအဖဲြ႕မ်ား၊ ဆရာ၊ ဆရာမမ်ား၊ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေက်ာင္းသားမိဘမ်ား တက္ေရာက္သည္။

အဆိုပါ ပြဲေတာ္အား က်ိဳင္းတံုၿမိဳ႕ေတာ္ခန္းမ၌ ဒီဇင္ဘာလ (၂) ရက္ေန႔ ကစတင္ကာ ဒီဇင္ဘာလ(၃)ရက္ေန႔အထိ နံနက္ (၉) နာရီမွ ညေန (၄) နာရီအတြင္း က်င္းပသြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

ဓါတ္ပံု - ေ၀ယံလင္း
သတင္း - ယာေဆး




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း ကျင်းပသည့် ကလေးစာပေပွဲတော်၊ ကလေးစာပပြေပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာလ (၂) ရက်နေ့ နံနက် (၇) နာရီ (၄၅) မိနစ်က မြို့တော်ခန်းမတွင် စတင် ဖွင့်လှစ်ထားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ စာပေပွဲတော်တွင် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အရုပ်ခေါက်နှင့် အိမ်ဆောက်ပြိုင်ပွဲ၊ ခွက်နင်းပြိုင်ပွဲ၊ ဖိနပ်စီးပြိုင်ပွဲ၊ ပူးပေါင်းညှပ်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ စကား ပုံဆက်ပြိုင်ပွဲများကို ထည့်သွင်းထားပြီး စိတ်ကူးချိုချို၊ အောင်ကျော်၊ ဖိုးချစ် စသည့် စာအုပ်ဆိုင် များကလည်း စာအုပ်စာစောင်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့ ကလေးစာပေပွဲတော်ဖွင့်ပွဲသို့ တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေး၊ အာခါ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွဲဖက်ပြည်နယ် ကျိုင်းတုံရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်ကြည်နှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ များ၊ အလှူရှင်များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်သည်။

အဆိုပါ ပွဲတော်အား ကျိုင်းတုံမြို့တော်ခန်းမ၌ ဒီဇင်ဘာလ (၂) ရက်နေ့ ကစတင်ကာ ဒီဇင်ဘာလ(၃)ရက်နေ့အထိ နံနက် (၉) နာရီမှ ညနေ (၄) နာရီအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ -ေဝယံလင်း
သတင်း - ယာဆေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~