ေတာင္ႀကီးၿမိဳ႕တြင္ ေစ်းကြက္မွအသားမ်ားေရြးခ်ယ္ဝယ္ယူျခင္းႏွင့္ပတ္သက္၍ စားသံုးသူအသိပညာေပးလုပ္ေဆာင္ေန

ေတာင္ႀကီးၿမိဳ႕တြင္ ေစ်းကြက္မွအသားမ်ားေရြးခ်ယ္ဝယ္ယူျခင္းႏွင့္ပတ္သက္၍ စားသံုးသူအသိပညာေပးလုပ္ေဆာင္ေန
စက်တင်ဘာ 25, 2017
By 🌸
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ စားသံုးသူအခြင့္အေရးကာကြယ္ျမႇင့္တင္ေရး ေဆာင္ရြက္မႈအျဖစ္ ေစ်းကြက္မွ အသားမ်ားေရြးခ်ယ္ဝယ္ယူျခင္းႏွင့္ပတ္သက္၍ စားသံုးသူအသိပညာေပးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း ကုသေရးႏွင့္ ေမြးျမဴေရးဦးစီးဌာနထံမွ သိရသည္။

“စည္ပင္သာယာကေနသတ္မွတ္ထားတဲ့ ေစ်းမွန္သမွ်မွာရွိတဲ့ အသားေတြက အမ်ားျပည္သူ စားသံုးနိုင္ရန္ သင့္ပါတယ္။ ကၽြန္ေတာ္တို႔ ေန႕စဥ္နဲ႕အမွ် စစ္ေဆးၿပီးမွေရာင္းခ်တာျဖစ္ပါတယ္။ ဥပမာ ဝက္သားဆိုရင္ ၀က္ဒိုင္သားသတ္ခြင့္ရထားတဲ့သူကေနတစ္ဆင့္ ေစ်းေတြပို႕မယ္။ ဒါေၾကာင့္ ေစ်းေတြမွာေရာင္းခ်ေနတဲ႕ အသားေတြက စားသံုးရန္သင့္ေၾကာင္းအာမခံပါတယ္။ ကၽြန္ေတာ္တို႔ ဌာန နဲ႔ စည္ပင္၊ က်န္းမာေရးဦးစီးဌာနေတြနဲ႕ပူးေပါင္းၿပီး ေန႔စဥ္ စစ္ေဆးၿပီးမွ ေရာင္းတဲ့အသားေတြျဖစ္ပါတယ္။ စားသံုးရန္မသင့္ဘူးဆိုရင္လည္း ကၽြန္ေတာ္တို႕တရား၀င္ ေၾကညာခ်က္ ေတြနဲ႕ ထုတ္ျပန္ေၾကညာေပးသြားမွာပါ။ အခုေနာက္ပိုင္း လက္လွမ္းမီသေလာက္ ေဟာေျပာပြဲ၊ အသိပညာေပးပြဲေတြလည္း လုပ္ေပးေနပါတယ္” ဟု ေတာင္ႀကီးၿမိဳ႕နယ္ ကုသေရးႏွင့္ ေမြးျမဴေရးဦးစီးဌာနမွ ဒုတိယဦးစီးမွဴး ေဒါက္တာအမ္ေဇာ္မိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အသားထုတ္လုပ္ခြင့္လိုင္စင္ျဖင့္ လုပ္ကိုင္သူမ်ားအေနျဖင့္ စားသံုးသူအခြင့္အေရး ကာကြယ္ထားသည့္ သတ္မွတ္စည္းကမ္းမ်ားကို လိုက္နာရသည့္အျပင္ ေန႔စဥ္ထုတ္လုပ္သည့္ အသားမ်ားကိုလည္း ဌာန(၃)ခုက အၿမဲတမ္းစစ္ေဆးၿပီးမွသာ စည္ပင္သာယာေစ်းမ်ားတြင္ ေရာင္းခ်ခြင့္ရိွေၾကာင္း သိရသည္။

“ၾကက္သားဆိုရင္လည္း ၾကက္ေမြးျမဴေရးျခံေတြကို ကၽြန္ေတာ္တို႔ဌာနကေန ဆရာ၀န္ေတြ၊ အထူးကုဆရာ၀န္ေတြနဲ႔ အပတ္စဥ္ စစ္ေဆးမႈေတြျပဳလုပ္ပါတယ္။ ေမွာင္ခိုေရာင္းေနတဲ့ အသားသည္ေတြကိုေတာ့ ပူးေပါင္းေရးအဖြဲ႕ေတြနဲ႕ စစ္ေဆးအေရးယူမႈေတြကို စည္ပင္ဌာနက ျပဳလုပ္ေပးပါတယ္”ဟု ေတာင္ႀကီးၿမိဳ႕နယ္ ကုသေရးႏွင့္ ေမြးျမဴေရး ဦးစီးဌာနမွ ဒုတိယဦးစီးမွဴး ေဒါက္တာအမ္ေဇာ္မိုင္က ေျပာသည္။

အသားေစ်းကြက္တြင္ ၿမိဳ႕နယ္အလိုက္ စည္ပင္သာယာဦးစီးဌာနမွ ခြင့္ျပဳေပးထားသည့္ သားသတ္လုပ္ငန္းမ်ားမွ ထုတ္လုပ္မႈမ်ားအျပင္ လိုင္စင္မရိွဘဲ ထုတ္လုပ္သည့္အသားမ်ား၊ ျပည္ပမွ တရားမဝင္တင္သြင္းသည့္အသားမ်ားလည္း ရိွေနသည့္အတြက္ စားသံုးသူအသိပညာေပးလုပ္ငန္းမ်ား လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓာတ္ပံု #ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် စားသုံးသူအခွင့်အရေးကာကွယ်မြှင့်တင်ရေး ဆောင်ရွက်မှုအဖြစ် ဈေးကွက်မှ အသားများရွေးချယ်ဝယ်ယူခြင်းနှင့်ပတ်သက်၍ စားသုံးသူအသိပညာပေးမှုများ လုပ်ဆောင်နေကြောင်း ကုသရေးနှင့် မွေးမြူရေးဦးစီးဌာနထံမှ သိရသည်။

“စည်ပင်သာယာကနေသတ်မှတ်ထားတဲ့ ဈေးမှန်သမျှမှာရှိတဲ့ အသားတွေက အများပြည်သူ စားသုံးနိုင်ရန် သင့်ပါတယ်။ ကျွန်တော်တို့ နေ့စဉ်နဲ့အမျှ စစ်ဆေးပြီးမှရောင်းချတာဖြစ်ပါတယ်။ ဥပမာ ဝက်သားဆိုရင် ဝက်ဒိုင်သားသတ်ခွင့်ရထားတဲ့သူကနေတစ်ဆင့် ဈေးတွေပို့မယ်။ ဒါကြောင့် ဈေးတွေမှာရောင်းချနေတဲ့ အသားတွေက စားသုံးရန်သင့်ကြောင်းအာမခံပါတယ်။ ကျွန်တော်တို့ ဌာန နဲ့ စည်ပင်၊ ကျန်းမာရေးဦးစီးဌာနတွေနဲ့ပူးပေါင်းပြီး နေ့စဉ် စစ်ဆေးပြီးမှ ရောင်းတဲ့အသားတွဖြေစ်ပါတယ်။ စားသုံးရန်မသင့်ဘူးဆိုရင်လည်း ကျွန်တော်တို့တရားဝင် ကြေညာချက် တွေနဲ့ ထုတ်ပြန်ကြေညာပေးသွားမှာပါ။ အခုနောက်ပိုင်း လက်လှမ်းမီသလောက် ဟောပြောပွဲ၊ အသိပညာပေးပွဲတွေလည်း လုပ်ပေးနေပါတယ်” ဟု တောင်ကြီးမြို့နယ် ကုသရေးနှင့် မွေးမြူရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာအမ်ဇော်မိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အသားထုတ်လုပ်ခွင့်လိုင်စင်ဖြင့် လုပ်ကိုင်သူများအနဖြေင့် စားသုံးသူအခွင့်အရေး ကာကွယ်ထားသည့် သတ်မှတ်စည်းကမ်းများကို လိုက်နာရသည့်အပြင် နေ့စဉ်ထုတ်လုပ်သည့် အသားများကိုလည်း ဌာန(၃)ခုက အမြဲတမ်းစစ်ဆေးပြီးမှသာ စည်ပင်သာယာဈေးများတွင် ရောင်းချခွင့်ရှိကြောင်း သိရသည်။

“ကြက်သားဆိုရင်လည်း ကြက်မွေးမြူရေးခြံတွေကို ကျွန်တော်တို့ဌာနကနေ ဆရာဝန်တွေ၊ အထူးကုဆရာဝန်တွေနဲ့ အပတ်စဉ် စစ်ဆေးမှုတွပြေုလုပ်ပါတယ်။ မှောင်ခိုရောင်းနေတဲ့ အသားသည်တွေကိုတော့ ပူးပေါင်းရေးအဖွဲ့တွေနဲ့ စစ်ဆေးအရေးယူမှုတွေကို စည်ပင်ဌာနက ပြုလုပ်ပေးပါတယ်”ဟု တောင်ကြီးမြို့နယ် ကုသရေးနှင့် မွေးမြူရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာအမ်ဇော်မိုင်က ပြောသည်။

အသားဈေးကွက်တွင် မြို့နယ်အလိုက် စည်ပင်သာယာဦးစီးဌာနမှ ခွင့်ပြုပေးထားသည့် သားသတ်လုပ်ငန်းများမှ ထုတ်လုပ်မှုများအပြင် လိုင်စင်မရှိဘဲ ထုတ်လုပ်သည့်အသားများ၊ ပြည်ပမှ တရားမဝင်တင်သွင်းသည့်အသားများလည်း ရှိနေသည့်အတွက် စားသုံးသူအသိပညာပေးလုပ်ငန်းများ လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ #နိုနို

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~