ရွမ္းျပည္နယ္တြင္း ဒီဇင္ဘာလ အားကစားၿပိဳင္ပြဲမ်ားအား တာခ်ီလိတ္၊ က်ိဳင္းတံု၊ လားရိႈးႏွင့္ ေတာင္ႀကီးၿမိဳ႕မ်ားတြင္ က်င္းပၿပီး လူထုလမ္းေလွ်ာက္ပြဲကို အပတ္စဥ္ စေနေန႔တုိင္းက်င္းပမည္

ရွမ္းျပည္နယ္တြင္း ဒီဇင္ဘာလ အားကစားၿပိဳင္ပြဲမ်ားအား တာခ်ီလိတ္၊ က်ိဳင္းတံု၊ လားရိႈးႏွင့္ ေတာင္ႀကီးၿမိဳ႕မ်ားတြင္ က်င္းပၿပီး လူထုလမ္းေလွ်ာက္ပြဲကို အပတ္စဥ္ စေနေန႔တုိင္းက်င္းပမည္
နိုဝင်ဘာ 21, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း ဒီဇင္ဘာလ အားကစားလႈပ္ရွားမႈမ်ားအျဖစ္ ဝန္ႀကီးခ်ဳပ္ဖလား အားကစားၿပိဳင္ပြဲမ်ားႏွင့္ ကေမၻာဇဖလားအားကစားၿပိဳင္ပြဲအား တာခ်ီလိတ္၊ က်ိဳင္းတံု၊ လားရိႈးႏွင့္ ေတာင္ႀကီးၿမိဳ႕မ်ားတြင္ က်င္းပမည္ျဖစ္ၿပီး ၿမိဳ႕နယ္တုိင္းတြင္ က်င္းပမည့္ လူထုလမ္းေလွ်ာက္ပြဲမ်ားအား အပတ္စဥ္ စေနေန႔တုိင္း က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ဖလား အသက္(၂၀)ႏွစ္ေအာက္ ၿမိဳ႕နယ္ေပါင္းစံုအားကစားၿပိဳင္ပြဲြဲမ်ားကို ခရိုင္ၿမိဳ႕ႀကီးမ်ားတြင္ အလွည့္က်က်င္းပေနရာ ၂၀၁၇ ခုႏွစ္အတြင္း ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)ၿမိဳ႕နယ္မ်ားအတြက္ၿပိဳင္ပြဲကို တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၆)ရက္ေန႔မွ (၁၂)ရက္ေန႔အထိ၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္မ်ားအတြက္ လားရိႈးၿမိဳ႕တြင္ ဒီဇင္ဘာလ (၂၄)ရက္ေန႔မွ (၃၀)ရက္ေန႔ထိ၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ၿမိဳ႕နယ္မ်ားအတြက္ ေတာင္ႀကီးၿမိဳ႕တြင္ ဒီဇင္ဘာလ (၃၀)ရက္ေန႔မွ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၂)ရက္ေန႔အထိ ၿပိဳင္ပြဲမ်ား အသီးသီး က်င္းပၾကမည္ျဖစ္ေၾကာင္း သိရသည္။

ျပည္နယ္အစိုးရက ဦးစီးၿပီး လားရိႈး၊ က်ိဳင္းတံုႏွင့္ ေတာင္ႀကီးၿမိဳ႕မ်ားတြင္ ႏွစ္စဥ္အလွည့္က် က်င္းပေနသည့္ ကေမၻာဇဖလားေဂါက္သီးရိုက္ၿပိဳင္ပြဲအား ၂၀၁၇ ခုနွစ္တြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံုၿမိဳ႕၌ ဒီဇင္ဘာလ (၁၄)ရက္ေန႔မွ (၁၇)ရက္ေန႔အထိ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား အသက္(၂၀)ႏွစ္ေအာက္ ၿမိဳ႕နယ္ေပါင္းစံုအားကစားၿပိဳင္ပြဲမ်ားအား ၂၀၁၇ ခုနွစ္တြင္ တာခ်ီလိတ္၊ လားရိႈးႏွင့္ ေတာင္ႀကီးၿမိဳ႕မ်ားတြင္ ဒီဇင္ဘာလ (၁၆)ရက္မွစ၍ က်င္းပ သြားမည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္တြင္က်င္းပမည့္ ဝန္ႀကီးခ်ဳပ္ဖလား အသက္(၂၀)ႏွစ္ေအာက္ ၿမိဳ႕နယ္ေပါင္းစံု အားကစားၿပိဳင္ပြဲြဲတြင္ မီနီမာရသြန္၊ ပိုက္ေက်ာ္ျခင္း၊ ေျပးခုန္ပစ္၊ ၾကက္ေတာင္၊ အမ်ိဳးသားေဘာလံုးႏွင့္ စားပြဲတင္တင္းနစ္ အားကစားနည္း (၆)မ်ိဳးပါဝင္ကာ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)လားရိႈးၿမိဳ႕တြင္ က်င္းပမည့္ၿပိဳင္ပြဲတြင္ မီနီမာရသြန္၊ ပိုက္ေက်ာ္ျခင္း၊ ေျပးခုန္ပစ္၊ စစ္တုရင္၊ အမ်ိဳးသားေဘာလံုးႏွင့္ အမ်ိဳးသား၊ အမ်ိဳးသမီး ဘတ္စကက္ေဘာၿပိဳင္ပြဲမ်ား ပါဝင္မည္ျဖစ္ၿပီး ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ က်င္းပသြားမည့္ၿပိဳင္ပြဲတြင္ မီနီမာရသြန္၊ ပိုက္ေက်ာ္ျခင္း၊ ေျပးခုန္ပစ္၊ အမ်ိဳးသား စားပြဲတင္တင္းနစ္၊ အမ်ိဳးသား ေဘာ္လီေဘာ၊ တုိက္ကြမ္ဒို၊ ကရာေတးႏွင့္ ျမန္မာ့သိုင္းၿပိဳင္ပြဲမ်ား ထည့္သြင္းထားေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း
ဓာတ္ပံု - ခရိုင္ ေထြ/အုပ္





~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း ဒီဇင်ဘာလ အားကစားလှုပ်ရှားမှုများအဖြစ် ဝန်ကြီးချုပ်ဖလား အားကစားပြိုင်ပွဲများနှင့် ကမ္ဘောဇဖလားအားကစားပြိုင်ပွဲအား တာချီလိတ်၊ ကျိုင်းတုံ၊ လားရှိုးနှင့် တောင်ကြီးမြို့များတွင် ကျင်းပမည်ဖြစ်ပြီး မြို့နယ်တိုင်းတွင် ကျင်းပမည့် လူထုလမ်းလျှောက်ပွဲများအား အပတ်စဉ် စနေနေ့တိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် မြို့နယ်ပေါင်းစုံအားကစားပြိုင်ပွဲများကို ခရိုင်မြို့ကြီးများတွင် အလှည့်ကျကျင်းပနေရာ ၂၀၁၇ ခုနှစ်အတွင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း)မြို့နယ်များအတွက်ပြိုင်ပွဲကို တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၆)ရက်နေ့မှ (၁၂)ရက်နေ့အထိ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မြို့နယ်များအတွက် လားရှိုးမြို့တွင် ဒီဇင်ဘာလ (၂၄)ရက်နေ့မှ (၃၀)ရက်နေ့ထိ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်များအတွက် တောင်ကြီးမြို့တွင် ဒီဇင်ဘာလ (၃၀)ရက်နေ့မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၂)ရက်နေ့အထိ ပြိုင်ပွဲများ အသီးသီး ကျင်းပကြမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်အစိုးရက ဦးစီးပြီး လားရှိုး၊ ကျိုင်းတုံနှင့် တောင်ကြီးမြို့များတွင် နှစ်စဉ်အလှည့်ကျ ကျင်းပနေသည့် ကမ္ဘောဇဖလားဂေါက်သီးရိုက်ပြိုင်ပွဲအား ၂၀၁၇ ခုနှစ်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့၌ ဒီဇင်ဘာလ (၁၄)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် မြို့နယ်ပေါင်းစုံအားကစားပြိုင်ပွဲများအား ၂၀၁၇ ခုနှစ်တွင် တာချီလိတ်၊ လားရှိုးနှင့် တောင်ကြီးမြို့များတွင် ဒီဇင်ဘာလ (၁၆)ရက်မှစ၍ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်တွင်ကျင်းပမည့် ဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် မြို့နယ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် မီနီမာရသွန်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ အမျိုးသားဘောလုံးနှင့် စားပွဲတင်တင်းနစ် အားကစားနည်း (၆)မျိုးပါဝင်ကာ ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့တွင် ကျင်းပမည့်ပြိုင်ပွဲတွင် မီနီမာရသွန်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ စစ်တုရင်၊ အမျိုးသားဘောလုံးနှင့် အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲများ ပါဝင်မည်ဖြစ်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ကျင်းပသွားမည့်ပြိုင်ပွဲတွင် မီနီမာရသွန်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ အမျိုးသား စားပွဲတင်တင်းနစ်၊ အမျိုးသား ဘော်လီဘော၊ တိုက်ကွမ်ဒို၊ ကရာတေးနှင့် မြန်မာ့သိုင်းပြိုင်ပွဲများ ထည့်သွင်းထားကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း
ဓာတ်ပုံ - ခရိုင် ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~