မကွေးရဲအချုပ်ခန်းအား ဖောက်ထွင်းထွက်ပြေးသူ အချုပ်သား(၆)ဦးအနက် တစ်ဦးကို ထပ်မံ ဖမ်းဆီးရမိ

မကွေးရဲအချုပ်ခန်းအား ဖောက်ထွင်းထွက်ပြေးသူ အချုပ်သား(၆)ဦးအနက် တစ်ဦးကို ထပ်မံ ဖမ်းဆီးရမိ
အောက်တိုဘာ 13, 2017
By Tachileik News Agency


“ထွက်ပြေး လွတ်မြောက်သွားတဲ့ အချုပ်သားတွေကို ပြန်လည် ဖမ်းဆီးရမိဖို့အတွက် အပူတပြင်း ဆောင်ရွက်နေကြတာပါ။ အခုလည်း စုံစမ်းရရှိတဲ့ သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးအဖွဲ့က သွားရောက် ဖမ်းဆီးနိုင်ခဲ့တာပါ” ဟု ရဲတပ်ကြပ်ဇော်မင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။


ထွက်ပြေး လွတ်မြောက်သွားသူများ အနက် ပုဒ်မ ၃၇၆/၃၆၃/၁၁၄ တို့ဖြင့် အမှုရင်ဆိုင်နေရသည့် သိန်းမင်းထိုက်ကို ထွက်ပြေးသွားသည့် အောက်တိုဘာ(၁၁)ရက်နေ့ညပိုင်းတွင်  ပြန်လည်ဖမ်းဆီးရမိခဲ့ပြီုး စိုင်းသီဟအား ဒုတိယမြောက် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မကွေးမြို့မရဲအချုပ်ခန်း အမှတ်(၆)မှ မူး/စိတ် ပုဒ်မ ၁၅/၁၉ (က)/၂၁ ဖြင့် အမှုရင်ဆိုင်နေရသူ ဘိုဘိုထက်၊ ပုဒ်မ ၃၆၃/၃၇၆ ဖြင့် အမှုရင်ဆိုင်နေရသူ စိုင်းသီဟ၊ ပုဒ်မ ၃၇၆ ဖြင့် အမှုရင်ဆိုင်နေရသူ ချစ်ကိုကို၊ ပုဒ်မ ၃၇၆/၃၆၃/၁၁၄ တို့ဖြင့် အမှုရင်ဆိုင်နေကြရသည့် အောင်ဇော်လင်းနှင့် သိန်းမင်းထိုက်၊ ပုဒ်မ ၃၈၀ ဖြင့် အမှုရင်ဆိုင်နေရသူ ခိုင်စိုးတို့ (၆)ဦးသည် အောက်တိုဘာ(၁၁)ရက် နံနက်ပိုင်းက အချုပ်ခန်း သံတိုင်(၅)တိုင်ကိုဖြတ်၍ အပြင်မှ သံဇကာနှင့် သံဆူးကြိုးတို့အား ဖောက်ကာ မိလ္လာအမိုးမှ တစ်ဆင့် ထွက်ပြေးခဲကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးမြို့မရဲစခန်း အချုပ်ခန်းအား ဖောက်ပြေးသူအချုပ်သား(၆)ဦးအနက်မှ တစ်ဦးကို အောက်တိုဘာ (၁၃)ရက်နေ့တွင် ထပ်မံ ဖမ်းဆီးရမိထားပြီး လွတ်မြောက်နေဆဲ ကျန်(၄)ဦးအား ဖမ်းဆီးရမိရန် ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။

“ထွက်ပြေး လွတ်မြောက်သွားတဲ့ အချုပ်သားတွေကို ပြန်လည် ဖမ်းဆီးရမိဖို့အတွက် အပူတပြင်း ဆောင်ရွက်နကြေတာပါ။ အခုလည်း စုံစမ်းရရှိတဲ့ သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးအဖွဲ့က သွားရောက် ဖမ်းဆီးနိုင်ခဲ့တာပါ” ဟု ရဲတပ်ကြပ်ဇော်မင်းအောင်က တာချီလိ်တ်သတင်းအေဂျင်စီသို့ ပြောသည်။

ထွက်ပြေးလွတ်မြောက်သွားသူ(၆)ဦးအနက်မှ ပုဒ်မ ၃၆၃/၃၇၆ ဖြင့် အမှုရင်ဆိုင်နေသူ စိုင်းသီဟအား ကွမ်းအုံကျေးရွာနှင့် တောင်တွင်းမိကျောင်းရဲ ကားလမ်းဆုံ မိုင်တိုင်အမှတ်(၆)တွင် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးငွေတင် ဦးစီးသည့် ရဲတပ်ဖွဲ့ဝင် အင်အား (၃၀) ဖြင့် ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထွက်ပြေး လွတ်မြောက်သွားသူများ အနက် ပုဒ်မ ၃၇၆/၃၆၃/၁၁၄ တို့ဖြင့် အမှုရင်ဆိုင်နေရသည့် သိန်းမင်းထိုက်ကို ထွက်ပြေးသွားသည့် အောက်တိုဘာ(၁၁)ရက်နေ့ညပိုင်းတွင် ပြန်လည်ဖမ်းဆီးရမိခဲ့ပြီးု စိုင်းသီဟအား ဒုတိယမြောက် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မကွေးမြို့မရဲအချုပ်ခန်း အမှတ်(၆)မှ မူး/စိတ် ပုဒ်မ ၁၅/၁၉ (က)/၂၁ ဖြင့် အမှုရင်ဆိုင်နေရသူ ဘိုဘိုထက်၊ ပုဒ်မ ၃၆၃/၃၇၆ ဖြင့် အမှုရင်ဆိုင်နေရသူ စိုင်းသီဟ၊ ပုဒ်မ ၃၇၆ ဖြင့် အမှုရင်ဆိုင်နေရသူ ချစ်ကိုကို၊ ပုဒ်မ ၃၇၆/၃၆၃/၁၁၄ တို့ဖြင့် အမှုရင်ဆိုင်နကြေရသည့် အောင်ဇော်လင်းနှင့် သိန်းမင်းထိုက်၊ ပုဒ်မ ၃၈၀ ဖြင့် အမှုရင်ဆိုင်နေရသူ ခိုင်စိုးတို့ (၆)ဦးသည် အောက်တိုဘာ(၁၁)ရက် နံနက်ပိုင်းက အချုပ်ခန်း သံတိုင်(၅)တိုင်ကိုဖြတ်၍ အပြင်မှ သံဇကာနှင့် သံဆူးကြိုးတို့အား ဖောက်ကာ မိလ္လာအမိုးမှ တစ်ဆင့် ထွက်ပြေးခဲကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~