တာခ်ီလိတ္တြင္ ဆိုင္ကယ္တစ္စီး ခိုးယူလာသူဟု ယူဆရသူအား ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ ဆိုင္ကယ္တစ္စီး ခိုးယူလာသူဟု ယူဆရသူအား ဖမ္းဆီးရမိ
စက်တင်ဘာ 25, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္၊ ေဟာင္လိတ္မီးပိြဳင့္ လမ္းဆံုတြင္ စက္တင္ဘာလ (၂၅)ရက္ေန႔ ညေန (၃)နာရီခြဲခန္႔က ဆိုင္ကယ္ ခိုးယူလာသည္ဟု သံသယရိွသူအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

ေဟာင္လိတ္ရဲကင္းစခန္းမွ နယ္ထိန္း ရဲအုပ္ ခ်မ္းေျမ႕ေအာင္ႏွင့္အဖြဲ႕က  ေဟာင္လိတ္မီးပိြဳင့္လမ္းဆံု ကားလမ္းေပၚတြင္ နံပါတ္ မပါသည့္ Honda Wave I 110 ျဖဴ/ျပာ/နက္ေရာင္ ဆိုင္ကယ္ ေမာင္းႏွင္လာသည့္ လူငယ္တစ္ဦးအား မသကၤာ၍ စစ္ေဆးရာ ဆုိင္ကယ္ ခိုးယူလာသည္ဟု ယူဆရသျဖင့္ သက္ေသမ်ား ေရွ႕တြင္ ရွာေဖြပံုစံျဖင့္ သိမ္းဆည္းထားၿပီး ဆုိင္ကယ္ပိုင္ရွင္ ေပၚေပါက္ေရးအတြက္ ေဆာင္ရြက္ေနေၾကာင္းႏွင့္ ၎အား စစ္ေဆးမႈမ်ားျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။

ဆက္လက္၍ ဆိုင္ကယ္ခိုးလာသည္ဟု ယူဆရသည့္ အသက္ (၂၇)ႏွစ္အရြယ္ စိုင္းခ်စ္ခြန္ေက်ာ္အား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ (ပ)၁၉၁/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၀/က်င့္ ၅၄ အရ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်၊ ဟောင်လိတ်မီးပွိုင့် လမ်းဆုံတွင် စက်တင်ဘာလ (၂၅)ရက်နေ့ ညနေ (၃)နာရီခွဲခန့်က ဆိုင်ကယ် ခိုးယူလာသည်ဟု သံသယရှိသူအား ဖမ်းဆီးရမိကြောင်း သိရသည်။

ဟောင်လိတ်ရဲကင်းစခန်းမှ နယ်ထိန်း ရဲအုပ် ချမ်းမြေ့အောင်နှင့်အဖွဲ့က ဟောင်လိတ်မီးပွိုင့်လမ်းဆုံ ကားလမ်းပေါ်တွင် နံပါတ် မပါသည့် Honda Wave I 110 ဖြူ/ပြာ/နက်ရောင် ဆိုင်ကယ် မောင်းနှင်လာသည့် လူငယ်တစ်ဦးအား မသင်္ကာ၍ စစ်ဆေးရာ ဆိုင်ကယ် ခိုးယူလာသည်ဟု ယူဆရသဖြင့် သက်သေများ ရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းထားပြီး ဆိုင်ကယ်ပိုင်ရှင် ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်နေကြောင်းနှင့်၎င်းအား စစ်ဆေးမှုများပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ဆိုင်ကယ်ခိုးလာသည်ဟု ယူဆရသည့် အသက် (၂၇)နှစ်အရွယ် စိုင်းချစ်ခွန်ကျော်အား တာချီလိတ်မြို့မ ရဲစခန်းတွင် (ပ)၁၉၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~