တာခ်ီလိတ္၌ က်င္းပမည့္ ရွမ္းႏွစ္သစ္ကူးပြဲေတာ္အား ႏို၀င္ဘာလ(၁၆)ရက္ေန႔တြင္ စတင္မည္

တာခ်ီလိတ္၌ က်င္းပမည့္ ရွမ္းႏွစ္သစ္ကူးပြဲေတာ္အား ႏို၀င္ဘာလ(၁၆)ရက္ေန႔တြင္ စတင္မည္
အောက်တိုဘာ 18, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္ ရွမ္းတုိင္းရင္းသားစာေပႏွင့္ယဥ္ေက်းမႈအသင္းမွ ႀကီးမွဴးကာ က်င္းပျပဳလုပ္မည့္ ရွမ္းတိုင္းရင္းသားမ်ား၏ (၂၁၁၂)ႏွစ္ေျမာက္ ရိုးရာႏွစ္သစ္ကူးပြဲေတာ္ကို တာခ်ီလိတ္တြင္ ႏုိ၀င္ဘာလ အတြင္း က်င္းပျပဳလုပ္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ႏွစ္သစ္ကူးပြဲေတာ္အား တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္ရွိ ေလယာဥ္ကြင္းအနီး ရွမ္းတုိင္းရင္းသာ းစာေပႏွင့္ယဥ္ေက်းမႈအသင္းပိုင္ ကြင္းျပင္တြင္ က်င္းပျပဳလုပ္မည္ျဖစ္ၿပီး ပြဲေတာ္ဖြင့္ပြဲအား ႏို၀င္ဘာလ(၁၆)ရက္ေန႔တြင္ ျပဳလုပ္ကာ ႏို၀င္ဘာလ(၁၈)ရက္ေန႔အထိ က်င္းပျပဳလုပ္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ပြဲက (၃)ရက္ဆိုေပမဲ့ (၁၅)ရက္ေန႔မွာ မီးစမ္းတာေတြလုပ္မွာပါ ၊ ဖြင့္ပြဲကေတာ့ (၁၆)ရက္ေန႔မွပါ၊ (၁၈)ရက္ေန႔အထိ က်င္းပျပဳလုပ္သြားမွာ ျဖစ္ပါတယ္၊ တျခားထူးထူးျခားျခား အစီအစဥ္ေတာ့ မပါ ပါဘူး" ဟု ပြဲျဖစ္ေျမာက္ေရးေကာ္မတီ အတြင္းေရးမွဴး ဦးစိုင္းေရႊထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္တြင္ က်င္းပျပဳလုပ္မည့္ ရွမ္းႏွစ္သစ္ကူးပြဲေတာ္အား စည္ကားသိုက္ၿမိဳက္စြာ က်င္းပျပဳလုပ္ႏိုင္ရန္ အတြက္ ၂၀၁၇ခုႏွစ္ ေအာက္တိုဘာလ(၁၈)ရက္ေန႔တြင္ ပြဲေတာ္ က်င္းပေရးေကာ္မတီအား ဖြဲ႔စည္းခဲ့ရာ ဥကၠဌအျဖစ္ေဒါက္တာစိုင္းမုတ္ ႏွင့္ အတြင္းေရးမွဴးအျဖစ္ ဦးစိုင္းေရႊထြန္း တို႔မွ တာ၀န္ယူၿပီး သက္ဆိုင္ရာနယ္ပယ္အသီးသီးမွ ပုဂၢိဳလ္မ်ားျဖင့္ ပူးေပါင္း ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ ရွမ္းတုိင္းရင္းသားစာေပႏွင့္ယဥ္ေက်းမႈအသင္းမွ ၿပီးခဲ့သည့္ ၂၀၁၆ခုႏွစ္က ႏွစ္သစ္ကူးပြဲေတာ္အား အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ က်င္းပျပဳလုပ္ႏိုင္ခဲ့ျခင္း မရွိေသာ္လည္း တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္ရွိ ရာဇဌာန္ေက်ာင္းတိုက္တြင္ ႏွစ္သစ္ကူးအထိမ္းအမွတ္ လွဴဒါန္းမႈမ်ားအား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ် ရှမ်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ကြီးမှူးကာ ကျင်းပပြုလုပ်မည့် ရှမ်းတိုင်းရင်းသားများ၏ (၂၁၁၂)နှစ်မြောက် ရိုးရာနှစ်သစ်ကူးပွဲတော်ကို တာချီလိတ်တွင် နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နှစ်သစ်ကူးပွဲတော်အား တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်ရှိ လေယာဉ်ကွင်းအနီး ရှမ်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းပိုင် ကွင်းပြင်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပွဲတော်ဖွင့်ပွဲအား နိုဝင်ဘာလ(၁၆)ရက်နေ့တွင် ပြုလုပ်ကာ နိုဝင်ဘာလ(၁၈)ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

"ပွဲက (၃)ရက်ဆိုပေမဲ့ (၁၅)ရက်နေ့မှာ မီးစမ်းတာတွေလုပ်မှာပါ၊ ဖွင့်ပွဲကတော့ (၁၆)ရက်နေ့မှပါ၊ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်၊ တခြားထူးထူးခြားခြား အစီအစဉ်တော့ မပါ ပါဘူး" ဟု ပွဲဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးစိုင်းရွှေထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်တွင် ကျင်းပပြုလုပ်မည့် ရှမ်းနှစ်သစ်ကူးပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရန် အတွက် ၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၈)ရက်နေ့တွင် ပွဲတော် ကျင်းပရေးကော်မတီအား ဖွဲ့စည်းခဲ့ရာ ဥက္ကဌအဖြစ်ဒေါက်တာစိုင်းမုတ် နှင့် အတွင်းရေးမှူးအဖြစ် ဦးစိုင်းရွှေထွန်း တို့မှ တာဝန်ယူပြီး သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ် ရှမ်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ပြီးခဲ့သည့် ၂၀၁၆ခုနှစ်က နှစ်သစ်ကူးပွဲတော်အား အကြောင်းအမျိုးမျိုးကြောင့် ကျင်းပပြုလုပ်နိုင်ခဲ့ခြင်း မရှိသော်လည်း တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်ရှိ ရာဇဌာန်ကျောင်းတိုက်တွင် နှစ်သစ်ကူးအထိမ်းအမှတ် လှူဒါန်းမှုများအား ပြုလုပ်ခဲ့ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~