ဖရူဆိုၿမိဳ႕နယ္ ေက်းရြာခ်င္းဆက္လမ္း ျပဳျပင္ေနသည့္ ကုမၸဏီမွ လုပ္သားမ်ား လုိက္ပါလာေသာကား ဘရိတ္ေပါက္၍ ကိုယ္ဝန္ေဆာင္(၂)ဦးအပါအဝင္ (၅)ဦးဒဏ္ရာရ၊ (၁)ဦးေသဆံုး

ဖရူဆိုၿမိဳ႕နယ္ ေက်းရြာခ်င္းဆက္လမ္း ျပဳျပင္ေနသည့္ ကုမၸဏီမွ လုပ္သားမ်ား လုိက္ပါလာေသာကား ဘရိတ္ေပါက္၍ ကိုယ္ဝန္ေဆာင္(၂)ဦးအပါအဝင္ (၅)ဦးဒဏ္ရာရ၊ (၁)ဦးေသဆံုး
နိုဝင်ဘာ 18, 2017
By Tachileik News Agency

ကယားျပည္နယ္ ဖရူဆိုၿမိဳ႕နယ္ ေကေကာေက်းရြာႏွင့္ လိုတီေက်းရြာခ်င္းဆက္လမ္းလုပ္သားမ်ားႏွင့္ မိသားစုဝင္မ်ား လုိက္ပါလာသည့္ ေမာ္ေတာ္ယာဥ္တစ္စီး ႏိုဝင္ဘာလ (၁၇)ရက္ေန႔က ဘရိတ္ေပါက္ၿပီး တိမ္းေမွာက္သျဖင့္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီး(၂)ဦးအပါအဝင္ (၅)ဦးဒဏ္ရာရကာ (၁)ဦးေသဆံုး သြားေၾကာင္း သိရသည္။

ဖရူဆိုၿမိဳ႕နယ္ ေကေကာေက်းရြာႏွင့္ လိုတီေက်းရြာခ်င္းဆက္လမ္းျပဳျပင္ေနသည့္ ေစာေဌးျမင့္ ကုမၸဏီလိမိတက္မွ လမ္းလုပ္သား လူႀကီး(၈)ဦးႏွင့္ ကေလး (၂)ဦးတုိ႔ ဖရူဆိုၿမိဳ႕တြင္ ေစ်းဝယ္ရန္ လိုက္ပါလာသည့္ ေမာ္ေတာ္ယာဥ္သည္ ေထခိုေက်းရြာႏွင့္ ဟူမိုထိေက်းရြာၾကားအေရာက္ ဘရိတ္ေပါက္သြားၿပီး လမ္းေဘးကမ္းပါးယံအား တိုက္မိသျဖင့္ ယာဥ္တိမ္းေစာင္းကာ ယာဥ္ေပၚမွလူမ်ား လြင့္စင္က်ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေမာင္းအမ်ိဳးသားအပါအဝင္ အမ်ိဳးသား (၂)ဦး၊ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီး(၂)ဦးအပါအဝင္ အမ်ိဳးသမီး (၃)ဦးဒဏ္ရာရသြားၿပီး အမ်ိဳးသား(၁)ဦးေနရာတြင္ ေသဆံုးသြားေၾကာင္း သိရသည္။

ဒဏ္ရာရလူနာမ်ားမွာ ဖရူၿမိဳ႕နယ္ ျပည္သူ႔ေဆးရံုတြင္ ကုသမႈခံယူေနရာ ယင္းတုိ႔အနက္ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီး(၂)ဦးမွလြဲ၍ က်န္(၃)ဦးကို လိြဳင္ေကာ္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တိမ္းေမွာက္မႈအား ဖရူဆိုၿမိဳ႕နယ္ရဲတပ္ဖြဲ႕က စစ္ေဆးမႈမ်ား ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ဖရူဆိုၿမိဳ႕နယ္ျပည္သူ႔ေဆးရံုသို႔ လူနာမ်ားေရာက္ရိွခ်ိန္တြင္ ဖရူဆိုၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ထြန္းသိန္းႏွင့္ ေစာေဌးျမင့္ကုမၸဏီမွ ဒါရိုက္တာ ဦးေစာဒီမိုတို႔လည္း ေရာက္ရိွၿပီး ၾကည့္ရႈအားေပးခဲ့ေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် ဖရူဆိုမြို့နယ် ကေကောကျေးရွာနှင့် လိုတီကျေးရွာချင်းဆက်လမ်းလုပ်သားများနှင့် မိသားစုဝင်များ လိုက်ပါလာသည့် မော်တော်ယာဉ်တစ်စီး နိုဝင်ဘာလ (၁၇)ရက်နေ့က ဘရိတ်ပေါက်ပြီး တိမ်းမှောက်သဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီး(၂)ဦးအပါအဝင် (၅)ဦးဒဏ်ရာရကာ (၁)ဦးသေဆုံး သွားကြောင်း သိရသည်။

ဖရူဆိုမြို့နယ် ကေကောကျေးရွာနှင့် လိုတီကျေးရွာချင်းဆက်လမ်းပြုပြင်နေသည့် စောဌေးမြင့် ကုမ္ပဏီလိမိတက်မှ လမ်းလုပ်သား လူကြီး(၈)ဦးနှင့် ကလေး (၂)ဦးတို့ ဖရူဆိုမြို့တွင် ဈေးဝယ်ရန် လိုက်ပါလာသည့် မော်တော်ယာဉ်သည် ထေခိုကျေးရွာနှင့် ဟူမိုထိကျေးရွာကြားအရောက် ဘရိတ်ပေါက်သွားပြီး လမ်းဘေးကမ်းပါးယံအား တိုက်မိသဖြင့် ယာဉ်တိမ်းစောင်းကာ ယာဉ်ပေါ်မှလူများ လွင့်စင်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအမျိုးသားအပါအဝင် အမျိုးသား (၂)ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီး(၂)ဦးအပါအဝင် အမျိုးသမီး (၃)ဦးဒဏ်ရာရသွားပြီး အမျိုးသား(၁)ဦးနေရာတွင် သေဆုံးသွားကြောင်း သိရသည်။

ဒဏ်ရာရလူနာများမှာ ဖရူမြို့နယ် ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေရာ ယင်းတို့အနက် ကိုယ်ဝန်ဆောင် အမျိုးသမီး(၂)ဦးမှလွဲ၍ ကျန်(၃)ဦးကို လွိုင်ကော်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုအား ဖရူဆိုမြို့နယ်ရဲတပ်ဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

ဖရူဆိုမြို့နယ်ပြည်သူ့ဆေးရုံသို့ လူနာများရောက်ရှိချိန်တွင် ဖရူဆိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းသိန်းနှင့် စောဌေးမြင့်ကုမ္ပဏီမှ ဒါရိုက်တာ ဦးစောဒီမိုတို့လည်း ရောက်ရှိပြီး ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~