လားရိႈးတြင္ ယာဥ္စည္းကမ္းလမ္းစည္းကမ္းလိုက္နာေရးႏွင့္ ၿမိဳ႕ရြာသန္႔ရွင္းေရး တုိင္းရင္းသားယဥ္ေက်းမႈေကာ္မတီ (၁၀)ခု ပူးေပါင္း၍ အသိပညာေပးလႈံ႕ေဆာ္

လားရိႈးတြင္ ယာဥ္စည္းကမ္းလမ္းစည္းကမ္းလိုက္နာေရးႏွင့္ ၿမိဳ႕ရြာသန္႔ရွင္းေရး တုိင္းရင္းသားယဥ္ေက်းမႈေကာ္မတီ (၁၀)ခု ပူးေပါင္း၍ အသိပညာေပးလႈံ႕ေဆာ္
အောက်တိုဘာ 13, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း လိုက္နာေရးႏွင့္ ၿမိဳ႕ရြာသန္႔ရွင္းေရး လူထုအသိပညာေပး လႈပ္ရွားမႈအျဖစ္ တိုင္းရင္းသားယဥ္ေက်းမႈေကာ္မတီ(၁၀)ခုပူးေပါင္း၍ ေအာက္တိုဘာလ (၁၃) ရက္ နံနက္ပိုင္း၌ ဆိုင္ကယ္စုေပါင္းစီးနင္းျခင္းႏွင့္ သန္႔ရွင္းေရးျပဳလုပ္ၾကေၾကာင္း သိရသည္။

“အဓိကရည္ရြယ္ခ်က္ကေတာ့ လားရိႈးၿမိဳ႕မွာ ေနထိုင္တဲ့ ျပည္သူလူထုေတြကို ဒီၿမိဳ႕ရြာသန္႔ရွင္းေရးနဲ႔ ကိုယ့္ ၿမိဳ႕ရြာစိမ္းလန္းစိုေျပေရးက ေဒသခံျပည္သူေတြမွာ တာဝန္ရွိတယ္။ ဆိုင္ကယ္စီးတဲ့အခါမွာ ဦးထုပ္ေဆာင္းဖို႔ ဦးထုပ္ေဆာင္းတဲ့အခါမွာလည္း ေမးသိုင္းႀကိဳးေတြတပ္ဖို႔နဲ႔ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း လိုက္နာျခင္းျဖင့္ ကိုယ့္ရဲ့ေဒသဂုဏ္သိကၡာကိုျမႇင့္တင္ေပးတယ္ဆိုတဲ့ အသိေလးဝင္သြားေအာင္ လူထုလႈပ္ရွားမႈႏွစ္ခုကို ပူးတြဲ လုပ္ေဆာင္ ေပးတာျဖစ္ပါတယ္”ဟု လားရိႈးတကၠသိုလ္ ဒႆနိကေဗဒဌာနမွ တြဲဖက္ပါေမာကၡေဒါက္တာ မ်ိဳးသန္႔ထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၿမိဳ႕ရြာသန္႔ရွင္းေရးအသိေပးလႈ႔ံေဆာ္မႈအျဖစ္ ေဆးရံုဝန္းအတြင္း စုေပါင္းအမႈိက္ေကာက္ျခင္းအား လားရိႈးၿမိဳ႕ရွိ တအာင္း ပရဟိတအဖြဲ႔ႏွင့္ လားရိႈးတကၠသိုလ္မွ တအာင္းေက်ာင္းသူ၊ ေက်ာင္းသားမ်ား စုေပါင္းျပဳလုပ္ျခင္းျဖစ္ၿပီး ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးဌာနမွ ခြင့္ျပဳခ်က္ရယူလုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီေန႔လုပ္ေဆာင္ခ်က္ရဲ့ ဒုတိယ ကမ္ပိန္းျဖစ္တဲ့ ယာဥ္စည္းကမ္းလမ္းစည္းကမ္း လူထုအသိပညာေပး လႈပ္ရွားမႈ ကိုေတာ့ ဆိုင္ကယ္ စီးတဲ့အခါမွာ ႏွစ္ေယာက္ထက္ပိုမစီးဖို႔၊ ယာဥ္စည္းကမ္း လမ္းစည္းကမ္းေတြလိုက္နာဖို႔၊ ဆိုင္ကယ္ေမာင္းႏွင္တဲ့အခါမွာ လိုအပ္တဲ့အျမန္ႏႈန္းထက္ပိုၿပီးေတာ့ မေမာင္းၾကဖို႔ ဒါေတြလုပ္ရင္ အႏၱရာယ္ ေတြ ျဖစ္လာမယ္ဆိုတဲ့ အသိပညာေပးကို တအာင္း ေက်ာင္းသူ/သား ေတြ၊ တအာင္း ပရဟိတအဖြဲ႔၊ ကခ်င္၊ ဝ၊ ရွမ္း၊ ေျမာင္ဇီး၊ ကိုးကန္႔၊ မံုးဝန္း၊ ဗမာ၊ လားဟူ ႏွင့္ လီဆူ စသည့္ တိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႔ေတြနဲ႔ ဆိုင္ကယ္စီးဦးထုပ္ေဆာင္းကာ စုေပါင္း ဆိုင္ကယ္ စီးနင္းျခင္းလူထုလႈပ္ရွားမႈ ျပဳလုပ္တာျဖစ္ပါတယ္”ဟု လားရိႈးတကၠသိုလ္ ဒႆနိကေဗဒဌာနမွ တြဲဖက္ပါေမာကၡေဒါက္တာ မ်ိဳးသန္႔ထြန္းက ေျပာသည္။

ဒီဇင္ဘာ လူထုအားကစားလႈပ္ရွားမႈတြင္လည္း ယခုကဲ့သို႔ လူထုလႈပ္ရွားမႈလုပ္သြားရန္ စီစဥ္ေနေၾကာင္းသိရၿပီး
အဆိုပါလႈပ္ရွားမႈအား လားရိႈးၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဌာနႏွင့္ လားရိႈးယာဥ္ထိန္းရဲတပ္ဖြဲ႔တို႔မွ ပံ့ပိုးကူညီေပးခဲ့ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးတွင် ယာဉ်စည်းကမ်းလမ်းစည်းလိုက်နာရေးနှင့် မြို့ရွာသန့်ရှင်းရေး တိုင်းရင်းသားယဉ်ကျေးမှုကော်မတီ (၁၀)ခု ပုးပေါင်း၍ အသိပညာပေးလှုံ့ဆော်
**********
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေးနှင့် မြို့ရွာသန့်ရှင်းရေး လူထုအသိပညာပေး လှုပ်ရှားမှုအဖြစ် တိုင်းရင်းသားယဉ်ကျေးမှုကော်မတီ(၁၀)ခုပူးပေါင်း၍ အောက်တိုဘာလ (၁၃) ရက် နံနက်ပိုင်း၌ ဆိုင်ကယ်စုပေါင်းစီးနင်းခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ကြကြောင်း သိရသည်။

“အဓိကရည်ရွယ်ချက်ကတော့ လားရှိုးမြို့မှာ နေထိုင်တဲ့ ပြည်သူလူထုတွေကို ဒီမြို့ရွာသန့်ရှင်းရေးနဲ့ ကိုယ့် မြို့ရွာစိမ်းလန်းစိုပြေရေးက ဒေသခံပြည်သူတွေမှာ တာဝန်ရှိတယ်။ ဆိုင်ကယ်စီးတဲ့အခါမှာ ဦးထုပ်ဆောင်းဖို့ ဦးထုပ်ဆောင်းတဲ့အခါမှာလည်း မေးသိုင်းကြိုးတွေတပ်ဖို့နဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာခြင်းဖြင့် ကိုယ့်ရဲ့ဒေသဂုဏ်သိက္ခာကိုမြှင့်တင်ပေးတယ်ဆိုတဲ့ အသိလေးဝင်သွားအောင် လူထုလှုပ်ရှားမှုနှစ်ခုကို ပူးတွဲ လုပ်ဆောင် ပေးတာဖြစ်ပါတယ်”ဟု လားရှိုးတက္ကသိုလ် ဒဿနိကဗေဒဌာနမှ တွဲဖက်ပါမောက္ခဒေါက်တာ မျိုးသန့်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြို့ရွာသန့်ရှင်းရေးအသိပေးလှု့ံဆော်မှုအဖြစ် ဆေးရုံဝန်းအတွင်း စုပေါင်းအမှိုက်ကောက်ခြင်းအား လားရှိုးမြို့ရှိ တအာင်း ပရဟိတအဖွဲ့နှင့် လားရှိုးတက္ကသိုလ်မှ တအာင်းကျောင်းသူ၊ ကျောင်းသားများ စုပေါင်းပြုလုပ်ခြင်းဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးဌာနမှ ခွင့်ပြုချက်ရယူလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့လုပ်ဆောင်ချက်ရဲ့ ဒုတိယ ကမ်ပိန်းဖြစ်တဲ့ ယာဉ်စည်းကမ်းလမ်းစည်းကမ်း လူထုအသိပညာပေး လှုပ်ရှားမှု ကိုတော့ ဆိုင်ကယ် စီးတဲ့အခါမှာ နှစ်ယောက်ထက်ပိုမစီးဖို့၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေလိုက်နာဖို့၊ ဆိုင်ကယ်မောင်းနှင်တဲ့အခါမှာ လိုအပ်တဲ့အမြန်နှုန်းထက်ပိုပြီးတော့ မမောင်းကြဖို့ ဒါတွေလုပ်ရင် အန္တရာယ် တွေ ဖြစ်လာမယ်ဆိုတဲ့ အသိပညာပေးကို တအာင်း ကျောင်းသူ/သား တွေ၊ တအာင်း ပရဟိတအဖွဲ့၊ ကချင်၊ ဝ၊ ရှမ်း၊ မြောင်ဇီး၊ ကိုးကန့်၊ မုံးဝန်း၊ ဗမာ၊ လားဟူ နှင့် လီဆူ စသည့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့တွေနဲ့ ဆိုင်ကယ်စီးဦးထုပ်ဆောင်းကာ စုပေါင်း ဆိုင်ကယ် စီးနင်းခြင်းလူထုလှုပ်ရှားမှု ပြုလုပ်တာဖြစ်ပါတယ်”ဟု လားရှိုးတက္ကသိုလ် ဒဿနိကဗေဒဌာနမှ တွဲဖက်ပါမောက္ခဒေါက်တာ မျိုးသန့်ထွန်းက ပြောသည်။

ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှုတွင်လည်း ယခုကဲ့သို့ လူထုလှုပ်ရှားမှုလုပ်သွားရန် စီစဉ်နေကြောင်းသိရပြီး
အဆိုပါလှုပ်ရှားမှုအား လားရှိုးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဌာနနှင့် လားရှိုးယာဉ်ထိန်းရဲတပ်ဖွဲ့တို့မှ ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~