ကေလာၿမိဳ႕အတြက္ စစ္ေဆးေရးစခန္းတြင္ ေမာ္ေတာ္ယာဥ္တစ္စီးမွ စိတ္ၾကြရူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိ

ကေလာၿမိဳ႕အတြက္ စစ္ေဆးေရးစခန္းတြင္ ေမာ္ေတာ္ယာဥ္တစ္စီးမွ စိတ္ၾကြရူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိ
နိုဝင်ဘာ 1, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ကေလာၿမိဳ႕အထြက္ ပူးေပါင္းစစ္ေဆးေရးစခန္းတြင္ ေအာက္တိုဘာလ (၃၁) ရက္ေန႔က ေမာ္ေတာ္ယာဥ္တစ္စီးအား စစ္ေဆးရွာေဖြရာ စိတ္ၾကြရူးသြပ္ေဆးျပား (၉၉၀)အား ရွာေဖြေတြ႔ရိွရေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၅)ေတာင္ႀကီးမွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ကေလာၿမိဳ႕အထြက္ ပူးေပါင္း စစ္ေဆးေရးစခန္းတြင္ စစ္ေဆးေနစဥ္ ေမာင္လိတ္ေမာင္းႏွင္ၿပီး  နန္းဟိန္းႏွင့္ ငဲဗြာတို႔ လိုက္ပါလာသည့္ ေမာ္ေတာ္ယာဥ္ကိုရွာေဖြရာ ယာဥ္ေမာင္း ထိုင္ခုံေဘးတံခါးအဖုံးရွိ ပစၥည္းထည့္သည့္ ခြက္အတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၉၉၀) ျပား သိမ္းဆည္းရမိေၾကာင္း သိရသည္။

ေမာင္လိတ္၊ နန္းဟိန္းႏွင့္ ငဲဗြာတို႔အား မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ား ဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့အထွက် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် အောက်တိုဘာလ (၃၁) ရက်နေ့က မော်တော်ယာဉ်တစ်စီးအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား (၉၉၀)အား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလောမြို့အထွက် ပူးပေါင်း စစ်ဆေးရေးစခန်းတွင် စစ်ဆေးနေစဉ် မောင်လိတ်မောင်းနှင်ပြီး နန်းဟိန်းနှင့် ငဲဗွာတို့ လိုက်ပါလာသည့် မော်တော်ယာဉ်ကိုရှာဖွေရာ ယာဉ်မောင်း ထိုင်ခုံဘေးတံခါးအဖုံးရှိ ပစ္စည်းထည့်သည့် ခွက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၉၉၀) ပြား သိမ်းဆည်းရမိကြောင်း သိရသည်။

မောင်လိတ်၊ နန်းဟိန်းနှင့် ငဲဗွာတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~