ေက်ာက္မဲၿမိဳ႕တြင္ တအာန္းႏွင့္ရွမ္းလူငယ္မ်ားအဖြဲ႕မ်ားပူးေပါင္း၍ ႏုိင္ငံတကာၿငိမ္းခ်မ္းေရးေန႔အခမ္းအနား က်င္းပ

ေက်ာက္မဲၿမိဳ႕တြင္ တအာန္းႏွင့္ရွမ္းလူငယ္မ်ားအဖြဲ႕မ်ားပူးေပါင္း၍ ႏုိင္ငံတကာၿငိမ္းခ်မ္းေရးေန႔အခမ္းအနား က်င္းပ
စက်တင်ဘာ 21, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္ တအာန္းေက်ာင္းသားႏွင့္ လူငယ္မ်ားအဖြဲ႔၊ ၿမိဳ႕နယ္အတြင္းရွိ ရွမ္းလူမႈအဖြဲ႔အစည္းမ်ားပူးေပါင္း၍ ႏိုင္ငံတကာၿငိမ္းခ်မ္းေရးေန႔ အခမ္းအနားအား စက္တင္ဘာလ (၂၁)ရက္ေန႔ နံနက္ (၉)နာရီမွ ညေန(၆)နာရီအထိ ပထမဦးဆံုးအႀကိမ္ က်င္းပျပဳလုပ္ ေနလ်က္ရွိေၾကာင္း သိရသည္။

“တအာန္းလူငယ္ေတြနဲ႔ ရွမ္းလူငယ္ေတြပူးေပါင္းၿပီး ၿငိမ္းခ်မ္းေရးႀကိဳးပမ္းတဲ့ေနရာမွာ က်န္တဲ့ ကိစၥေတြမွာလည္း အမ်ားႀကီးပူးေပါင္းၿပီးလုပ္ခဲ့တာေတြ ရွိပါတယ္။ ႏိုင္ငံတကာၿငိမ္းခ်မ္းေရးေန႔ အထိမ္းအမွတ္အျဖစ္ ပူးေပါင္း လုပ္ေဆာင္တာကေတာ့ ဒါကပထမဦးဆံုးအႀကိမ္ျဖစ္ပါတယ္။ ဒါကိုလုပ္ရတဲ့ အဓိက ရည္ရြယ္ခ်က္ကေတာ့ အခု ရွမ္း/ေျမာက္မွာပဲျဖစ္ျဖစ္ တစ္ျပည္လံုးမွာပဲျဖစ္ျဖစ္ ျဖစ္ေနၾကတဲ့ တိုက္ပြဲေတြ၊ ပဋိပကၡေတြျပင္းထန္လာတာနဲ႔ အမွွ်လူထုေတြၾကားမွာ အထင္လြဲမွားမႈေတြ ယံုၾကည္မႈ ပ်က္ျပားလာတာေတြ မျဖစ္ေအာင္ ႀကိဳတင္ကာကြယ္ တားဆီးတဲ့အေနနဲ႔ ပူးေပါင္း လုပ္ေဆာင္တာ ျဖစ္ပါတယ္”ဟု တအာန္းေက်ာင္းသားႏွင့္လူငယ္မ်ားအဖြဲ႔ ( TSYA )မွ အေထြေထြ အတြင္းေရးမွဴး မိုင္းဆိုင္းရပ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ အတြက္ လူထုအားလံုးပါဝင္ေဆာင္ရြက္လာေစရန္ႏွင့္ ကမၻာ့ၿငိမ္းခ်မ္းေရး အထိမ္းအမွတ္ေန႔အား လူထုအတြင္း က်ယ္က်ယ္ ပ်ံ႕ပ်ံ႕သိရွိလာေစရန္ ရည္ရြယ္၍ လုပ္ေဆာင္ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ကမၻာ့ၿငိမ္းခ်မ္းေရးေန႔ အခမ္းအနားကို အခုလို လူငယ္အဖြဲ႔ေတြပူးေပါင္းလုပ္ေဆာင္တာျဖစ္တဲ့အတြက္ အနည္းဆံုးေတာ့ လူငယ္ေတြ ပူးေပါင္းလုပ္ကိုင္တတ္တဲ့ အေလ့အက်င့္ရမယ္။ ၿပီးေတာ့ လတ္တေလာ လူမႈကြန္ရက္ေတြမွာ အမုန္းစကားေတြနဲ႔ အခ်င္းခ်င္းတိုက္ခိုက္ ေျပာဆိုေနၾကတာေတြလည္း ေလ်ာ့က်သြားမယ္လို႔ ထင္ပါတယ္”ဟု အခမ္းအနားသို႔တက္ေရာက္လာသည့္ ရွမ္းလူငယ္ အမ်ိဳးသမီးတစ္ဦးက ေျပာသည္။

တအာန္းေက်ာင္းသားႏွင့္လူငယ္မ်ားအဖြဲ႔၊ တအာန္းအမ်ိဳးသမီးအဖြဲ႔ႏွင့္ ရွမ္းလူငယ္အဖြဲ႔တို႔ ပူးေပါင္း က်င္းပသည့္ အဆိုပါအခမ္းအနားသို႔ တက္ေရာက္ရန္ သံဃာေတာ္မ်ား၊ ေက်ာက္မဲၿမိဳ႕ရွိ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ ေက်ာက္မဲၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ ေဒသခံမ်ားအပါအဝင္ လူဦးေရ (၄၀၀) ခန္႔အား ဖိတ္ၾကားထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် တအာန်းကျောင်းသားနှင့် လူငယ်များအဖွဲ့၊ မြို့နယ်အတွင်းရှိ ရှမ်းလူမှုအဖွဲ့အစည်းများပူးပေါင်း၍ နိုင်ငံတကာငြိမ်းချမ်းရေးနေ့ အခမ်းအနားအား စက်တင်ဘာလ (၂၁)ရက်နေ့ နံနက် (၉)နာရီမှ ညနေ(၆)နာရီအထိ ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ် နေလျက်ရှိကြောင်း သိရသည်။

“တအာန်းလူငယ်တွေနဲ့ ရှမ်းလူငယ်တွေပူးပေါင်းပြီး ငြိမ်းချမ်းရေးကြိုးပမ်းတဲ့နေရာမှာ ကျန်တဲ့ ကိစ္စတွေမှာလည်း အများကြီးပူးပေါင်းပြီးလုပ်ခဲ့တာတွေ ရှိပါတယ်။ နိုင်ငံတကာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပူးပေါင်း လုပ်ဆောင်တာကတော့ ဒါကပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။ ဒါကိုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ အခု ရှမ်း/မြောက်မှာပဲဖြစ်ဖြစ် တစ်ပြည်လုံးမှာပဲဖြစ်ဖြစ် ဖြစ်နကြေတဲ့ တိုက်ပွဲတွေ၊ ပဋိပက္ခတွပြေင်းထန်လာတာနဲ့ အမျှလူထုတွကြေားမှာ အထင်လွဲမှားမှုတွေ ယုံကြည်မှု ပျက်ပြားလာတာတွေ မဖြစ်အောင် ကြိုတင်ကာကွယ် တားဆီးတဲ့အနေနဲ့ ပူးပေါင်း လုပ်ဆောင်တာ ဖြစ်ပါတယ်”ဟု တအာန်းကျောင်းသားနှင့်လူငယ်များအဖွဲ့ ( TSYA )မှ အထွေထွေ အတွင်းရေးမှူး မိုင်းဆိုင်းရပ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ် အတွက် လူထုအားလုံးပါဝင်ဆောင်ရွက်လာစေရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး အထိမ်းအမှတ်နေ့အား လူထုအတွင်း ကျယ်ကျယ် ပျံ့ပျံ့သိရှိလာစေရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

“ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို အခုလို လူငယ်အဖွဲ့တွေပူးပေါင်းလုပ်ဆောင်တာဖြစ်တဲ့အတွက် အနည်းဆုံးတော့ လူငယ်တွေ ပူးပေါင်းလုပ်ကိုင်တတ်တဲ့ အလေ့အကျင့်ရမယ်။ ပြီးတော့ လတ်တလော လူမှုကွန်ရက်တွေမှာ အမုန်းစကားတွေနဲ့ အချင်းချင်းတိုက်ခိုက် ပြောဆိုနကြေတာတွေလည်း လျော့ကျသွားမယ်လို့ ထင်ပါတယ်”ဟု အခမ်းအနားသို့တက်ရောက်လာသည့် ရှမ်းလူငယ် အမျိုးသမီးတစ်ဦးက ပြောသည်။

တအာန်းကျောင်းသားနှင့်လူငယ်များအဖွဲ့၊ တအာန်းအမျိုးသမီးအဖွဲ့နှင့် ရှမ်းလူငယ်အဖွဲ့တို့ ပူးပေါင်း ကျင်းပသည့် အဆိုပါအခမ်းအနားသို့ တက်ရောက်ရန် သံဃာတော်များ၊ ကျောက်မဲမြို့ရှိ မြို့မိမြို့ဖများ၊ ကျောက်မဲမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသခံများအပါအဝင် လူဦးရေ (၄၀၀) ခန့်အား ဖိတ်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~