တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း ပြုလုပ်မည့် စုပေါင်းမဟာဘုံကထိန် ပြသပွဲ နှင့် ပထမဆုံးနိဗ္ဗာန်ဈေးတွင် ပါဝင်ရန်လှူဒါန်းရန် ၂၅ ဦး စာရင်းပေးထား

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း ပြုလုပ်မည့် စုပေါင်းမဟာဘုံကထိန် ပြသပွဲ နှင့် ပထမဆုံးနိဗ္ဗာန်ဈေးတွင် ပါဝင်ရန်လှူဒါန်းရန် ၂၅ ဦး စာရင်းပေးထား
အောကျတိုဘာ 30, 2017
By Tachileik News Agency


အဆိုပါ နိဗ္ဗာန်ဈေးအား နိုဝင်ဘာလ (၂)ရက်နေ့ ညနေ(၄)နာရီတွင် စတင်မည်ဖြစ်ပြီး ပါဝင်လှူဒါန်း လိုသူများ အနေဖြင့် ဖုန်း ၀၉၂၆၂၆၇၇၂၅၄ နှင့် ၀၉၇၆၄၆၇၇၂၅၄ များသို့ အောက်တိုဘာလ (၃၁)ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ်စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။

ရှမ်းရိုးမကွင်းတွင် ထားရှိမည့် ပဒေသာပင်(၉၆)ပင်အတွက် အမိုးတဲများ ဆောက်လုပ်ခြင်း၊ ရောင်စုံမီးတပ်ဆင်ခြင်းများကို ဦးရဲထွန်းသိန်း(ဦးသားကြီး)တိုးတက်ဟိန်းကုမ္ပဏီမှ တာဝန်ယူထားပြီး ကုန်ကျစရိတ်များ အတွက် ဦးမြင့်ဦး(မုတ်ဆိတ်)မှ အလှူငွေ ဘတ်တစ်သောင်းနှင့် မိုးကာ(၂)လိပ်၊ ဟိုတယ်တာချီလိတ်မှ မိုးကာ(၃)လိပ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မိုးကာ(၁)လိပ်၊ ဂေါ်ရခါးလူမှုရေး အဖွဲ့မှ မိုးကာ(၂)လိပ်၊ ဦးဝင်းမောင်နှင့်ဇနီး (လောကနတ်)မှ မိုးကာ(၂)လိပ်၊ နိုင်းမိတ္တူမှ မိုးကာ(၁)လိပ်၊ အလင်းရောင်ပရဟိတအသင်းမှ မိုးကာ(၁)လိပ်၊ ဦးမြင့်ဇော်(ရဲလိုးဆပ်ပရိုက်သောက်ရေသန့်)မှ မိုးကာ(၂)လိပ် လှူဒါန်းထားကြောင်း သိရသည်။


ဓါတ်ပုံ #ဇွဲမြတ်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း၌ နိုဝင်ဘာလ (၂)ရက်နေ့တွင် ကျင်းပမည့် စုပေါင်း မဟာဘုံကထိန် ပြသပွဲ နှင့် ပထမဆုံး နိဗ္ဗာန်ဈေးပွဲတော်တွင် ပါဝင်လိုသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း(၂၅)ဦးရှိပြီ ဖြစ်ကြောင်း အောက်တိုဘာလ (၃၀)ရက်နေ့စာရင်းအရ သိရသည်။

အဆိုပါ နိဗ္ဗာန်ဈေးအား နိုဝင်ဘာလ (၂)ရက်နေ့ ညနေ(၄)နာရီတွင် စတင်မည်ဖြစ်ပြီး ပါဝင်လှူဒါန်း လိုသူများ အနဖြေင့် ဖုန်း ဝ၉၂၆၂၆၇၇၂၅၄ နှင့် ဝ၉၇၆၄၆၇၇၂၅၄ များသို့ အောက်တိုဘာလ (၃၁)ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ်စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။

ရှမ်းရိုးမကွင်းတွင် ထားရှိမည့် ပဒေသာပင်(၉၆)ပင်အတွက် အမိုးတဲများ ဆောက်လုပ်ခြင်း၊ ရောင်စုံမီးတပ်ဆင်ခြင်းများကို ဦးရဲထွန်းသိန်း(ဦးသားကြီး)တိုးတက်ဟိန်းကုမ္ပဏီမှ တာဝန်ယူထားပြီး ကုန်ကျစရိတ်များ အတွက် ဦးမြင့်ဦး(မုတ်ဆိတ်)မှ အလှူငွေ ဘတ်တစ်သောင်းနှင့် မိုးကာ(၂)လိပ်၊ ဟိုတယ်တာချီလိတ်မှ မိုးကာ(၃)လိပ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မိုးကာ(၁)လိပ်၊ ဂေါ်ရခါးလူမှုရေး အဖွဲ့မှ မိုးကာ(၂)လိပ်၊ ဦးဝင်းမောင်နှင့်ဇနီး (လောကနတ်)မှ မိုးကာ(၂)လိပ်၊ နို်င်းမိတ္တူမှ မိုးကာ(၁)လိပ်၊ အလင်းရောင်ပရဟိတအသင်းမှ မိုးကာ(၁)လိပ်၊ ဦးမြင့်ဇော်(ရဲလိုးဆပ်ပရိုက်သောက်ရေသန့်)မှ မိုးကာ(၂)လိပ် လှူဒါန်းထားကြောင်း သိရသည်။

လက်ရှိတွင် နိဗ္ဗာန်ဈေးအတွက် စာရင်းပေးထားသူများမှာ ဦးမင်းမင်းထွန်း(မိုးနတ်သား)မိသားစုမှ မယ်ဇလီဖူးသုပ်၊ ဓာတ်ပုံဆရာများအသင်းမှ သာကူကျို၊ စေတနာကမ်းလက်များအဖွဲ့မှ လက်ဖက်သုပ်(သို့) နို့ထမင်း၊ အိမ်ခြံမြေအကျိုးဆောင်အဖွဲ့ မှ ကြာဆံကြော်၊ ဒေါ်ယဉ်ယဉ်အေး/ဒေါ်ရီရီမြင့် မှ ထပ်တစ်ရာ(သို့)ဗူးသီးကြော်၊ လောကနတ်မိသားစု မှ ဆီထမင်း၊ ဂေါ်ရခါးလူမှုရေးအဖွဲ့မှ ပူတီ၊ ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်း မှ ကြာဆံဟင်းခါး၊ ကိုအာကာ(ရွှေဗူးသီးဟိုတယ်)မှ ဟမ်ဘာဂါနှင့်အအေး၊ ဦးနေဇင်ငြိမ်းနှင့်ဇနီး(မိသားစု)မှ ယိုးဒယားသာကူကြို၊ မြန်မာ့စီးပွားရေးဘဏ်မှ အအေးစုံ၊ မဇ္ဈိမလူမှု ကူညီရေးအသင်းမှ ရေခဲမုန့်၊ ဦးဇော်မြင့် မိသားစု(ဖြိုးကုန်စုံဆိုင်)မှ ရေခဲမုန့်၊ရွှေအိမ်ဝင်း (မိသားစု)မှ မုန့်လက်ဆောင်း၊ ဗယ်လင်တိုင်းနှင့် နိုင်းနိုင်း ကဖေး မှ ဆနွင်းမကင်းနှင့်ပူတင်း၊ ဆဝပ်ဒီ ဟောလီဒေး ခရီးသွားလာရေးကုမ္ပဏီလီမိတက် မှ တို့ဟူးနွေး၊ပဲနို့ရည်နှင့်အီကြာကွေး၊ခင်တင်ဇာ အပ်ချုပ်ဆိုင် မှ ကျောက်ကျော၊ ရှမ်းရှေ့ရေပေးဝေရေး တာချီလိတ် မှ ဆန်ပြားကြော်၊ ဦးညို+ဒေါ်ခမ်း မှ အုန်းနို့ခေါက်ဆွဲ၊ ကိုမောင်မောင်ထွန်း+မအေးအေးပြုံး(ပုသိမ်ဆန်ဆိုင်မိသားစု)မှ ကြာဆံကြော်၊ ပဒုမ္မာအခွေဆိုင် မှ အုန်းနို့ကျောက်ကျော၊ ကိုကစ္စနား-ပါလျှံ(ဂေါ်ရခါးလူမှုရေးအဖွဲ့ဝင်)မှ သောက်ရေသန့်၊ ဒေါ်နန်းရှဲန်းဆွတ်(ငွေကမ္ဘာတည်းခိုခန်း)မှ ကြက်ဥပေါင်းနှင့်နို့ပူတင်း၊ တာချီလိတ် သောက်ရေသန့် လုပ်ငန်းရှင်များအသင်း မှ သောက်ရေသန့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(မိသားစု)မှ အကြော်စုံတို့ ပါဝင် လှူဒါန်းကြမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~