ေတာင္ႀကီးတန္ေဆာင္တိုင္ မီးပံုးပ်ံပြဲေတာ္ ေလလံ က်ပ္သိန္း (၂၈၀၂)ရရိွ

ေတာင္ႀကီးတန္ေဆာင္တိုင္ မီးပံုးပ်ံပြဲေတာ္ ေလလံ က်ပ္သိန္း (၂၈၀၂)ရရိွ
အောက်တိုဘာ 4, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ က်င္းပမည့္ ၂၀၁၇ ခုႏွစ္ ေတာင္ႀကီးတန္ေဆာင္တိုင္ မီးပံုးပ်ံပြဲေတာ္အား ၾကမ္းခင္းေစ်း က်ပ္သိန္း (၂၅၀၀)ျဖင့္စဖြင့္ရာ ေလလံက်ပ္သိန္း (၂၈၀၂)ျဖင့္ ေအာက္တိုဘာလ (၃)ရက္ေန႔က ေလလံေအာင္သြားေၾကာင္း သိရသည္။

“စည္းကမ္းခ်က္ေတြကေတာ့ အရင္ႏွစ္နဲ႔ နည္းနည္းပါးပါးပဲ ျပဳျပင္ပါတယ္။ အဓိက ကေတာ့ အႏၱရာယ္ကင္းကင္းနဲ႕ က်င္းပႏိုင္ဖို႕ အတြက္ပါပဲ။ ပ်ံက်ေစ်းသည္ေတြ အတြက္ကိုလည္း စည္းကမ္းတက်နဲ႔ ထားရွိဖို႔၊ သူတို႔ သတ္မွတ္ထားတဲ့ ေနရာမွာေရာင္း ခ်နိုင္ဖို႔အတြက္ကို စီစဥ္ခိုင္းထားပါတယ္။ မႏွစ္ကေလာက္ေတာ့ ဒီႏွစ္ကမရူပ္ဘူး။ အဆင္ေျပေျပနဲ႔ ေလလံ ကိစၥၿပီးသြားပါတယ္။ ေလလံလာတင္တဲ့သူက တျခားၿမိဳ႕ေတြကလည္းပါတယ္။ ေလွ်ာက္လႊာ၀ယ္တာက (၁၇) ေယာက္ ရွိပါတယ္။ တင္သြင္းတာက (၁၄) ေယာက္ပါ။ လာတက္ေရာက္တာက (၁၁) ေယာက္ပါ။ (၁၁) ေယာက္ထဲမွာမွ ၾကမ္းခင္းေစ်း က်ပ္သိန္း (၂၅၀၀) သတ္မွတ္တာထက္ ပိုေပးနိုင္တာ (၆) ေယာက္ပါ။ (၆) ေယာက္ထဲကေနၿပိဳင္တာ (၂၈၀၂)သိန္းနဲ႔ အမ်ားဆံုး ေပးနိုင္တဲ့သူ ရရိွသြားပါတယ္”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႔ဝင္ ဘ႑ာေရး၀န္ႀကီး ဦးစိုင္းရွဲန္တစ္လံုက တာခ်ီလိတ္သတင္းေအဂ်င္စီသို႕ ေျပာသည္။

ေတာင္ႀကီးၿမိဳ႕မွ ေဒၚစန္းစန္းျမင့္က ေလလံေၾကးအျမင့္ဆံုးျဖင့္ လုပ္ကိုင္ခြင့္ရရိွသြားျခင္းျဖစ္ေၾကာင္း သိရသည္။

တန္ေဆာင္တုိင္ပြဲေတာ္အား ေအာက္တိုဘာလ (၂၇)ရက္ေန႔မွ ႏုိဝင္ဘာလ (၃)ရက္ေန႔အထိ က်င္းပမည္ျဖစ္ၿပီး ႏိုဝင္ဘာလ (၄)ရက္ေန႔တြင္ ဆုေပးပြဲက်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

မီးပံုးပ်ံပြဲေတာ္က်င္းပခြင့္တင္ဒါမွ ရရွိေသာေငြေၾကးျဖင့္ ပြဲက်င္းပေရးေကာ္မတီဘဏ္အေကာင့္မွတစ္ဆင့္ ပြဲက်င္းပေရးႏွင့္ ဆုမ်ားခ်ီးျမွင့္ေပးရန္၊ အေထြေထြ စရိတ္မ်ား ျပန္လည္အသံုးျပဳသြားမည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ဘ႑ာေရး၀န္ႀကီး ထံမွသိရသည္။

၂၀၁၆ ခုႏွစ္ တန္ေဆာင္တိုင္မီးပံုးပ်ံပြဲေတာ္ ေလလံတြင္ ၾကမ္းခမ္းေစ်း က်ပ္သိန္း (၂၅၀၀)မွ က်ပ္သိန္း (၂၀၀၀)အထိ ေလွ်ာ့ခ်သတ္မွတ္ေပးခဲ့ရၿပီး က်ပ္သိန္း (၂၀၁၀)ျဖင့္ ေလလံရရိွခဲ့ျခင္းျဖစ္သည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ကျင်းပမည့် ၂၀၁၇ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်အား ကြမ်းခင်းဈေး ကျပ်သိန်း (၂၅၀၀)ဖြင့်စဖွင့်ရာ လေလံကျပ်သိန်း (၂၈၀၂)ဖြင့် အောက်တိုဘာလ (၃)ရက်နေ့က လေလံအောင်သွားကြောင်း သိရသည်။

“စည်းကမ်းချက်တွေကတော့ အရင်နှစ်နဲ့ နည်းနည်းပါးပါးပဲ ပြုပြင်ပါတယ်။ အဓိက ကတော့ အန္တရာယ်ကင်းကင်းနဲ့ ကျင်းပနိုင်ဖို့ အတွက်ပါပဲ။ ပျံကျဈေးသည်တွေ အတွက်ကိုလည်း စည်းကမ်းတကျနဲ့ ထားရှိဖို့၊ သူတို့ သတ်မှတ်ထားတဲ့ နေရာမှာရောင်း ချနိုင်ဖို့အတွက်ကို စီစဉ်ခိုင်းထားပါတယ်။ မနှစ်ကလောက်တော့ ဒီနှစ်ကမရူပ်ဘူး။ အဆင်ပြေပြေနဲ့ လေလံ ကိစ္စပြီးသွားပါတယ်။ လေလံလာတင်တဲ့သူက တခြားမြို့တွေကလည်းပါတယ်။ လျှောက်လွှာဝယ်တာက (၁၇) ယောက် ရှိပါတယ်။ တင်သွင်းတာက (၁၄) ယောက်ပါ။ လာတက်ရောက်တာက (၁၁) ယောက်ပါ။ (၁၁) ယောက်ထဲမှာမှ ကြမ်းခင်းဈေး ကျပ်သိန်း (၂၅၀၀) သတ်မှတ်တာထက် ပိုပေးနိုင်တာ (၆) ယောက်ပါ။ (၆) ယောက်ထဲကနပြေိုင်တာ (၂၈၀၂)သိန်းနဲ့ အများဆုံး ပေးနိုင်တဲ့သူ ရရှိသွားပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တောင်ကြီးမြို့မှ ဒေါ်စန်းစန်းမြင့်က လေလံကြေးအမြင့်ဆုံးဖြင့် လုပ်ကိုင်ခွင့်ရရှိသွားခြင်းဖြစ်ကြောင်း သိရသည်။

တန်ဆောင်တိုင်ပွဲတော်အား အောက်တိုဘာလ (၂၇)ရက်နေ့မှ နိုဝင်ဘာလ (၃)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး နိုဝင်ဘာလ (၄)ရက်နေ့တွင် ဆုပေးပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မီးပုံးပျံပွဲတော်ကျင်းပခွင့်တင်ဒါမှ ရရှိသောငွေကြေးဖြင့် ပွဲကျင်းပရေးကော်မတီဘဏ်အကောင့်မှတစ်ဆင့် ပွဲကျင်းပရေးနှင့် ဆုများချီးမြှင့်ပေးရန်၊ အထွေထွေ စရိတ်များ ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ထံမှသိရသည်။

၂၀၁၆ ခုနှစ် တန်ဆောင်တိုင်မီးပုံးပျံပွဲတော် လေလံတွင် ကြမ်းခမ်းဈေး ကျပ်သိန်း (၂၅၀၀)မှ ကျပ်သိန်း (၂၀၀၀)အထိ လျှော့ချသတ်မှတ်ပေးခဲ့ရပြီး ကျပ်သိန်း (၂၀၁၀)ဖြင့် လေလံရရှိခဲ့ခြင်းဖြစ်သည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~