တရားမဝင္ ေငြတိုးေခ်းလုပ္ငန္းႏွင့္ပတ္သက္၍ တရားရံုးဆံုးျဖတ္ခ်က္ကို မေက်နပ္သည့္ အမ်ိဳးသမီး ၃ ဦး ဆႏၵထုတ္ေဖာ္

တရားမဝင္ ေငြတိုးေခ်းလုပ္ငန္းႏွင့္ပတ္သက္၍ တရားရံုးဆံုးျဖတ္ခ်က္ကို မေက်နပ္သည့္ အမ်ိဳးသမီး ၃ ဦး ဆႏၵထုတ္ေဖာ္
နိုဝင်ဘာ 23, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး စလင္းၿမိဳ႕တြင္ တရားမဝင္ ေငြတိုးေခ်းလုပ္ငန္းလုပ္ကိုင္သူႏွင့္ပတ္သက္၍ တရားရံုး ဆံုးျဖတ္ခ်က္ကို မေက်နပ္သည့္ အမ်ိဳးသမီး (၃)ဦးက ႏိုဝင္ဘာ(၂၃)ရက္ေန႔တြင္ ခြင့္ျပဳခ်က္ျဖင့္ ဆႏၵ ထုတ္ေဖာ္ၾကေၾကာင္း သိရသည္။

စလင္းၿမိဳ႕နယ္ မက်ီးပင္ပုအုပ္စု ကူတိုေျမာက္ရြာမွ ေဒၚဝင္းေမာ္၊ မက်ီးကုန္းရြာမွ ေဒၚၾကည္ျမင္႔ႏွင္႔ အင္းပုတ္ရြာမွ ေဒၚရီေရႊတို႔က စလင္းၿမိဳ႕ ျမင္တင္ရပ္၊ မင္းဘူး-ဆိပ္ျဖဴကားလမ္းေဘးတြင္ ဗီႏိုင္းမ်ား ခ်ိတ္ဆဲြ၍ ဆႏၵေဖာ္ထုတ္ခဲ့ၾကျခင္းျဖစ္သည္။

“တရားသူႀကီးေတြ၊ ဥပေဒအၾကံေပးေတြ၊ ဥပေဒအရာရိွေတြရဲ႕ အဂတိတရားလိုက္စားမႈ၊ တရားေရး ဝန္ထမ္းမ်ားရဲ႕ ရံုးခ်ိန္းေတြ၊ အမႈေန႔စဥ္မွတ္တမ္းေတြ လဲြမွားစြာ ေရးသြင္းထားရိွမႈေတြေၾကာင္႔ ကၽြန္မတို႔လို အမႈသည္ေတြမွာ အလြန္ထိခိုက္နစ္နာရပါတယ္။ ဒါ႔ေၾကာင္႔ သူတို႔ကိုေဖာ္ထုတ္စစ္ေဆး အေရးယူႏိုင္ေရး အတြက္ အခုလိုဆႏၵေဖာ္ထုတ္ၾကရတာပါ”ဟု ဆႏၵေဖာ္ထုတ္သူတစ္ဦးျဖစ္သည့္ ေဒၚဝင္းေမာ္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ကိစၥရပ္ႏွင့္ ပတ္သက္၍ ႏိုဝင္ဘာ(၂၁)ရက္ေန႔ကလည္း ေဒၚဝင္းေမာ္ႏွင္႔ ေဒၚရီေရႊတို႔က ဆင္ျဖဴကၽြန္းနယ္ေျမ ရဲစခန္းမွဴးႏွင္႔ ဂါတ္စာေရးတို႔အား ဆင္ျဖဴကၽြန္းၿမိဳ႕တြင္ ဆႏၵေဖာ္ထုတ္ခဲ့ၾကသည္။

သတင္း #ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး စလင်းမြို့တွင် တရားမဝင် ငွေတိုးချေးလုပ်ငန်းလုပ်ကိုင်သူနှင့်ပတ်သက်၍ တရားရုံး ဆုံးဖြတ်ချက်ကို မကျေနပ်သည့် အမျိုးသမီး (၃)ဦးက နိုဝင်ဘာ(၂၃)ရက်နေ့တွင် ခွင့်ပြုချက်ဖြင့် ဆန္ဒ ထုတ်ဖော်ကြကြောင်း သိရသည်။

စလင်းမြို့နယ် မကျီးပင်ပုအုပ်စု ကူတိုမြောက်ရွာမှ ဒေါ်ဝင်းမော်၊ မကျီးကုန်းရွာမှ ဒေါ်ကြည်မြင့်နှင့် အင်းပုတ်ရွာမှ ဒေါ်ရီရွှေတို့က စလင်းမြို့ မြင်တင်ရပ်၊ မင်းဘူး-ဆိပ်ဖြူကားလမ်းဘေးတွင် ဗီနိုင်းများ ချိတ်ဆွဲ၍ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

“တရားသူကြီးတွေ၊ ဥပဒေအကြံပေးတွေ၊ ဥပဒေအရာရှိတွေရဲ့ အဂတိတရားလိုက်စားမှု၊ တရားရေး ဝန်ထမ်းများရဲ့ ရုံးချိန်းတွေ၊ အမှုနေ့စဉ်မှတ်တမ်းတွေ လွဲမှားစွာ ရေးသွင်းထားရှိမှုတွေကြောင့် ကျွန်မတို့လို အမှုသည်တွေမှာ အလွန်ထိခိုက်နစ်နာရပါတယ်။ ဒါ့ကြောင့် သူတို့ကိုဖော်ထုတ်စစ်ဆေး အရေးယူနိုင်ရေး အတွက် အခုလိုဆန္ဒဖော်ထုတ်ကြရတာပါ”ဟု ဆန္ဒဖော်ထုတ်သူတစ်ဦးဖြစ်သည့် ဒေါ်ဝင်းမော်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ နိုဝင်ဘာ(၂၁)ရက်နေ့ကလည်း ဒေါ်ဝင်းမော်နှင့် ဒေါ်ရီရွှေတို့က ဆင်ဖြူကျွန်းနယ်မြေ ရဲစခန်းမှူးနှင့် ဂါတ်စာရေးတို့အား ဆင်ဖြူကျွန်းမြို့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

သတင်း #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~